GSP - Good Shepherd Preschool

GSP - Good Shepherd Preschool

Share

Photos from GSP - Good Shepherd Preschool's post 03/07/2026

🌿 "မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း 📚" ဆိုတဲ့ စကားပုံလေးအတိုင်း သားသားမီးမီးတို့ရဲ့ သင်ယူမှုတွေ ပိုမိုထိရောက်ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျောင်းနဲ့ မိဘတို့ အတူလက်တွဲပေးရတဲ့ "သောကြာနေ့ သင်ခန်းစာ မိတ်ဆက်အစီအစဉ်" လေးကို ရောက်ရှိလာပြီဖြစ်ပါတယ်ရှင့်။ 💚

📚 Foundation (1) အတန်းလေးကတော့ 🌳 ဒီတစ်ပတ်မှာ "အပင်အကြီးများ" အကြောင်းကို လေ့လာသင်ယူခဲ့ကြပါတယ်။ ကုက္ကိုပင်၊ ညောင်ပင်၊ ပိန္နဲပင်၊ သရက်ပင်နဲ့ မန်ကျည်းပင်တို့ကို သိရှိခဲ့သလို 🌿 အပင်ကြီးတွေက အောက်ဆီဂျင်ထုတ်ပေးခြင်း၊ 🌍 ရာသီဥတုကို မျှတစေခြင်း၊ 🌱 မြေပြိုခြင်းနဲ့ မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

🎵 Music Time မှာ "သစ်ပင်လေးတွေစိုက်ကြမယ်" သီချင်းနဲ့ "လေငြိမ်ငြိမ်" ကဗျာကို သင်ယူခဲ့ကြပြီး၊ 📖 Story Time မှာ "ကမ္ဘာကြီးကိုကာကွယ်ကြမယ်" ပုံပြင်ကို နားထောင်ခဲ့ကြပါတယ်။ 🎨 အပင်ပုံတွေကို ဆေးရောင်ခြယ်ခဲ့ကြပြီး 🔬 Science Time မှာ သစ်ရွက်အရောင်ပြောင်းလဲခြင်း ကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ 💚 အိမ်မှာလည်း သားသားမီးမီးတို့နဲ့အတူ အနီးအနားက အပင်ကြီးတွေကို ကြည့်ရှုပြောပြပေးပြီး သီချင်းလေးတွေကို အတူသီဆိုပေးမယ်ဆိုရင် သင်ခန်းစာတွေ ပိုပြီးအမှတ်ရနေမှာပါရှင့်။

📚 Foundation (2) အတန်းလေးကလည်း 🌱 ဒီတစ်ပတ်မှာ "သစ်ပင်အကြောင်း" ခေါင်းစဉ်နဲ့ သစ်ပင်အမျိုးအစားများ၊ အစိတ်အပိုင်းများ၊ အပင်စိုက်ပျိုးနည်းနဲ့ အပင်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပျော်ပျော်ရွှင်ရွှင် သင်ယူခဲ့ကြပါတယ်။

🎵 Music Time မှာ "သစ်ပင်လေးတွေစိုက်ကြမယ်"၊ "Happy Tree Song" သီချင်းများနဲ့ "လေငြိမ်ငြိမ်" ကဗျာကို သင်ယူခဲ့ကြပြီး၊ 📖 Story Time မှာ "အဖိုးပေးတဲ့ မျိုးစေ့သုံးစေ့" ပုံပြင်ကနေ ကြိုးစားအားထုတ်မှုနဲ့ စိတ်ရှည်မှုရဲ့ တန်ဖိုးကို သင်ယူခဲ့ကြပါတယ်။ သင်ခန်းစာကို ပိုမိုမှတ်မိစေဖို့ 🎨 အပင်ပုံတွေကို ဆေးရောင်ခြယ်ခဲ့ကြပြီး သစ်ရွက်အရောင်ပြောင်းလဲခြင်း ကိုလည်း စူးစမ်းလေ့လာခဲ့ကြပါတယ်။ 💚 မေမေ၊ ဖေဖေတို့အနေနဲ့ အိမ်မှာ အပင်လေးတွေကို အတူရေလောင်းပေးတာ၊ ဒီနေ့သင်ခဲ့တဲ့အကြောင်းအရာလေးတွေကို ပြန်မေးမြန်းပေးတာက ကလေးတွေရဲ့ သင်ယူမှုကို ပိုပြီးခိုင်မာလာစေမှာဖြစ်ပါတယ်ရှင့်။

📚 Foundation (3) အတန်းလေးကိုတော့
ယ🏫 ဒီတစ်ပတ်မှာ "တို့ကျောင်း (My School)" အကြောင်းကို သင်ပေးခဲ့ပါတယ်။ ကျောင်းအမည်၊ ကျောင်းအုပ်ကြီး၊ အတန်းဆရာ/ဆရာမအမည်၊ ကျောင်းတည်နေရာတို့ကို ပြောဆိုလေ့ကျင့်ခဲ့ကြသလို 🇲🇲 နိုင်ငံတော်အလံကို လေ့လာပြီး အလေးပြုနည်းကိုလည်း သင်ယူခဲ့ကြပါတယ်။ ထို့အပြင် ကျောင်းဝင်းနဲ့ စာသင်ခန်းအတွင်းရှိ ကျောင်းသုံးပစ္စည်းတွေကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ကြပါသေးတယ်။

🎵 Music Time မှာ "ရွှေမောင်းသံ"၊ "တို့ကျောင်း"၊ "ABCD Song" သီချင်းများနဲ့ "ဖိနပ်ကလေး" ကဗျာကို သင်ယူခဲ့ကြပြီး၊ 📖 Story Time မှာ "ဘယ်သွားမလို့လဲ ဂျာဘောက်" ပုံပြင်ကို နားထောင်ကာ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ခဲ့ကြပါတယ်။ 🎨 ကျောင်းပုံကို စိတ်ကြိုက်ရေးဆွဲခဲ့ကြပြီး၊ နှစ်သက်ရာအစားအစာပုံကို ရောင်စုံစက္ကူဖြင့် ပုံဖော်ခဲ့ကြကာ "လက်မထောင်" ကစားနည်းကိုလည်း ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြပါတယ်။ 💚 အိမ်မှာလည်း "ဒီနေ့ကျောင်းမှာ ဘာတွေသင်ခဲ့လဲ" လို့ မေးမြန်းပေးပြီး ကျောင်းအကြောင်းကို အတူပြောဆိုပေးခြင်းက ကလေးတွေရဲ့ ယုံကြည်မှုနဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်ရှင့်။

🙏 သားသားမီးမီးတို့ရဲ့ ပညာရေးခရီးလမ်းမှာ ကျောင်းနဲ့အတူ အမြဲလက်တွဲပေးနေကြတဲ့ မိဘအုပ်ထိန်းသူအားလုံးကို Good Shepherd Preschool မှ အထူးကျေးဇူးတင်ရှိပါတယ်။ 💚🌿

📌 မိသားစုဝင်များအားလုံးအတွက်ပျော်ရွှင်စရာအားလပ်ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေရှင်။ကျောင်းလိပ်စာ
အမှတ်၁၉၊စံပယ်လမ်းမ၊ ဌ ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့။

☎️09954279017

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No(19)Sabal Main Road, Htawunbe Block, North Okkalapa
Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00