Community Fever Clinic - Yangon Network
12/08/2021
အထူးကြေကွဲဝမ်းနည်းခြင်း
ဒေါက်တာကျော်လင်းထွန်း တာဝန်ခံဆရာဝန် ( ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း - မှော်ဘီ ) သြဂုတ်လ ၁၂ ရက် ၂၀၂၁ - နံနက် (၅:၁၀) တွင်ကွယ်လွန်သည်။
Covid -19 ကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြုဖျားနာကုဆေးခန်း (မှော်ဘီ) တွင် ပထမ လှိုင်း မှ စတင်ပြီး တာဝန်ခံဆရာဝန် အနေနင့် ထမ်း ဆောင်ခဲ့သည်။ ဒုတိယလှိုင်း တွင်လည်း ဆက်လက်ထမ်းဆောင်ခဲ့ သည်။ မှော်ဘီမြို့ဍ် Fever Clinic ဖြစ်ပေါ်ရန် စတင်ကြိုးစား အားထုတ်ချိန်မှ စရျ် အစဥ်တစိုက် အမြဲတက်ကြွစွာ ဆောင်ရွက်ပေးခဲ့သည်။
Covid - 19 ကာကွယ်ထိန်းချုပ်ရေးကို အမျိုးသားရေး တာဝန်တရပ်ဟု ခံယူရျ် အသက်ကို ပဓါနမထားဘဲ ရှေ့တန်းခံတပ် တွင် စွန့်လွှတ်ဆောင်ရွက်ခဲ့သည်။ Dr ကျော်လင်းထွန်း ၏ ဆောင်ရွက်ချက်များကို CFC net web ( ygn )မှ အသိအမှတ်ပြု ဂုဏ် ပြုပါသည်။
ရဲဘော် ရဲဖက် တစ်ဦးဆုံး ရှုံးရသည့်အတွက် အထူးကြေကွဲဝမ်းနည်းရ ပါသည်။ မိသားစု နှင့်ထပ်တူ စိတ်မကောင်းပါ။
မပြီဆုံးသေးတဲ့ covid -19 တိုက်ဖျက်ရေး တာဝန်များကို ကျန် အဖွဲ့သားများမှ ဆက်လက်ထမ်းဆောင်သွားပါမည်။
ကောင်းရာသုဂတိရောက်ပါစေ...
# CFCygn network
# 12-8-21 / 17 :40
12/07/2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၃,၄၆၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၆၆,၈၁၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၉၂,၂၁၃) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၅၄၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၆,၃၅၈) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၈၂) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၈၃၈) ဦး ရှိပါသည်။
Source -စစ်ကောင်စီ MOHS
10/07/2021
မင်္ဂလာပါခင်ဗျ
ယခုအခါတွင် COVID-19 ရောဂါခံစားနေရသော ပြည်သူများအနေဖြင့် အမျိုးမျိုးသောအခက်အခဲများကြောင့် ဆေးဝါးမလုံလောက်ခြင်း၊လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီမရရှိနိုင်ခြင်း များဖြစ်ပေါ်နိုင်ပါသည်။ထိုကြောင့် ရောဂါကုသရာတွင် အရေးကြီးဆုံးအချက်များထဲမှ အောက်စီဂျင်ကျနေသော၊မောနေသော လူနာများအတွက် စနစ်တကျပြုလုပ်ပါက အလွန်အကျိုးရှိသော ပြုလုပ်ရမည့် ခန္ဓာကိုယ်အနေအထားပုံစံ များကိုတင်ပြလိုက်ပါတယ်။
ဆေးပညာအရ ယခုခန္ဓာကိုယ်အနေအထားပုံစံများသည် အသက်ရှူရခက်ခဲနေသူများအတွက် သွေးတွင်းအောက်စီဂျင်တက်စေရန် များစွာအကျိုးရှိသည်ဟုလက်ခံထားပါတယ်။အထူးသဖြင့် COVID-19 ရောဂါလက္ခဏာ ခံစားရပြီး အိမ်တွင်သာနေရသူများအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။
ကိုယ်တိုင်ပြုလုပ်ရန်အတွက် လိုအပ်သည်များမှာ
-ခေါင်းအုန်းအရမ်းမမာ မပျော့ 4ခု သိုမဟုတ် 5ခု
-လဲလျောင်းနေရင်းဖြင့် ခန္ဓာကိုယ်အနေအထားပုံစံပြောင်းပေးရန်
-ခန္ဓာကိုယ်အနေအထားပုံစံတစ်ခုကို မိနစ် 30 ထက်ပိုမနေရန်
1.Lying on your belly(မှောက်လျက်အနေအထားပုံစံ)(ကြာချိန် 30 mins)
-ယေဘူရအားဖြင့် မှောက်လျက်အနေအထားပြုလုပ်ရာတွင် ဦးခေါင်းအောက်
တွင်တစ်လုံး၊ရင်ဘက်အောက်တွင်တစ်လုံး၊ခါး ပေါင်ရင်းအောက်တွင်တစ်လုံး၊ပေါင် သို ခြေသလုံး အောက်တွင်တစ်လုံး လိုအပ်ပါသည်။လိုအပ်ပါက လက်အောက်တွင်ပါတစ်လုံးထားနိုင်ပါသည်။
2.Lying on your right side(ညာဘက် ဘေးစောင်းအနေအထားပုံစံ(ကြာချိန် 30mins)
-သက်တောင့်သက်သာအနေအထားဖြင့် ညာဘက်ဘေးစောင်းပုံစံဖြစ်သည်။ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံးလိုအပ်သည်။
3.sitting up(ကျောမှီဖြင့် ထိုင်သည့်ပုံစံအနေအထား)(ကြာချိန် 30mins)
-ခေါင်းအုံးကိုမှီ၍ထိုင်သည့်ပုံစံဖြစ်သည်။ပုံတွင်ပြထားသည့်အတိုင်း 45 ဒီကရီ ပတ်ဝန်းကျင် သက်တောင့်သက်သာအနေအထားချိန်ညှိ၍ ခေါင်းအုန်းလိုအပ်သလောက်အသုံးပြု၍ထိုင်နိုင်ပါသည်။
4.Lying on your left side(ဘယ်ဘက် ဘေးစောင်းအနေအထားပုံစံ(ကြာချိန် 30mins)
သက်တောင့်သက်သာအနေအထားဖြင့် ဘယ်ဘက်ဘေးစောင်းပုံစံဖြစ်သည်။ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံးလိုအပ်သည်။
5.Back to position 1(မူလမှောက်လျက်ပုံစံသိုပြန်ပြောင်းရန်) (ကြာချိန် 30mins)
မူလစတင်ခဲ့သည့် ခန္ဓာကိုယ်အနေအထားပုံစံပြန်ပြောင်းရန်ဖြစ်သည်။
*သတိပြုရန်*
-အဓိကရည်ရွယ်ချက်မှာ လူနာအားအသက်ရှူရာတွင်လွယ်ကူသက်သာစေရန် သက်တောင့်သက်သာဖြစ်စေရန် ဖြစ်သည်။သက်တောင့်သက်သာ မဖြစ်ပါကပုံစံအနေအထား ခေါင်းအုန်းအနေအထား၊အရေအတွက်များ ချိန်ညှိရန်လိုအပ်ပါသည်။
-ဤသိုပြုလုပ်ရန်မှာ အသက်ရှူရခက်ခဲသူများနှင့် သွေးတွင်းအောက်စီဂျင် 94% အောက်ရောက်နေသူများအတွက်သာဖြစ်ပါသည်။
-အစာစားပြီးချိန် တစ်နာရီအတွင်းမလုပ်သင့်သေးပါ။
-ကိုယ်ဝန်ဆောင်များ၊သွေးပြန်ကြောပိတ်သည့်ရောဂါရှိသူများ၊ပြင်းထန်နှလုံးရောဂါရှိသူများ၊ကျောရိုးတင်ပဆုံရိုး ဒဏ်ရာရှိသူ အချိုချိုတိုအတွက် မသင့်တော်ပါ။
-အချိုသော COVID-19ရောဂါပြင်းထန်၍သွေးတွင်းအောက်စီဂျင် အရမ်းကျသူများတွင် မှောက်လျက်အနေအထားကို အချိန်ကြာအောင်ပြုလုပ်ရသည်များလည်းရှိပါသည် ။ထိုသိုအခြေအနေများတွင် နားလည်တတ်ကျွမ်းသော ဆရာဝန် နှင့်သာတိုင်ပင်ဆွေးနွေးအကြံတောင်းရန် တင်ပြလိုက်ပါတယ်။
ပြည်သူအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည်စုံ၍ အခက်အခဲများ ရောဂါကပ်ဆိုးများကို ကျော်လွှားနိုင်ကြပါစေ။
Credit - Charity C-19 call Center
Click here to claim your Sponsored Listing.
Category
Website
Address
Yangon