Foodie MYAT
12/05/2023
စစ်တွေ အပါအဝင် မုန်တိုင်းဖြတ်သန်းရာဒေသမှာ နေထိုင်ကြပြီး သတိမမူမိမဖြစ်စေဖို့ တွေ့တာလေး ယူလာတာပါရှင်။ အားလုံး ဘေးကင်း ကြပါစေ။
👇🏻👇🏻👇🏻👇🏻👇🏻
ဆောင်ရန်ရှောင်ရန်
စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီ
အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့
လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧရာမ
မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့်
အောက်ကရေတွေကပါလိုက်လည်ပီး အမြင့်
ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင်
မြင့်တက်လည်လာပါတယ်အဲဒီတွက် ပင်လယ်
ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး
မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ
လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။
စစ်တွေကို ရိုက်ခတ်မယ့် ဒီရေလှိုင်းအမြင့်ဟာ
ပေ၂၀ ကျော်မြင့်ပါတယ် ပင်လယ်လှိုင်းဟာ
ရိုက်ခတ်ပီးနောက် ကမ်းပေါ်ရှိ သက်ရှိသက်မဲ့
အရာအားလုံးကို ပင်လဲထဲသို့ ပြန်လည်
ဆွဲခေါ်ယူသွားအုံးမှာဖြစ်တဲ့တွက် အမြန်ရှောင်ပါ။
ကမ်းရိုးတန်း ဒေသက ပြည်သူတွေက
မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ် တိုက် အိမ် တဲ
အကုန်ရှောင်ရမှာပါ။
ဆောင်ရန် ရှောင်ရန်များ 🌪️🌪️
သောက်ရေ(၄ရက်စာ)
အစားစာ(၃ရက်စာ)
ဆေးဝါး ဓာတ်ဆား
အဝတ်၂စုံ
မှတ်ပုံတင်အိမ်ထောင်စုဇယား
Power bank
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင်ပြီး
emergency bagအဖြစ်ထားကြပါ။
ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။
ပြိုလဲနေသော ဓာတ်တိုင် ဝါယာကြိုးများ
ထိတွေ့ကိုင်တွယ်ခြင်းမပြုရ ပါ။
ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်သည်။
ဘေးကင်းကြပါစေ 24 နာရီ အချိန်ရပါသေးတယ်။
12/05/2023
မုန်တိုင်းဒီရေသတိပေးချက်
မိုခါမုန်တိုင်းကြီးသည်မေလ ၁၃ရက်နေ့တွင်ရခိုင်ပြည်နယ်ရခိုင်ကမ်းရိုးတမ်းအနီးကို
CAT4 powerful cyclone မုန်တိုင်းကြီးအဖြစ်ချဥ်းကပ်ရောက်ရှိလာချိန်မှာ ဒီရေလှိိုင်းတွေခေါ်ဆောင်လာခဲ့မှာဖြစ်ပြီး ရေလှိုင်းအမြင့်မှာ ၃၀ပေအထိမြင့်တက်နိုင်ပါတယ်
ပင်လယ်ကမ်းစပ်မြေနိမ့်နေထိုင်ကြသူတွေ အန္တရာယ်ရှိပါတယ်
ဘေးအန္တရာယ်ကင်းကြပါစေ
issued time
12/05/2023 12:09pm(MMT)
Su Su San မင်း ဂွတ် သီး
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
11/05/2022
အခွင့်အရေးလေး လက်လွှတ်မခံကြနဲ့နော်😁😁
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon