Hsu Diary
31/08/2025
နွေးထွေးကြင်နာစွာ ကမ်းခဲ့တဲ့လက်မို့ကော အရာရာ နားလည်ပြီးချစ်ပေးလို့ကော တစ်ရေးနိုုးတောင်ကျေးဇူးလေးတွေတင်ရပါတယ်.....
အမြဲဂရုတစ်စိုက်နဲ့ ကြင်နာပြီး အရာရာငဲ့ညှာပေးလွန်းတဲ့မောငါဟာလေ တစ်ခါလေးမှတောင်ကိုယ့်အပေါ်ဒေါသထွက်တာမျိုးမရှိလို့လဲ ကျွန်မကလည်း စက္ကန့်တိုင်းမောင့်ကို သတိရနေတယ်ထင်ပါရဲ့လေ♥️ကံအကောင်းဆုံးအမျိုးသမီးလို့ ကိုယ့်ကိုထင်ရလောက်အောင်အများကြီးချစ်ပေးအဲဒီအမျိုးသားကိုလေ
ကျွန်မကလည်း နှစ်တွေအကြာကြီး ချစ်သွားချင်ပါတယ်ရှင်🥰🥰🥰
15/05/2025
ကမ္ဘာကြီးလုံးတယ်ပြောပြော
ပြားတယ်ပြောပြော
ကမ္ဘာကြီးကိုဘာတွေနဲ့ဖွဲ့စည်းထားတယ်ပြောပြော
ငါဟာလေ ငြိမ်ပြီးနားထောင်နေလိုက်တာဘဲ..
ငါဟာလေ.....
စိတ်ပျက်လွယ်တယ်...
လက်လျော့လွယ်တယ်
စူးစမ်းရှာဖွေလိုစိတ်လည်းမရှိဖူး...
Super manနဲ့Spider-Manဘယ်သူပိုတော်လဲလို့မေးတော့လည်း ငါမဖြေနိုင်ဖူး....
စိတ်ရှုပ်စရာလို့ငါတွေးတယ်....
ငါဟာ ရေကန်နဲ့တူတယ် ခဲလုံးလေးပစ်ချလိုက်တဲ့အချိန်ဘဲ လှုပ်ခက်တာ
ပြီးရင်ပြန်ငြိမ်သက်သွားတာဘဲ
တစ်ခါတလေ
လေတိုက်လို့ လှိုင်းကြက်ခွက်လေးထရုံလောက်နဲ့လည်း ငါဟာ ငြိမ်သက်နေတာဘဲ...
တစ်ဖြေးဖြေးနဲ့ ငါက သီးသန့်ဆန်လာတယ်
ငြိမ်သက်သွားတယ် ....
ပြီးတော့.....အေးချမ်းနေတယ် 🍁🍁🍁🍁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon