Loyal Htun Divine Time
27/05/2024
Life becomes more peaceful when you are no longer interested in anyone and vibe alone.
✳
ပျော်ပျော်နေတတ်တဲ့သူဟာ
စိတ်ရောဂါလက္ခဏာ
ပြတာနည်းတယ်။
ငယ်ငယ်ကတည်းက
စိတ်ဆင်းရဲတာ များခဲ့ရင်
စိတ်ရောဂါဖြစ်တယ်။
ဒါကြောင့် ကလေးတွေကို
စိတ်ဆင်းရဲအောင် ကြောက်အောင်
မပြောသင့်ဘူး။
သူတို့ လုပ်နိုင်တာကို လုပ်ပြီး
စိတ်ချမ်းသာအောင်
အားပေးရမယ်။
ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုရှိအောင်
အားပေးရမယ်။
အားငယ်ရင် စိတ်ရောဂါ ဖြစ်တယ်။
ကိုယ့်ကိုယ်ကို ကိုယ်
ယုံကြည်မှုမရှိရင်လည်း မပျော်ဘူး။
စိတ်ချမ်းသာတဲ့သူ ပျော်တဲ့သူတွေရဲ့
ထူးခြားအချက်က
ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတာ။
ကလေးတွေကို
ဉာဏ်မရှိဘူး၊
အ,တယ်၊
ညံ့တယ်၊
ဖျင်းတယ်၊
ပျင်းတယ်လို့ မကြာမကြာ ပြောရင်
ကြာရင်
သူတို့ကိုယ်ကို သူတို့
ယုံကြည်မှု မရှိတော့ဘူး။
ဒီအချက်ကို
မိဘတွေနဲ့ ဆရာ ဆရာမတွေ
သတိထားသင့်တယ်။
အ,တယ်၊ ဉာဏ်မရှိဘူး၊ ပျင်းတယ် ဆိုတဲ့
စကားတွေကို
လွယ်လွယ်နဲ့သုံးပြီး
ကလေးတွေကို နှိမ့်ကွပ်တာဟာ
ဘဝတစ်ခုလုံးကို
ဖျက်ဆီးလိုက်တာပဲ။
🙏ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
ေပဒူတ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon