SmarterNow - Training Institute

SmarterNow - Training Institute

Share

Photos from SmarterNow - Training Institute's post 09/02/2022

🚀👉 ဒီခေတ်မှာ လူတိုင်းလိုလို ခေါင်းဆောင်ဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားရုန်းကန်နေကြပါပြီ။

နောက်လိုက်တွေရှာပြီး ခေါင်းဆောင်ဖြစ်ဖို့ကြိုးစားတဲ့ခေတ်ကုန်သွားပါပြီ၊ ရာထူးရှိပြီး ထိုင်ခုံရတာနဲ့ ခေါင်းဆောင် ဖြစ်မသွားပါဘူး။ ..
Positional leadership & Power leadership တွေထက် သာလွန်တဲ့ leadership styles, values and principles တွေကို လေ့လာကျင့်သုံးမယ်ဆိုရင် ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာမှာပါ။

ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးနိုင်ဖို့၊ ဦးဆောင်နိုင်ဖို့ အင်မတန်ခက်ခဲမယ်လို့ထင်ပြီး လွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့။ 💪

SmarterNow သင်တန်းကနေ ခေါင်းဆောင်တွေ မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ စွမ်းရည် 4 မျိုးကို တက်ပြီးရင် ခေါင်းဆောင်တွေရဲ့ လေးစားယုံကြည်မှုကို ရယူလိုက်ပါ။

Director, Manager, Officer အစရှိတဲ့ management positions တွေရမှ ခေါင်းဆောင်လုပ်ခွင့် ရမယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

ရာထူးတွေ၊ ထိုင်ခုံတွေရမှ မိတ်ဆွေဟာ Leader တယောက်ဖြစ်ခွင့်ရမယ်ဆိုပြီး မျှော်လင့် စောင့်ဆိုင်းနေရတယ်ဆိုရင် သတင်းကောင်းလေးပေးပါရစေ ..
ခေါင်းဆောင်တယောက်ဖြစ်ဖို့ Position မလိုပါဘူး၊ Followers နောက်လိုက်တွေ လိုက်ရှာနေစရာမလိုပါဘူး၊ ခေါင်းဆောင်နိုင်သူဖြစ်လာအောင်သာကြိုးစားပါ သင့်နောက်ကို ရာထူးတွေ၊ လူတွေလိုက်လာမှာပါ။ Leadership ဆိုတာ ပါဝါအာဏာတွေပြရမှ Control လုပ်ရမှဆိုတာထက် Motivation, Inspiration လုပ်ရမှာပါ။

✔️ဒီသင်တန်းကနေ ဘာတွေရမလဲ
---------------------------------
• မိမိဘာသာ ပိုပြီး လေးစားတတ်လာမယ်၊ ဦးဆောင်တတ်လာမယ်
• သူများတွေရဲ့ လေးစားယုံကြည်မှုကို ဘယ်လိုရအောင်ယူမလဲဆိုတာသိသွားမယ်
• အလွန်ဆက်ဆံရခက်တဲ့သူတွေ၊ အလွန်ညံ့တဲ့သူတွေ၊ အလွန်တော်တဲ့သူတွေကို ဘယ်လို ဆက်ဆံမလဲ၊ စည်းရုံးမလဲ၊ ဦးဆောင်မလဲဆိုတာ သိသွားမယ်
• ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ သိသွားမယ်
• ဘဝအတွက်၊ အလုပ်အတွက် အလွန်ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာသိသွားမယ်
• လူတိုင်းရရှိတဲ့ တနေ့တာ 24 နာရီကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာသိသွားမယ်
• အရေးကြီးဆုံးကတော့ တော်တဲ့ခေါင်းဆောင်မှု အရည်အချင်းတင်မဟုတ်ဘဲ “ Humanity ” လူသားဆန်တဲ့ စိတ်ထားမှန်တဲ့ ခေါင်းဆောင်ကောင်းဖြစ်လာအောင် ကူညီပေးမှာပါ..
ဒီသင်တန်းဟာ ဗဟုသုတ ပဲပေးမှာမဟုတ်ဘူးနော်၊ Knowledge တွေကို Skills အဖြစ်ပြောင်းနိုင်အောင် ကူညီပေးမယ်၊ လက်တွေ့မှာ တကယ် Apply လုပ်ဖြစ်သွားအောင် လိုအပ်တဲ့ Right Attitude ရှိလာအောင်သင်ပေးသွားမှာပါ

✔️သင်တန်းမှာ ဘာတွေလေ့လာရမလဲ
---------------------------------
အခြေခံ Leadership Concept, Values, Principles တွေကိုလေ့လာပြီးသွားရင် Essential Skills လေးခုကို လေ့လာရမှာပါ
1) Communication skills
2) Time Management skills
3) Team Building and Management skills
4) Problem Solving and Decision-making skills

✔️ဘယ်သူတွေတက်သင့်သလဲ
---------------------------------
- ခေါင်းဆောင်မှုဆိုတာ လူတိုင်းတတ်ထားရမဲ့ မရှိမဖြစ် စွမ်းရည်တခုပါ။
- အရာရှိတွေ၊ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ စသည်ဖြင့် အားလုံးနဲ့ဆိုင်ပါတယ်။
- ယုံကြည်မှုတွေပျောက်ပြီး စိတ်အားငယ်နေတဲ့သူတွေ၊ ကိုယ့်ဘာကိုယ် ခေါင်းဆောင်မဖြစ်နိုင်ဘူး တွေးထားသူတွေ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင်မှုအရည်ချင်းတွေကို ထုတ်မသုံး၊ ထုတ်မပြရဲသူတွေ၊ သူများတွေခွဲခြားဆက်ဆံ နှိမ်ထားလို့ စိတ်ပျက်နေသူတွေ အားလုံးတက်သင့်ပါတယ်

✔️ဘယ်လိုသင်မှာလဲ
---------------------------------
ကုမ္ပဏီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံသားရော၊ နိုင်ငံခြားသားများအား ခေါင်းဆောင်ဖူးသူ၊ ဝန်ထမ်းတွေရော၊ အကြံပေးတွေကိုပါ ဦးဆောင်ဖူးသူ၊ လုပ်သက်ရော၊ သင်တန်းပေးတာတွေမှာပါ အတွေ့အကြုံရှိသူ ဆရာဆရာမများမှ စိတ်ဝင်စားဖွယ်ကောင်းပြီး လက်တွေ့အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ အတွေ့အကြုံတွေကို မျှဝေသင်ကြားပေးသွားမှာပါ

❌Lecture လုံးဝ (လုံးဝ) မရိုက်ဖူးနော်၊ အလွတ်ကျက်အသေမှတ်ခိုင်းတာတွေမလုပ်ခိုင်းပါဘူး၊ တွေးခိုင်းမယ် မေးခိုင်းမယ် ဆွေးနွေးခိုင်းမယ်၊ ငုတ်တုတ်ကြီးထိုင်နားထောင်ခိုင်းတာမျိုးလုံးဝမလုပ်ပါဘူး..
Presentation, Interactive Learning, Questions and Answer sessions, Games တွေနဲ့ ပျော်ရစေမယ်..
Leadership နဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို English လိုရင်းနှီးစေချင်လို့ လိုအပ်သလို English terms and usages တွေကို သင်ပေးသွားမှာဖြစ်ပါတယ်၊ စိတ်မပူပါနဲ့ ဗမာလို နည်းလာလွယ်အောင်ရှင်းပြသွားမှာပါ..
Zoom platform ကိုသုံးမှာပါ၊ 👌 တခါမှမသုံးဖူးသူတွေအတွက် ကူညီပေးသွားမှာဖြစ်လို့ မစိုးရိမ်ပါနဲ့

✔️Certificate
------------------------
Attitude နဲ့ Skills ကို Improve ဖြစ်လာအောင် အထောက်အပံ့ကောင်းတွေပေးမဲ့ Training Assessments အားဖြေဆိုအောင်မြင်ပါက Certificate ကြေး 5,000 ကျပ်သွင်း၍ Certificate ထုတ်ယူနိုင်ပါသည် (ထုတ်ယူလိုခြင်းမရှိပါက လုံးဝပေးစရာမလိုပါ)

✔️သင်တန်းကဘယ်တော့လဲ
-----------------------------------------
📅 Date: Feb 24, 25, 26 and 27
⏰Time: 7pm to 9pm

✔️ သင်တန်းကြေး နှင့် Discount အခွင့်အရေးများ
------------------------------------------
- ❌ပုံမှန်သင်တန်းကြေး - 35,000 ကျပ်
- 👉 ယခုလိုခက်ခဲနေတဲ့ကာလအတွက် Special Discount အဖြစ် အရင်ဦးဆုံးသင်တန်းအပ်တဲ့ သူအယောက် 20 ကို “ 70% Off ” (10,000 ကျပ်)
- နောက်ထပ် အယောက် 20 အတွက် “ 50% Off ” (17,000 ကျပ်)
- SmarterNow ရဲ့ alumni သင်တန်းသူ သင်တန်းသားဟောင်းများအား အလိုအလျောက် 10% Off

💰 သင်တန်းကြေးကို Kpay, Wave, KBZ, AYA, Yoma တို့ဖြင့် ပေးချေနိုင်ပါတယ်

✔️ သင်တန်းဘယ်လိုအပ်ရမလဲ
------------------------------------------
1) ဒီ Post ရဲ့ Comment မှာ Yes လို့ရေးပေးပါ
2) ဒီ Post ကို Like and Share လေးလုပ်ပေးပါ
သင်တန်းကျောင်းကနေ chat box (cb) မှ ငွေပေးချေရန်အတွက် လိုအပ်သည့်အချက်အလက်များကို ဆက်သွယ်ပေးပါမည်

📞 09 971 380 670

Thank you very much!

27/01/2022

အလုပ်တွေတော်တော်များမှာ Cover letter တောင်းလာကြပါပြီ
Motivation letter လို့လဲခေါ်ကြတယ်
ဘာလို့ Moti letter လို့ခေါ်လဲသိလား
အလုပ်လျောက်သူက လျောက်တဲ့အလုပ်အပေါ် သူဘယ်လောက် စိတ်အားထက်သန်လဲဆိုတာ သိခြင်လို့ပေါ့
ဒါတင်ပဲလားတော့မဟုတ်
Recruitment Officer အလုပ်ခန့်ထားရေးအရာရှိသို့မဟုတ် Applications တွေကို စုစည်း စစ်ဆေးပြီး long list and shortlist လုပ်ပေးတဲ့ သက်ဆိုင်ရာ HR Officer ကိုလည်း
moti တက်အောင်လုပ်ပေးနိုင်ရမယ်
မဟုတ်ရင်တော့ HR လည်း applications တွေအများကြီးသာ ဖတ်လိုက်ရတယ် နောက်ဆုံးသူပါ moti ကျလာရင် သူက အလုပ်တော့မထွက်ဘူးလေ သူ့ကို
moti ကျအောင်လုပ်တဲ့ application တွေကို စာရင်းထဲ​ေတာင်မသွင်းတော့ဘူး
ဆိုလိုတာက
CV ကိုတောင်ဆက်မဖတ်တော့ပဲ
motiမပေးတဲ့ moti အဆင့်မှာတင် ပြုတ်ပြီ
Cover / moti letter ဆိုတာ လူမှဆို Face ပဲ
ပြင်ပြင်ဆင်ဆင် သပ်သပ်ရပ်ရပ်မရှိရင် သိပ်လှတဲ့သူတောင် အလှတွေက မြုပ်နေတာ
Moti letter ကောင်းကောင်းရေးတတ်ခြင်ရင်
SmarterNow က Job Hunting skills သင်တန်းကို အမြန်ဆုံးအပ်လိုက်ပါ
သင်တန်းlink လေးအောက်မှာနှိပ်လိုက်နော်
https://www.facebook.com/106196165294133/posts/112348571345559/

26/01/2022

picture credit #

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon