December Wine

December Wine

Share

31/12/2020
20/12/2020

DECEMBER Wine
A Special present for Christmas.
Taste of Nature
#သစ်သီးဝိုင် #ဝိုင်

Photos from December Wine's post 19/12/2020

မက်မန်းဝိုင်ဟာ သုံးစွဲတတ်လျှင် ဆေးကောင်းတစ်လက်ဖြစ်နိုင်ပါတယ်။ မက်မန်းသီးမှ ဗီတာမင်စီဓာတ်ကို များစွာထောက်ပံ့ပေးသလို အစာချေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဝိုင်ကြိုက်နှစ်သက်သူတွေအတွက်က ဗဲရီးဂွတ်ပါပေါ့နော်။ ကဲ မက်မန်းဝိုင်လေးပြုလုပ်ကြည့်ရအောင်.....

လိုအပ်တဲ့ ပစ္စည်းတွေကတော့

မက်မန်းသီး (၁) ပိသာ

သကြား (၁)ပိသာ

ရေအေး (၁) ဂါလံ

pectic အင်ဇိုင်း

ဝိုင်ပြုလုပ်ပုံပြုလုပ်နည်းကြည့်ရအောင်

- အသီးခူးဆွတ်သောအချိန်တွင် အတတ်နိုင်ဆုံး အသီးအမှည့်များ ရွေးချယ်ရန်လိုအပ်ပါသည်။ ထို့ နောက် မက်မန်းသီးများမှ အမှိုက်နှင့် ကျောက်ခဲများကို စင်ကြယ်အောင်ရေဖြင့်ဆေးကြောဖယ်ရှားပေးပါ။

- ရေဆေးပြီးတဲ့ မက်မန်းသီး (၁) ပိသာကို အိုးထဲသို့ထည့်ပါ။ ရေ (၁) ဂါလံကိုထည့်၍ မီးဖိုပေါ်တင်ပေးပါ။

- ရေဆူလာသည်အထိတည်ထားပြီး မက်မန်းသီးများပျော့သွားသည်အထိ ထားပါ။ မက်မန်းသီးများခပ်ပျော့ပျော့ အနေအထားရောက်လျှင် မီးဖိုမှချပါ။ မက်မန်းသီးများကို ပိတ်ပါးစထဲထည့်၍ အရည်များစစ်ထုတ်ထားပါ။ မက်မန်းသီးအဖတ်များကိုတော့ မက်မန်းယိုထိုးဖို့အတွက် ချန်ထားနိုင်ပါတယ်။

- စစ်ထုတ်ထားသော မက်မန်းရည်ထဲကို သကြား (၁) ပိဿာ ထည့်ပြီး သကြားပျော်သည်အထိ မွှေပေးရပါမယ်။

- မက်မန်းသီးအရည်များအေးပြီး သကြားများအရည်ပျော်လာသောအခါတွင် pectic အင်ဇိုင်းကို အနည်းငယ်ထည့်ပြီး မွှေပေးရပါမယ်။

- ပြီးရင်တော့ မက်မန်းရည်များကို ခြောက်သွေ့ပြီး သန့်စင်တဲ့ ဗူး၊ ပုလင်း ထဲသို့ထည့်ပြီး အနွေးဓာတ်ရှိတဲ့အခန်းမှာ ထားရပါမယ်။ အနွေးဓာတ်ရှိသော အခန်းမှာထားပေးခြင်းဟာ ကစော်ဖောက်ခြင်းဖြစ်စဉ်ကို တွန်းအားပေးပါတယ်။

- ကစော်ဖောက်ခြင်းဖြစ်စဉ်အတွင်း လိုအပ်မယ်ဆိုလျှင် သကြားကို ထမင်းစားဇွန်း (၁-၂) ဇွန်း ထည့်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

- သကြားထည့်တဲ့ဇွန်းက သန့်ရှင်းနေရပါမယ်။ သကြားကို ထမင်းစားဇွန်း (၁-၂)ဇွန်းထည့်ပေးတာမျိုးကို (၁-၂) ကြိမ်လောက် ပြုလုပ်ပေးခြင်းဟာ ဝိုင်ရဲ့အရသာကို ကောင်းမွန်စေမှာပါ။ ပြီးရင် ပုလင်းကို လုံအောင်ပြန်ဖုံးထားရမှာဖြစ်ပါတယ်။

(၆-၇) လ လောက်ထားပြီးတဲ့အခါမှာတော့ အရသာကောင်းမွန်တဲ့ မက်မန်းဝိုင်တစ်ပုလင်းကို စတင်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

Credit
ဇွန်ပွင့်ဖြူ
Greenovator
#သစ်သီးဝိုင် #ဝိုင်

Photos from December Wine's post 18/12/2020

December Wine
သဘာဝ သစ်သီးဝိုင် ကို အရသာခံ သောက်ချင်သူတွေအတွက် ပြင်ဦးလွင် က ရိုးရာ ဝိုင် ဖြစ်ပါတယ်။
Christmas မှာ လက်ဆောင်ပေးမလား မိသားစုပျော်ပျော်ပါးပါး သောက်မလား
ချစ်သူ တွေ Ro မလား Happy new years မှာဘော်ဒါ တွေနဲ့ ပျော်မလား
အသီးအရသာ ချိုချို လေး တွေနဲ့ သဘာဝ သစ်သီးဝိုင် အရသာ ကို အပြည့်အဝ ရရှိ စေမှာပါ
စတော်ဘယ်ရီ ဝိုင်
မက်မန်း ဝိုင်
စပျစ်ဝိုင် အရသာ သုံးမျိုး ရရှိနိုင်ပါတယ်
December wine - 8000 ks
#ဝိုင် . #သစ်သီးဝိုင်

Want your establishment to be the top-listed Bar/pub in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon