Areng Pui
11/11/2025
[ဒီမိုကရက်တစ် ဆိုရှယ်လစ် နှင့် ဆိုရှယ် ဒီမိုကရေစီ]
————————————————————————-
▪️နိုင်ငံရေး စနစ်တွေမှာ ဒီမိုကရက်တစ် ဆိုရှယ်လစ်နဲ့ ဆိုရှယ်ဒီမိုကရေစီ ဆိုတဲ့ အိုင်ဒီယာလော်ဂျီ (၂) ခုက ဆင်တူရိုးမားလိုဖြစ်ပေမယ့် လုပ်ဆောင်ချက်၊ ကျင့်သုံးမှုပုံစံတွေမှာ အတော်လေး ကွာခြားတာကို လေ့လာ နိုင်တာဖြစ်ပါတယ်။ အဲအတွက် ဒီ အိုင်ဒီယာလော်ဂျီ(၂) ကို နားလည်လွယ်အောင် မျှဝေပေးချင် တာဖြစ် ပါတယ်။
ဒီမိုကရက်တစ်ဆိုရှယ်လစ်(Democratic Socialism )
▪️ဒီမိုကရက်တစ်ဆိုရှယ်လစ်ဆိုတာ ဒီမို ဆိုတဲ့ ပြည်သူလူထုကို အခြေခံသဘောတရားဖြစ်ပါတယ်။ ပြည်သူ လူထုကသာ အာဏာရဲ့ ပင်ရင်းတွေဖြစ်ကြပြီး ပြည်သူလူထုက အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ်။သို့ပေမယ့် နိုင်ငံရဲ့ စီးပွားရေးအပိုင်းတွေမှာ ပုဂ္ဂိလိက ပိုင် ထက် အစိုးရပိုင် စီးပွားရေးကို ပိုအားပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဆိုလိုတာသည် အစိုးရက ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက် အစိုးရပိုင်ဟာ ပြည်သူပိုင် ဖြစ်တယ် ဆိုတဲ့ တွေးခေါ်ယူဆချက်နဲ့ အစိုးရပိုင် စီးပွားရေးကိုပို အလေးပေးတဲ့ စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး ဦးနေဝင်းတို့က ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်လ်မးစဉ်ပါတီ ဆိုပြီး အုပ်ချုပ်ခဲ့တဲ့ သမိုင်းတွေရှိ ခဲ့တာဖြစ်ပါတယ်။
ဆိုရှယ် ဒီမိုကရေစီ (Social Democracy)
▪️ဆိုရှယ်ဒီမိုကရေစီ ဆိုတာ ဒီမိုကရေစီ ဆိုရှယ်လစ် နဲ့ ဆန်းကျင်ဖက် ဖြစ်ပါတယ်။ ဆိုရှယ်ီဒီမိုကရေစီမှာဆိုရင် နိုင်ငံရဲ့ စီးပွားရေးကို Capitalism နဲ့ သွားပြီး အုပ်ချုပ်တဲ့ အစိုးရက တန်းတူအခွင့်အရေးဖြစ်အောင် စနစ် တကျ ထိန်းညှိပေးတဲ့ စနစ်ဖြစ်ပါတယ်။
▪️ပိုနားလည်လွယ်အောင်ပြောရရင် ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရကနေ တစ်ဆင့် နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လုပ်ငန်းတွေမှာ အစိုးရပိုင်တစ်ခုတည်းကို အားပြုတာမျိုး မဟုတ်ဘဲ ပုဂ္ဂလိက ပိုင်များကိုလည်း အားပေးထောက်ခံတဲ့စနစ်ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထု ကြားမှာ တန်းတူညီမျှမှုရှိနိုင်ဖို့အတွက် ပုဂ္ဂိလိက ပိုင်နဲ့ ပြည်သူလူထုကြားက ဥပဒေတွေနဲ့ စနစ်တကျ ထိန်းညှိပေးတာဖြစ်ပါတယ်။ ဆိုရှယ် ဒီမိုကရေစီ ဆိုတာ ဟာ ဒီမိုကရေစီစနစ်ထဲမှာ သာတူညီမျှမှု တန်ဖိုးကို အလေးပေးထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့ စနစ်ဖြစ်တယ်။
Areng Pui
11st November,2025
06/08/2025
▫️ကျနော် အိပ်မပျော်လို့ တွေးနေတဲ့ အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး ဒီတော်လှန်ရေး အတွင်းမှာ ကျသွားတဲ့ ကျနော့်ဘော်ဒါတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်မကောင်းစွာနဲ့ သတိရမိသွား တယ်။
▫️သူတို့တွေကို ကြည့်တဲ့အခါ ရဲဘော်၊ စစ်ဘက်တွေမှာ အားတတ်သရော့ ပါဝင် တိုက်ပွဲ ဝင်ကြတဲ့ လူငယ် တွေဖြစ်နေကြတယ်။ အဲမှာ ပြန်စဉ်းစားမိတဲ့အရာက ဒီစစ်ပွဲတွေကို ဘယ်သူတွေက ဖန်တီးတာလဲ ဆိုတဲ့ မေးခွန်းက ခေါင်းထဲပေါ်လာတယ်။
သေသချာတာ စစ်ပွဲကို ဖန်တီးကြတဲ့ သူတွေမှာ လူငယ်တွေ တစ်ယောက်မှ မပါခဲ့ကြဘူး၊ ဘွဲ့ဒီကရီတွေ အများကြီး ပွေ့ပိုက်ထားတဲ့ လူငယ်တွေ မပါနေကြဘူး၊ နိုင်ငံတကာ အကောင်းတကာ အကောင်း တက္ကသိုလ်တွေက ကျောင်းဆင်းတဲ့သူတွေ မပါလာကြဘူး၊
▫️စစ်ပွဲကို ဖန်တီးကြတဲ့ သူတွေကို ကြည့်ရင် လူကြီးတွေ၊ ပညာရှင်တွေ၊ နိုင်ငံတကာ မှာ ကျောင်းပြီးပြီး အဆင့်မြင့် ဘွဲ့ဒီကရီတွေ ပွေ့ပိုက်ထားတဲ့သူတွေ ဖြစ်နေတယ်။ ဒီနေရာမှာ စစ်ပွဲကို ဖန်တီးရတဲ့ အကြောင်းအရာ နောက်ခံတွေကို ထပ်လေ့လာရရင် အာဏာလုတာတွေ၊ လုပ်ပိုင်ခွင့်တွေအတွက်... အမျိုးအမျိုးမျိုးရှိလိမ့်မယ်၊ အဲအကြောင့်ပြချက်တွေတိုင်းကလည်း အားလုံးအတွက် ကိုယ်စီ အမှန် တရားတွေနေ ကြလိမ့်မယ်။
▫️သေချာတာသည် စစ်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူတွေထဲမှာ စစ်ပွဲကို ဖန်တီးတဲ့သူတွေ တစ်ယောက်မှ မပါနေကြဘူး။ လူကြီးတွေ ရန်ဖြစ်ရင် လူငယ်ရဲဘော်တွေ စစ်မြပြင်မှာ သေပေးရတယ်။ စစ်မြေပြင်က ရဲဘော်တွေ ရန်ဖြစ်ရင် အလွန်ဆုံး ထိုးကြိတ်တာလောက်ပဲ ရှိတယ်။ဘယ် လူကြီးကမှ သေပေးစရာမလိုဘူး၊ ဘယ်သူကမှ သေနတ်မသုံးကြဘူး၊
▫️လူကြီးတွေရန်ဖြစ်မှသာလျှင် လူငယ်တွေ ကိုင်ထားတဲ့ သေနတ်ကို အသုံးပြုပြီး အချင်းချင်း ပစ်မိန့်ပေး နေကြတာ။ အဲအတွက်ကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ က Ò Old men make war, young men fight and dieÓ ဆိုပြီး ပြောခဲ့တာ။
ကျနော် စဉ်းစားမိပါတယ်။ သူရဲကောင်းလို့ ခေါင်းစဉ် တပ်မရဘဲ အချင်းချင်းကြားက ပွတ်တိုက်မှုတွေမှာ အသက်ပေးသွားကြတဲ့ ရဲဘော်တွေ၊စစ်သားတွေရဲ့ သွေးစက်၊ ပေးဆပ်အနစ်နာခံမှုတွေကို အရမ်းအားနာမိပါတယ်။
Areng Pui
6th August,2025
27/07/2025
▪️အချင်းချင်းကြားက ပွတ်တိုက်မှုတွေမှာ
အကျိုးအမြတ်ရတဲ့ သူဆိုတာ မရှိပါဘူး၊ ပန်းတိုင်တူညီတဲ့ ခရီးသည် အချင်းချင်း ရန်ဖြစ်စကားများတာဟာ သွားနေတဲ့ ခရီးကို နှောင်းနှေးစေရုံက လွဲလို့ ဘာ အကျိုးမှ ရှိမှာ မဟုတ်ဘူး။
▪️သေချာတာသည် တစ်ဖက် ပြိုင်ဖက်က ဒီအားနည်းချက်ကို အသုံးချပြီး လက်ဦးမှု ရယူသွားနိုင်ပါတယ်။ ကြားဝင် ပို့သွင်းနိူင်ပါတယ်။
▪️အမုန်း၊အငြိုး အာကာသတွေ ပျိုးထားတာထက် သဘောထားနည်းနည်းလေးပိုကြီးပြီး ဂုဏ်ယူစရာ သမိုင်းတွေကို နောက်မျိုးဆက်သစ်တွေအတွက် ချန်ထားပေးခဲ့တာက ပိုပြီး ချစ်စရာကောင်းပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon