Taiwan EduLab by Aung

Taiwan EduLab by Aung

Share

20/04/2026

အခုလက်တလော အကိုအောင်ကို လာမေးတာတခုရှိပါတယ် ။ GED ဖြေထားလို့ အဲ့တာနဲ့ ထိုင်ဝမ် မှာ Language School / တက္ကသိုလ်လာတက်လို့ရလား ဆိုတာ ။ တကယ်ဆိုရင် ရပါတယ်နော် ။ 🌟🌟🌟🌟

GED (General Educational Development) ကိုဖြေကြတဲ့ ကျောင်းသားတွေဟာ US Pathway အရ ၁၂ တန်းနဲ့ ညီမျှတာမို့ ကျောင်းတော်တော်များများကလက်ခံလျက်ရှိပါတယ် ။ အဲ့ထဲမှာ လက်ခံတဲ့ ကျောင်းတွေကို ပြောရမယ်ဆိုရင်တော့

National Taiwan University (Rank 1) ,
National Central University (Rank 5)
National Cheng Chi University (Rank 14),
Yuan Ze University (Rank 21),
Ming Chuan University (Rank 31)

အစရှိသည်တို့က GED နဲ့ လျှောက်ကြတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကို ခေါ်ယူနေတာလည်းရှိကြပါတယ် ။

*******

တချို့သူတွေကလည်း ပြောမှာပေါ့ ၊ အကိုအောင် ၊ အရင်တုန်းက GED မရဘူးလို့ပြောတာ အခုက ရသွားတာလား ဆိုတာပါ ။

ဟုတ် ၊ အစကတည်းလက်ခံထားပြီးသားပါ ၊ တကယ်တော့ ကျွန်တော်တို့က GED သာမကပဲ ကျန်တဲ့ စာရွက်စာတမ်းတွေပါတင်ရလို့ ကျောင်းလျှောက်ဖို့အဆင်မပြေတာလို့ ပြောခဲ့ရတာနော် ။ အဲ့တာတွေက ဘာတွေလဲဆိုတော့

1️⃣ ၁၀ တန်း (Year 10) အမှတ်စာရင်း
2️⃣ ၁၁ တန်း (Year 11) အမှတ်စာရင်း
3️⃣ ၁၂ တန်း (Year 12) အမှတ်စာရင်း
4️⃣ အထက်တန်းကျောင်းပြီးစီးကြောင်း Diploma (High School Diploma)

အဲ့ ၄ ခု ရှိရင် ကျွန်တော်တို့ တက္ကသိုလ် ကျောင်းတွေ ၊ Language School တွေကို လာလျှောက်လို့ရပါပြီ ။ အဲ့တာလေးတွေကို ပြင်ဆင်ပြီးပြီဆိုရင်လည်းပဲအကိုအောင်ဆီ ဆက်သွယ်ပြီး ကျောင်းအတူတူလျှောက်လို့ရပါပြီ ။

📩 အကယ်၍ကိုယ် က Language School နဲ့ 2026 June / September Intake အတွက် လျှောက်ထားချင်တဲ့သူဆိုရင်တော့ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး #အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။ စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ကိုလည်းရရှိနိုင်ပါတယ်နော် ။

📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။

© Taiwan EduLab by Aung
20/04/2026

16/03/2026

📢 ထိုင်ဝမ်ကို Language School နဲ့အတူတူပညာသင်ဆုလျှောက်ဖို့စဥ်းစားထားတယ်ဆို မှီသေးတယ်နော် ။ 🌟🌟🌟

Huayu Enrichment Scholarship (HES) (ခ) Language School Scholarship ရဲ့အကြောင်း ။
---

Huayu Enrichment Scholarship က ထိုင်ဝမ်အစိုးရကနေ ကျောင်းသားတွေအတွက်လစဥ်ထောက်ပံ့ပေးတဲ့ ပညာသင်ဆု (Scholarship) ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာမကဘဲ ကျန်တဲ့ နိုင်ငံကကျောင်းသူကျောင်းသားတွေ စုစုပေါင်း အယောက် ၁၄၀ ကိုခေါ်မှာမို့ ထိုင်ဝမ်မှာ တရုတ်စာသင်ဖို့ အားပေးတဲ့ အခွင့်အလမ်းတစ်ခုဆိုလည်းမမှားဘူးပေါ့ ။

ပြီးတော့ ဒီနှစ်ပိုင်းတွေမှာလည်း HES နဲ့ ကျောင်းသွားတက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အတွေ့အကြုံကလည်း အကုန်ကောင်းတာတွေချည်းပဲမို့ အားလုံးကို အချိန်ရှိတုန်းမြန်မြန်လျှောက်ကြဖိုးအားပေးလိုက်ပါတယ်နော် ။

⚠️ သိထားသင့်တဲ့အချက်
✅ ပညာသင်ဆုကြာချိန်
- ၃ လ၊ ၆ လ၊ သို့မဟုတ် ၉ လ (ကျောင်းသားများအားလုံး ၂၀၂၆ ၉လပိုင်းမှစ၍တက်ရမည်ဖြစ်သည် )

# # # # #
✅ လျှောက်ထားသူအတွက်လိုအပ်ချက်များ
- မြန်မာနိုင်ငံသားဖြစ်ရမည်။ (လက်ရှိထိုင်ဝမ်နိုင်ငံသားများအားမပေးပါ)
- အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
- အထက်တန်း (G12 / တက္ကသိုလ်ဒုတိယနှစ်) ကျောင်းအောင်မြင်ထားသူဖြစ်ရမည်။
- ထိုင်ဝမ်သို့ပညာရေးဖြင့်မရောက်ရှိသေးသူ

✅ လျှောက်ထားရန်လိုအပ်သောစာရွက်စာတမ်းများ
1️⃣Online Application Form
2️⃣Passport မိတ္တူ
3️⃣Statement of Purpose (၁ စာမျက်နှာ၊ single-spaced၊ Times New Roman 12pt)
4️⃣မြန်မာ အမှတ်စာရင်း နိုတြီနှင့် မိတ္တူ
5️⃣မြန်မာ ကျောင်းအောင်လက်မှတ် မိတ္တူ (ရှိလျှင်)
6️⃣Language School ကို လျှောက်ထားကြောင်းအထောက်အထား (ကျောင်းခေါ်စာအစရှိသည်)
7️⃣ကိုယ်၏ကျောင်း/အလုပ်မှ ထောက်ခံစာ (Reference Letters) ၂ စောင်

ထိုင်ဝမ်သို့ HES ဖြင့်လျှောက်နိုင်သောကျောင်းများစာရင်းhttps://www.roc-taiwan.org/uploads/sites/238/2026/01/Mandarin-Language-Centers-in-Taiwan.pdf

ဘာကြောင့် HES ကိုလျှောက်သင့်သလဲ ။
သေချာပေါက်ကတော့ …. ထောက်ပံံ့ကြေးပေါ့ ။
အခုလက်ရှိ ထောက်ပံ့ကြေးက ၂၈၀၀၀ ထိုင်ပိရှိနေပါတယ် ၊ မြန်မာငွေဆို စုစုပေါင်းတလကို ၃၅ သိန်းထိပေးနေတာပါ ၊ အဲ့တာနဲ့တင်တော်တော်အလုပ်ဖြစ်နေပြီး ဟဲဟဲ ။

ပြီးတော့ တရုတ်စာလည်းသင်ရမယ် ၊ တချိန်တည်းကျောင်းအတွက်လည်းအဆင်ပြေသွားနိုင်တဲ့ Program တခုဖြစ်နေတာမို့ အားလုံးကို ၃/၃၁ မတိုင်ခင် လျှောက်ကြဖို့ ၊ အကူညီလိုအပ်ရင်လည်း အကိုအောင်ဆီကို မြန်မြန်လာကြဖို့တိုက်တွန်းလိုက်ပါတယ်နော် ။

📩 Language School နဲ့ 2026 June / September Intake အတွက် လျှောက်ထားချင်သူများ
လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး
#အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။
စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ရရှိနိုင်ပါသည်။
📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။
© Taiwan EduLab by Aung

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


62A, 5th Floor, Yawmingyi Road , Dagon Township
Yangon
11191