CHINT Yangon Engineering Service Group
21/11/2024
12/01/2024
Today stabilizer Renovation and Reinstallation
25/04/2023
#ရပ်ကွက်တွေ_မှာ_Transformer_မှ_Neutral_ကြိုး_ပြတ်ခြင်း
************************************************
Credit EI Engineering 🙏🙏🙏
မေးထားတာ Container ကား က ဓါတ်ကြိုးတွေ တိုက်ပြီး ပြတ်သွားတော့ တချို့အိမ်တွေ မှာ မီးအားတွေ များ High Voltage ဖြစ်ပြီး လျပ်စစ် ပစ္စည်းတွေ ပျက်ကုန်ကျတယ်။ အဲဒါ ဘာဖြစ်လို့လဲ ?
========================================
ဒီပို့ မှာ ဓာတ်ကြိုး ကားချိတ်လို့ အိမ်က လျှပ်စစ်ပစ္စည်းတွေ ပျက်စီးကြောင်း ပြောတာနဲ့ ဆက်စပ်လို့ မေးရတာပါ. အိမ်က ဘရိတ်ကာတွေက အားအမြင့်ကြီး ဝင်လာတာ မတားနိုင်တာလားဗျာ.
ဖြစ်နိုင်ခြေက .......
အဲဒါ ဘာဖြစ်တာလဲ ဆိုတော့ လျပ်စစ်မှာ Floating neutralလို့ခေါ်ပါတယ်။ Neutral ပျောက်သွားတာပေါ့။ အလွယ်ပြောရရင် လျပ်စစ် ပစ္စည်းတွေ က parallel အပြိုင်ပေး ရာ ကနေ Series တန်းဆက်ဖြစ်သွားတော့ Voltage တွေ က Resistance သဘောတရား အရ Voltage များတာများနဲတာနဲ Current တွေ က လဲဒီလို ဖြစ်ပြီး ပျက်စီးကုန်တာပါပဲ။
Floating neutral
( TT distribution တွင် neutral line ပြတ်တောက်ခြင်း )
**************************************************************
ကျွန်တော် တို့ အခု သုံးနေတဲ့ Transformer လိုင်း ကနေ ပေးထားတဲ့ TT power distribution system မှာ neutral လိုင်း က Reference point ဖြစ်တဲ့ earthing နဲ့ ပြတ်တောက်လို့ ရှိရင် အလွန် အန္တာရာယ် များတဲ့ အခြေ အနေတွေ ဖြစ်ပေါ်ပါတယ်။
• အိမ်သုံး လျပ်စစ် ပစ္စည်း များမှာ over voltage ကြောင့် ပျက်စီး နိုင်ပါတယ်။
• Neutral မှာလျပ်စစ် potential ဝင်ပြီး မသိလို့ ကိုင်မိရင် ဓါတ်လိုက်နိုင်ပါတယ်။
အဲဒါ ကို technical term အရ floating neutral လို့ ခေါ်ပါတယ်။
ဘာကြောင့်မို့ High voltage ဝင်ရပါသလဲ ။
အိမ်သုံး တွေမှာ phase တခုနဲ့ Neutral ဆက်ပြီး သုံးတာပါ ။ Neutral က ပြတ်သွားရင် zero reference voltage ပျောက်သွားပြီး Neutral ကြိုး က connection တခု ဖြစ်သွားပြီး တခြား phase နဲ့ ဆက်ထားတဲ့ အိမ် သုံး ပစ္စည်း နဲ့ က series ဆက် သလို ဖြစ်သွားပြီး resistance series သဘော အရ များတဲ့ voltage က များ နဲတဲ့ voltage က များ ပြီး လျပ်စစ် ပစ္စည်းတွေ ကို ပျက်စီးစေတာပါ ။
ဘာကြောင့် ပြတ် ရပါသလဲ
အဓိ ကကတော့ ပြီးစလွယ် လုပ်တတ်တဲ့ ကောင်းမွန်တဲ့ တည်ဆောက်ထားမှု မရှိတာ တွေ ကြောင့် အဖြစ်များပါတယ် ။ phase ကြိုးတွေ ပြတ်ရင် ပြသနာ မရှိပေမဲ့ neutral ကြိုး ပြတ်ရင် ပြသနာ ကြောင့် neutral ကြိုး ကို ကောင်းစွာ ထိမ်းသိမ်းရပါမယ် ။ အဓိ က အယူ အဆ အမှား ကတော့ တချို့ က neutral ကြိုး ပြတ်တာ ကို ဘာမှ မဖြစ်ဖူး ထင်တာပါပဲ ။ Neutral ကြိုး ကလဲ voltage က zero ဖြစ်နေတာကိုး။ earth ကြိုးတွေ ပြတ်ရင်လဲ ဖြစ်တယ် ဆိုတာ သတိထားရပါမယ် ။
ဘယ်လိုကာကွယ် မလဲ
#အိမ်တွေ မှာတော့ over/ under voltage protection တွေ တပ်ထားရင် safe ဖြစ်ပါတယ် ။
#နောက် တခုက RCBO တွေ တပ်ထားရင် Safe ဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ neutral ပျောက်ပြီး Current unbalance ြဖစ်သွားလို့ပါတဲ့။
တွေ ရဲ့ အထွက် မှာ protection တွေ မှာ 4 poles ELCB/RCBO တွေ တပ်ထားရင် တကယ်လို့ Neutral တပ်ထားရင် breaker ပြုတ်ပြီး safe ဖြစ်နိုင်ပါတယ် ။ ( ဒါ က နိုင်ငံ ရပ်ခြား က လျပ်စစ်ပညာရှင်တွေ ရေးထားတာပါ ) မြန်မာ နိုင်ငံ မှာတော့ တပ်ဆင်ထားခြင်း မရှိပါ ။
ကျေးဇူးတင်ပါတယ်
ပြည်သူများလျပ်စစ် အန္တာရာယ် ကင်းဝေးပါစေ
Kyaw Oo
E & I engineering
#လုပ် ငန်း ခွင် တွင် အသုံး ဝင် ၍ အား လုံး အ ဆင် ပြေ ချော မွေ့ ကြ ပါ စေ ။ 🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. (867), Kyike Waing Pagoda, No. 3 Quarters, Mayangone TSP
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |