Depayy

Depayy

Share

12/07/2026

လုံခြုံတဲ့နေရာရောက်တဲ့အခါ
စိတ်ချလက်ချနေလို့ရသလိုပါပဲ
ကိုယ့်အတွက်အစစအရာရာ
လုံခြုံစိတ်ချရတဲ့သူဆီရောက်တဲ့အခါ
ပူပင်စရာမလိုပဲ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရပါတယ်
တန်ဖိုးသိတဲ့လူရဲ့လက်ထဲရောက်ရင်
တန်ဖိုးရှိတဲ့အရာတွေဟာ
ဘာနဲ့မှအဖိုးဖြတ်လို့မရအောင် တန်ဖိုးမြင့်သွားတာပါပဲ။

11/07/2026

သူနဲ့ပတ်သတ်ပြီး
ဝေးရဖို့လမ်းစမမြင်ဘူးလို့
စိတ်ထဲခံစားနေရတဲ့အချိန်ဟာ
ပျော်စရာအကောင်းဆုံးအချိန်ပဲ
ဘာလို့လဲဆ်ိုရင်
အဲ့ဒီလိုခံစားချက်မျိုးဟာ
လူရွေးမှန်တဲ့သူတွေသာ ခံစားခွင့်ရှိလိုပဲ။

11/07/2026

ပျောက်သွားတဲ့ပစ္စည်းချင်းတူရင်တောင်
အဲ့ဒီပစ္စည်းအပေါ်မှာ
တန်ဖိုးထားပုံချင်းတော့တူချင်မှတူပါလိမ့်မယ်။

ပြန်အစားထိုးလို့ရတဲ့သူအတွက်
မေ့မေ့ပျောက်ပျောက်နေလို့ရပေမယ့်
အစားပြန်ရဖို့မလွယ်တဲ့သူအတွက်
မေ့မေ့ပျောက်ပျောက်နေဖို့ကသိပ်ခက်ပါတယ်။

လူတစ်ယောက်ရဲ့အမြတ်တနိုးတန်ဖိုးထားမှုက်ိုမသိပဲ
ဘာမှမဖြစ်ပါဘူး၊ဘာမဟုတ်တာလေးနဲ့ဆ်ိုပြီ
မခနဲ့ကြပါနဲ့။

ကိုယ်တိုင်မကြုံရသေးသ၍
အရာရာဟာကိုယ်ချင်းစာပေးလို့မရကြောင်းကို
ခင်ဗျာတို့သိမှာမဟုတ်ဘူး။

07/07/2026

လွယ်ကူမယ်ထင်ပြီး
ခက်ခဲနေတဲ့အထဲမှာ
သတိရခြင်းဟာ အဆိုးဆုံးပဲ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon