Football Symphony
17/01/2025
ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရိုလာကိုစတာဖြစ်ခဲ့တဲ့ပွဲပါပဲ။ လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ပြသတဲ့ ခြေစွမ်းမျိုးကို ယူနိုက်တက်တို့ ဒီပွဲမှာ မပြသနိုင်ခဲ့ဘဲ ကံဆိုးရင် ဆောက်သမ်တန်ကို ဂိုးပြတ်ရှုံးသွားနိုင်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပထမပိုင်းမှာလည်း ထောင့်ကန်ဘောကနေ အူဂါတေးနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် တောက်လျှောက် ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်တို့ ရှုံးပွဲတွေ့ပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် (၈၂) မိနစ်မှာတော့ အာမတ်က ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
မိနစ် (၉၀) မှာတော့ အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကနေ အာမတ်က ကြုံသလို ကန်သွင်းရင်း ဦးဆောင်ဂိုးရခဲ့သလို နောက် (၄) မိနစ်မှာတော့ ပြိုင်ဘက်နောက်ခံလူကို သူကိုယ်တိုင်ဖိအားပေးပြီး ရလာတဲ့ ဘောလုံးကို အာမတ်က ဂိုးလွတ်ကြီးထဲ ကန်သွင်းနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ချီးကျူးရမှာက အမော်ရင်ရဲ့ လူစားလဲမှုတွေပါပဲ။ အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ လုပ်ခဲ့ပြီး ဒါတွေက အသင်းကို ချက်ချင်းအကျိုးပြုစေခဲ့ပါတယ်။ အန်တိုနီ၊ ဇက်ဇီ၊ အဲရစ်ဆင်တို့ကို ထည့်လိုက်တာက ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပြီး (၂၀၂၅) ရဲ့ ပထမဆုံး အိမ်ကွင်းပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲရရှိခဲ့ပါတယ်။
13/01/2025
ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဘာယင်ဒါ 🧤🔴
• ပင်နယ်တီ ၂ ကြိမ် ကာကွယ်
• အရေးပါတဲ့ ကာကွယ် မှု - ၆ ကြိမ်
• ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု
02/01/2025
ဘောလုံးအားကစားသမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်
မာဒီရာဆိုတဲ့ ကျွန်းမြို့လေးကနေ ဘောလုံးစင်မြင့်ထက်မှာ ထွန်းတောက်ခဲ့သူ
ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အသင်းလိုက်ဆုတွေ ၊ တစ်ဦးချင်းဆုတွေ ၊ ရွှေဖိနပ်ဆုတွေ ရယူနိုင်ခဲ့သူ
ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့သူ
အကောင်းဆုံး နောက်တန်းကစားသမားတွေရှိတဲ့ စီးရီးအေလို နေရာမှာ ဂိုးရာချီသွင်းယူခဲ့သူ
ညာသန်ကစားသမား ဖြစ်ပေမယ့် ဘယ်ခြေနဲ့ ဂိုးရာချီသွင်းယူထားသူ
Headed goal ပေါင်းများစွာ သွင်းယူထားခဲ့သူ
ပြင်းပြတဲ့နိုင်လိုစိတ်နဲ့ အံ့ဖွယ် comebcak ပွဲပေါင်းများစွာ ကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖြစ်စေခဲ့သူ
ပေါ်တူဂီအသင်းတခါမှ မရရှိဖူးတဲ့ ဆုဖလားတွေကို ၂ ကြိမ်တိုင်ရယူပေးခဲ့သူ ၊ အသင်းရဲ့ မှတ်တမ်းများစွာကို စံချိန်သစ်ရေးထိုးခဲ့သူ
ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားလို့ ပြောစမှတ်ပြုကြတဲ့ လီယွန်နယ် မက်ဆီ နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ဆုတွေ ရယူနိုင်ခဲ့သူ
ဂိုးသွင်းရတာကို နှစ်သက်တဲ့ ဘောလုံးသမားတိုင်းအတွက် ကဏ္ဍတိုင်းမှာ စံပြုရလောက်တဲ့ ကစားသမား . . .
ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ၂၀၂၄ ကို သွင်းဂိုးပေါင်းများစွာ နဲ့ အောင်မြင်စွာ နှုတ်ဆက်ခဲ့ပါပြီ
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
12
Yangon
39