SME-Development Bank

SME-Development Bank

Share

25/06/2026

ပြည်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက်သတင်းကောင်း.....

SME-Development Bank အနေဖြင့် အသေးစား ၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဓိကဖြစ်သော ဘဏ္ဍာ‌ရေးဆိုင်ရာအထောက်အပံ့ကောင်းများကို ပေးအပ်နိုင်ရန်ရည်သန်၍ ၂၀၂၆ ခုနှစ် ၊ ဇွန်လ (၂၇) ရက် ၊ စနေနေ့ နံနက် (၁၀) နာရီအချိန်တွင် ခေတ္တရာစက်မှုဇုန်ခန်းမ ၊ အလိုတော်ပြည့်ဘုရားအနီး ၊ ခေတ္တရာစက်မှုဇုန် ၊ ပြည်မြို့ ၌ SME-Development Bank ၏ တာဝန်ရှိသူများမှ ဘဏ်၏ အပ်ငွေ ၊ ချေးငွေ နှင့် 𝐃𝐢𝐠𝐢𝐭𝐚𝐥 ဝန်ဆောင်မှု များအကြောင်းကို ရှင်းလင်းပြောကြားဆွေးနွေးပေးမည်ဖြစ်ပါသည်.....

ထို့အပြင် ကြွရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေဝန်ဆောင်မှုများ အပါအ ဝင် ဘဏ်၏ဝန်ဆောင်မှုအားလုံးကို SME-Development Bank မှ 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေ နှင့် ချေးငွေလျှောက်ထားရယူလိုပါ က မိမိတို့၏လုပ်ငန်းပိုင်းဆိုင်ရာအထောက်အထားအချက်အလက်များနှင့် ပိုင်ဆိုင်မှုဆိုင်ရာ အ ထောက်အထားအချက်အလက်များအား တပါတည်း ယူဆောင်၍ ကြွရောက်ချီးမြှင့်ပေးကြပါ ရန် ဖိတ်ကြားအပ်ပါသည်ရှင်.....

22/06/2026

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ နှင့် မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုလွယ်ကူအဆင်ပြေစွာရရှိနိုင်ရန် ရုံးချုပ်ဘဏ် (လမ်းမတော်) မှ စောင့်ကြိုလျက်ရှိပါသည်.....

မိတ်ဟောင်း ၊ မိတ်သစ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများဖြစ်သော ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း ၊ ငွေလွှဲဝန်ဆောင်မှုပြုလုပ်ခြင်းများ ၊ အပ်ငွေချေးငွေဝန်ဆောင်မှုများ နှင့် 𝐃𝐢𝐠𝐢𝐭𝐚𝐥 ဝန်ဆောင်မှုများစသည်တို့ကို အဆင်ပြေလွယ်ကူစွာရယူနိုင်ရန်အတွက် SME-Development Bank ရုံးချုပ်ဘဏ် (လမ်းမတော်) မှ နွေးထွေးပျူငှာစွာဖြင့် ဖိတ်ခေါ်ပါရစေရှင့်.....

အဆင်ပြေမြန်ဆန်ပြီး ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးမိတ်ဖက်အဖြစ် SME-Development Bank နှင့်အတူ လူကြီးမင်းတို့၏ လုပ်ငန်းတိုးတက်မှုကို အကောင်အထည်ဖော်လိုက်ပါ....

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗-𝟒𝟒𝟏 𝟐𝟎𝟐 𝟐𝟏𝟕

Website : www.smedevelopmentbank.com.mm

Photos from SME-Development Bank's post 20/06/2026

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐨𝐮𝐫 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧.....

၂၀၂၆ ခုနှစ် ၊ဇွန်လ (၂၀)ရက် ၊ စနေနေ့ တွင် 𝐋𝐨𝐭𝐭𝐞 𝐇𝐨𝐭𝐞𝐥 ၌ ကျင်းပပြုလုပ်ခဲ့သည့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬' 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐌𝐖𝐄𝐀) ၏ (၃၁) နှစ်ပြည့် နှစ်ပတ်လည်အထွေထွေအစည်းအ‌ဝေးတွင် SME-Development Bank ၏ ဥက္ကဌ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီ အား 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐮𝐫 𝐀𝐰𝐚𝐫𝐝 𝟐𝟎𝟐𝟓 ဆုချီးမြှင့်ခံရသည့်အတွက် SME-Development Bank ဝန်ထမ်းမိသားစုများမှ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း သတင်းကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ရှင်.....

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 298, Corner Of Anawrahtar Road & Wardan Street, No. 2 Quarter, Lanmadaw Township
Yangon
11131

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:00
Wednesday 09:30 - 15:00
Thursday 09:30 - 15:00
Friday 09:30 - 15:00