TreasureLand App

TreasureLand App

Share

23/08/2024

ငွေကျေးနဲ့ ပက်သက်ပြီး
တွေးပါ၊ ပြောပါ၊
တိုင်ပင် ဆွေးနွေးပါ။
များများရှိအောင် ကြိုးစားပါ။
Financial Freedom ရအောင် ကြိုးစားလုပ်ဆောင်ပါ။
ငွေကျေးကို Tools || Power တစ်ခုအနေနဲ့
ရှု့မြင်သုံးသပ်ပါ။
ငွေဟာ သူ့ဘာသာသူနေရင် အဖြူထည်သာဖြစ်တယ်။
- ကောင်းတာအတွက်သုံးရင် ကောင်းတာတွေ ဆပွားဖြစ်သွားနိုင်သလို
- မကောင်းတာအတွက်သုံးရင်းလည်း မကောင်းတာတွေကို
လွယ်ကူ လျင်မြန်စွာ ဖြစ်ပွားစေနိုင်ပါတယ်။
ဘုရားတည် ကျောင်းဆောက် အမျိုးသဂ်ဟာတွေကို
စောင်မ ကြည့်ရှု့နိုင်ဖို့အတွက်ဆိုရင်
ငွေဆိုတာက ရှိထားလေ ကောင်းလေဖြစ်တယ်။
ဘုရားလက်ထက်တော်က
အလှူကြီးတွေကို ပြုနိုင်သူတွေကဟာ
ရှင်ဘုရင်နဲ့ သူဌေး သူကြွယ်တွေဖြစ်တာကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။
ဘုရားဟောထားတဲ့ ရောင့်ရဲတင်းတိမ်ခြင်းဆိုတာကို
တလွဲဆံပင်ကောင်းလုပ်ပြီး တန်ဖိုးရှိတဲ့ ဘဝရဲ့ အချိန်ကောင်းတွေကို
ဖြုန်းတီးမပစ်ကြပါနဲ့ခင်ဗျ။
ဘုရားဟောတဲ့ ရောင့်ရဲတင်းတိမ်ခြင်းက သပ်သပ်
ပျင်းရိ အချိန်ဖြုန်း အနာဂါတ်အတွက် မပြင်ဆင်တာက
သပ်သပ်သာဖြစ်ပါတယ်ခင်ဗျ။
ငွေရှာတာ ပြစ်မှု မမြောက်သလို
ချမ်းသာတာကလည်း ဒုစရိုက် အကုသိုလ် မဟုတ်နေပါဘူး။
လောကီနယ်က မလွန်နိုင်သေးသ၍တော့
လူ့ဘဝ လူ့ဒုက္ခတွေကို ရင်ဆိုင်ရာမှာ
ငွေက ပိုးဆိုးပက်စက်ကို လိုအပ်တာမို့
တို့တွေ ချမ်းသာစေကြောင်း အလုပ်တွေ အလုပ်ကြစို့ရဲ့လို့
ဆန္ဒပြုရင်း -
Mr Xcode @ Tech4mm

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


38th Street
Yangon
11011