STEP Computer Training Center
16/01/2020
ရသေ့နှင့် အဘွားအို
+++++++++++
ရသေ့တစ်ပါးသည် မြစ်ကမ်းပါး၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ နေထိုင်လေသည်။ တောအုပ်အနီး မြစ်ကမ်းပါးနေရာဖြစ်၍ အလွန်တရာ လှပသာယာသည်။ ရသေ့သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနေသည်။ သို့သော်လည်း ရသေ့အတွက် အနှောင့်အယှက်တစ်ခု ရှိနေသည်။
တောအုပ်အတွင်းမှ ကျေးငှက်တိရစ္ဆာန်များသည် ရသေ့၏ ကျောင်းသင်္ခမ်းသို့ လာရောက်ပြီး အနှောင့်အယှက် ပေးကြလေသည်။ ရသေ့ကြီး လစ်သည်နှင့် တစ်ပြိုင်နက် ရသေ့ကြီး စိုက်ပျိုးထားသည့် သစ်ပင်ပန်းပင်များကို ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် ရသေ့သည် စိတ်ချ လက်ချ နေရသည် မရှိပေ။
တစ်နေ့သ၌ ရသေ့သည် တိုင်းပြည်အတွင်းရှိ ဘုရားဌာနများသို့ ဘုရားဖူးထွက်သွားလေသည်။ ဘုရားဖူး သွားရင်းနှင့် ရသေ့သည် အခြားသူတော်မြတ်များနှင့်လည်း ဆုံရကြုံရလေသည်။ ဘုရားဖူးခရီးသွားရင်းနှင့် တစ်နေ့တွင် ရသေ့သည် ရွာတစ်ရွာ အနီးသို့ ရောက်သွားလေသည်။ ထိုရွာအနီး၌ လယ်တောယာတောများ ပျံ့ပျူးတည်ရှိ နေပေသည်။ လယ်တောယာတောများတွင် ကောက်ပဲ သီးနှံများ ဖြစ်ထွန်းနေသည်ကိုလည်း တွေ့ရလေသည်။
လယ်တောတစ်ခုတွင် အဘွားအိုတစ်ယောက် စပါးခင်းစောင့်နေသည်ကို ရသေ့ တွေ့မြင်ရလေသည်။ စပါးခင်းကို အဘွားအို စောင့်နေသော်လည်း စပါးနှံများကို ငှက်တစ်အုပ် စားနေကြသည်။
စပါးနှံများကို ငှက်တွေစားနေသော်လည်း မတုန် မလှုပ်နေသည့် အဘွားအိုကို မြင်ရသောအခါ ရသေ့သည် ကြည့်မနေနိုင်တော့ပေ။ အဘွားအိုအနီး ကပ်သွားပြီး…
“အဘွားကြီး ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ။ အဘွားကြီး လယ်ထဲက စပါးနှံတွေ ငှက်စားလို့ ကုန်တော့မယ်။ မမြင်ဘူးလား”
ဟု မေးလိုက်သည်။
အဘွားအိုသည် ရသေ့အား တအံ့တသြနှင့် ကြည့်ပြီး ချိုသာစွာပင် ပြန်ပြောလေသည်။
“ငှက်တွေလည်း လူတွေလိုပဲ အစာ စားချင်ကြမှာပေါ့။ သနားစရာ သူ့ခမျာတွေ ဘယ်အရပ်က ရောက်လာကြတယ် မသိဘူး။ သူတို့စားလို့ ဘယ်လောက် ကုန်သွားမှာလဲ သူတို့ဝမ်းဗိုက်ကို ကြည့်ပါဦး။ ဘယ်လောက် ကြီးလို့လဲ…”
အဘွားအို ပြောသောစကားကို ကြားရသောအခါ ရသေ့သည် အဘွားအိုကို တအံ့တသြ ကြည့်နေလေသည်။ ထိုခဏ၌ ရသေ့သည် သူ့ကျောင်းသင်္ခမ်းကို သတိ ရလာလေသည်။ သူ့ကျောင်းသင်္ခမ်းသို့ လာကြသော ကျေးငှက်တိရစ္ဆာန်များကိုလည်း သတိရလာလေသည်။ သို့သော်လည်း ထိုကျေးငှက် တိရစ္ဆာန်များအပေါ် ထားသည့် သူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားလေသည်။ ကျေးငှက် တိရစ္ဆာန်များအပေါ်တွင် ဒေါသအစား မေတ္တာ စိတ်၊ ကရုဏာစိတ် ပေါ်လာလေသည်။
အဘွားအိုသည် ရသေ့ကို မျက်စိဖွင့်ပေး လိုက်လေသည်။
(ပါရၚဂူ)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11231
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |