SkinCare & BrandedCollection
31/12/2025
💃🏻 Hello, may I have your attention please 🙏🏻
🎄 2025 ကတော့ နာရီပိုင်းအတွင်း ကုန်ဆုံးပြီး 2026 ကို ရောက်ပါတော့မယ်ရှင် 😌 July 2025 ကုန်းလမ်းနှင့် Bangkok to Yangon ကို ပို့ဆောင်ရာမှာ ပိတ်မိနေတဲ့ Pomelo, Melissa, Jelly Bunny စသဖြင့် ပေါ့လေ ပိတ်မိနေတဲ့ ပစ္စည်းတွေ အကြောင်း ရှင်းပြခွင့်ပြုပါရှင့် 🙏🏻
🎄 ပထမဦးစွာ ၆ လ နီးပါး ပိတ်မိနေတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံထဲ ရောက်နေပါပြီ Bangkok တွင် မရှိတော့တာ July 2025 တည်းက ဖြစ်ပါတယ်ရှင် 😩 [ first comment တွင် cargo ဆီမှ သိရသော update ဖတ်ပေးရန် ] 🙇♀️
🎄 အထူးသဖြင့် Pomelo မှာထား သူတွေ လာလာမေးကြတဲ့ မေးခွန်းလေးတွေ အရင် ဖြေပေးပါမယ်နော်
1. မေး 🗣️သူများ Page တွေ ရနေပြီ ဒီ Page က ဘာလို့ မရသေးတာလဲ ?
ဖြေ 🙇♀️ သူများ Page တွေ ရကြောင်း အပြိုင်အဆိုင် တင်ကြတဲ့ အချိန် ကံမကောင်းစွာဘဲ ကိုယ်တွေ ထုတ်ရမယ့် အလှည့်မှာ ပေးမထုတ်တော့တာပါ [ ကံဆိုးစွာ အကြောင်းရင်း မသိရ ]
2. မေး 🗣️ပစ္စည်းတွေ ရဖို့ကို Page မှ ဘာမှ မလုပ်တော့ဘူးလား ?
ဖြေ 🙇♀️ ဟုတ်ကဲ့ မြန်မာပြည်ဘက်မှာ ပိတ်မိနေတာ သိသိချင်း
- cargo ခ အပိုဆောင်း ပေးရမည်ဆိုပါက ၂ ဆ ပေး၍ ထုတ်ချင်ပါကြောင်း ☑️
- မိမိ အစီအစဉ်ဖြင့် သယ်လို့ရပါက ကိုယ်ပိုင်ကားဖြင့် သယ်လိုကြောင်း ☑️
- ပိတ်မိနေသော ပစ္စည်း အားလုံး မထုတ်ပေးနိုင်ရင်တောင် ရသလောက် ထုတ်ချင်ပါကြောင်း ☑️
- မြန်မာဘက် ပိတ်မိနေသော ပစ္စည်းများကို Bangkok ပြန်ပို့၍ လေကြောင်းမှ တဆင့် သယ်လို့ရပါက သယ်ချင်ကြောင်း ☑️ option (4) မျိုး ချပြပြီး စာနှင့် တသွယ်၊ ဖုန်း နှင့် တမျိုး လူကိုယ်တိုင် သွားရောက်၍ ရန်ကုန်ရော ပိတ်မိနေတဲ့ မြန်မာနိုငိငံ၏ ထိုနေရာတွင်ရော သွားရောက် ညှိနှိုင်းပြီး ဖြစ်ပါတယ် 😩 Cargo ဘက်က မလုပ်ပေးနိုင်ကြောင်း သိရ၍ လက်လျှော့ ကာ စောင့်ရသည်မှာ အခုအချိန်ထိ ဖြစ်ပါတယ်😩 [ စောင့်နေရစဉ်မှာလည်း Cargo ကို ဒီနေ့ထိ တပါတ် ၂ ကြိမ် ဆက်သွယ်၍ မေးမြန်းနေဆဲပါ ]
3. မေး 🗣️ မင်မင်တို့ Page က လိမ်သွားပြီထင်လို့ 😩
ဖြေ 🙇♀️ chat box မှာ တဦးချင်းစီလည်း cargo update ပို့ပေးထားသလို ဘာထူးသေးလဲ ? ရတော့မှာလား ? မစောင့်နိုင်လို့ refund ပြန်ပေး ? လာမေးသူ အားလုံးကို မင်မင်တို့ ပြန်လည်ဖြေသလို ပြန်လည်း refund ပေးပါတယ်ရှင် ။ ဖြေဆိုရန် စောင့်ရတဲ့ ကြာချိန်က လွဲလို့ ခုထိ ပိတ်မိနေတဲ့ customer များကို လျစ်လျူရှုကာ ပြန်မဖြေတာမျိုးမရှိသလို ရိုင်းစိုင်းစွာ ဆက်ဆံတာ မလုပ်ဖူးပါရှင်။
4. မေး 🗣️ Page က July တည်းက active မဖြစ်လို့ ?
ဖြေ 🙇♀️ July 2025 လကုန်ကစ November 2025 လကုန်ထိ မင်မင်တို့ ကုန်းလမ်းရပ်ပြီး Air နှင့် Uniqlo/Pomelo/ H&M/ Zara / Mango /ASICS/ Decalthon တွေ အထည် ရာချီပို့ပေးထားပါတယ် 🙇♀️ Page မှာ post တွေ ဝင်ကြည့်နိုင်ပါတယ် 🫶🏻 တခုမှ ဖျက်မထားပါရှင် 🫶🏻 ဘာကိုကြည့်ပြီး အဲ့လိုပြောလည်း မသိရပါ 💁🏼♀️
💃🏻 ဆိုတော့ ပိတ်မိနေတဲ့ ပစ္စည်းတွေရဲ့ update ကတော့ ခုထိ ထုတ်မရသေးပါရှင် 💁🏼♀️ တာဝန်ယူနိုင်တာကတော့ ပစ္စည်းများအားလုံး ပျောက်ရှခြင်း၊ ပျက်စီးခြင်း မရှိတာ တာဝန်ယူပါရစေရှင် ☑️
🙇♀️ ဒီနေရာမှာ ငွေ အပြည့်ချေပြီး စိတ်ရှည်ရှည် နှင့် ကိုယ်ချင်းစာစိတ် အပြည့် မေတ္တာရှေ့ထားပြီး ဒီနေ့ထိ အပေါ်က မေးခွန်းတွေ လာမမေးတဲ့ customer မမ၊ ညီမလေးတွေ အားလုံး ကျေးဇူးပါရှင့် 🙇♀️ ပိတ်မိနေတဲ့ ပစ္စည်းတွေရဲ့တန်ဖိုး သိန်းရာချီ ဆုံးရှုံးနေတာက ရက်နှင့် တွက်ရင် ဘဏ်တိုး ၊ ဖောင်းပွလာတဲ့ ငွေကြေး စသဖြင့် မင်မင်တို့ရဲ့ ဆုံးရှုံးမှုက ပိုကြီးပါတယ်ရှင့် မ တို့ရေ 🙇♀️
💃🏻 Customer 80% လောက်က ဒီသဘောတရားတွေ နားလည်သော်ငြား တချို့ so-called customer တွေရဲ့ ရိုင်းပြတဲ့ မေးခွန်းလေးတွေကိုတော့ ဒီ post လေးနှင့် ပြန်ရှင်းပြရခြင်း ဖြစ်ပါတယ်ရှင့် 🙇♀️ နှစ်သစ်မှာ ထိုသူတို့နှင့် ထပ်ပြီး မဆက်ဆံချင်တော့ပေမယ့် ရောင်းသူ/ဝယ်သူကြား မမျှော်လင့်တဲ့ ကိုယ်တိုင်ထိန်းချုပ်မရတဲ့ အခြေအနေ အရပ်ရပ်အပေါ်မှာ စာနာစိတ်ရှေ့ထားပြီး ပြောဆိုစေချင်ပါတယ်ရှင့် 🙇♀️ ခုထိ ချစ်ခင်အားပေးနေတဲ့ တဦးတယောက်စီကို ကျေးဇူးအထူးပါရှင့် 🫶🏻 [ ဒီ post လေးကို ပစ္စည်း ထုတ်ယူ၍ မရမချင်း pinned လုပ်ပေးထားပါမယ်ရှင့် ]
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |