Red Guardian
ဈေးနှုန်းနဲ့ တန်ဖိုးဆိုတာ အတူတူ ပဲလို့ ယူဆလျင် ခင်ဗျားမှားသွားပြီ။
Red Guardian လက်သန့်ဆေးရည်ကို
ဈေး အသက်သာဆုံး၊ Quality အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။
Covid 19 အင်မတန်ကူးစက်ပျံ့ပွားလွယ်တဲ့ virus ဖြစ်လို့ သေသေချာချာ ပိုးသတ်နိုင်ဖို့ ဂရုစိုက်ပြီး လဲ ထုတ်လုပ်ပေးထားပါတယ်။
100ml ဘူးကို ဘူးခွံကြီးပဲ ကျတော် ၄၅၀ ပေးဝယ်ခဲ့ပြီးထုတ်ရပါတယ်။ အခုတော့ဈေးနည်းနည်းကျသွားပါတယ်။တံဆိပ်က ၁၅၀ လောက်ကျသွားတယ်။ ထုပ်ပိုးမှု တစ်ခုနဲ့တင် ၆၀၀ ကုန်သွားပါတယ်။ ဒါဟာ အလုပ်သမား စားရိတ်၊ သယ်ယူစားရိတ်မပါသေးပါဘူး။ ဈေးသက်သာစေချင်လွန်းလို့ တစ်ဗူးကို တစ်ထောင်နဲ့ ရောင်းခဲ့ပေမယ့် အလုပ်သမားစားရိတ်လေးတော့ ရမှ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဈေးမတက်ချင်သော်ငြားလည်း 100ml ကို ၁၅၀၀ ဖြင့် ရောင်းချပေးလိုက်ရပါတယ်။
ပြည်ပကပဲ သွင်းသွင်း၊ ပြည်တွင်းကပဲထုတ်ထုတ်၊ ဈေးနှုန်း နဲ့ အရည်အသွေးကို စိတ်ကြိုက် ယှဉ်ကြည့်လို့ရပါတယ်။
Covid 19 ကာလ မှာ အထောက်အကူ ဖြစ်စေရန် လဲ ရည်ရွယ်ပါတယ်။
လူဆိုတာ တန်ဖိုးရှိရပါတယ်။ အခြေအနေတစ်ခုမှာ သူဟာ တိုင်းပြည်ကို ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကိုဖြစ်ဖြစ် ၊မိသားစုကိုဖြစ်ဖြစ် အသုံးဝင်မှုအပေါ် မူတည်ပြီး လူရဲ့တန်ဖိုးကို သတ်မှတ်ကြတာပါ။
Red Guardian ဟာ ဈေးနှုန်းသက်သာပေမယ့် အင်မတန် တန်ဖိုးရှိပါတယ်။
Covid-19 ကာလ လက်သန့် ဆေးရည်ကို ဘယ်လို အသုံးပြုမလဲ။ အသုံး၀င်စေမယ့် နည်းလမ်း တစ်ချို့ပါ။
Alcohol Based ဖြစ်တဲ့ လက်သန့်ဆေးရည်တွေမှာ စက္ကန့် ၂၀ ကြာရမယ်ဆိုတဲ့ ဉပဒေသက အကြုံးမ၀င်တော့ပါဘူး၊ သူဟာ အသားအရည်ပေါ်က တစ်စက်မကျန်လုံး၀ခြောက်သွေ့သွားဖို့ အတွက် ၁၀စက္ကန့် အချိန်သာယူပါတယ်။
လက်တစ်ဖက်တည်းနဲ့ ဖြန်းလို့ရတယ်။ လက်ကြိုလက်ကြား လက်ထိပ် လက်၀ါး စတာတွေကို သေသေချာချာ ခြောက်သွေ့သွားတဲ့ အထိ ပွတ်သပ် ဆေးကြောပေးရပါတယ်။
အရမ်းညစ်ပတ်နေတဲ့ လက်တွေ ၊ ဆီဂျီး ပေနေတဲ့လက်တွေကိုတော့ Alcohol based လက်သန့်ဆေးရည်တွေက( ဘယ်လောက်ကောင်းတဲ့ ပိုးသတ်ဆေးရည်ဖြစ်ဖြစ်) ပိုးသတ်ပေးနိုင်မှာ မဟုတ်တာကိုတော့ သတိထားဖို့လိုပါတယ်။ လက်မှာ ထိခိုက်ဒဏ်ရာ ရှိနေရင်လဲ ဒဏ်ရာနေရာကို ပွတ်သပ် ပတ်ဖြန်းခြင်း မပြုရပါဘူး။
ဒီအချက်တွေအပြင် နောက်ထပ်ရှိသေးတာက လက်ကို ခဏခဏ သန့်တာဟာ လည်း နောက်ဆက်တွဲတွေရှိသေးတယ်လို့ ဒေါက်တာ Carrie Kovarik, (MD, an associate professor of dermatology at the University of Pennsylvania’s Perelman School of Medicine in Philadelphia.) က ပြောပါတယ်။ လက်ကို ခဏခဏ သန့်တာဟာ မရှိမဖြစ်ဆိုပေမယ့် အရမ်းများသွားတဲ့ အခါ လက်ပေါ်မှာ နဂိုလ် ရှိနေတဲ့ ကာကွယ် ရေးစနစ်ကို လျော့ကျသွားစေနိုင်တယ်။ ဥပမာ လက်ခြောက်သွေ့လာမယ်၊ ယားယံလာမယ်၊ ပိုးမွှားဝင်ရောက်နိုင်မယ့် အက်ကွဲကြောင်းဘေးတွေဖြစ်လာမယ်။
အဲ့ဒါကြောင့် လက်ဆေးပြီးတဲ့ အခါ ဆီတစ်မျိုးမျိုး ကို လိမ်းပေးတာ ၊ မှိုင်ချာရိုက်ဇာ တစ်ခုခု သုံးပေးတာဟာ အသင့်တော်ဆုံးပါ။
တစ်ချို့လူတွေဟာ ကမ်မီကယ် ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက်လဲ chamical ပါဝင်မှုတွေကို ဖတ်ကြည့်ပြီးမှ သုံးသင့်ပါတယ်။
(ဒါက ကြော်ငြာပါ)
ဒါကြောင့် Red Guardian လက်သန့်ဆေးရည်မှာ ဒီလိုမျိုး တွေ မဖြစ်စေဖို့ အထူးဂရုစိုက်ပြီး Glycerine ပမာဏကို ထည့်သွင်းပေးထားပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ပေးထားပါတယ်။
အလက်ဂျစ်ရှိတဲ့သူတွေ အတွက် မလိုအပ်တဲ့ chamical ပစ္စည်းတွေ မပါအောင် အထူး ဂရုစိုက်ထုတ်လုပ်ပေးထားပါတယ်။
၃ နှစ် အထက်ကလေးတွေက အစ အသုံးပြုလို့ရတဲ့ ပမာဏကို တွက်ချက်ပြီး ထုတ်လုပ်ထားပါတယ်။
မျက်စိတို့ ၊ပါးစပ် တို့ကိုတော့ အထူးသတိပြုရှောင်ကျဉ်ပါ။ အဲ့ဒါတွေကိုဖြန်းလို့ရတဲ့ပအရက်ပျံ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11121