YUMTO

YUMTO

Share

27/02/2025

#လိုအပ်လျှင်save
နို့စိမ်းခေါက်ဆွဲချက်နည်း.....

ပါဝင်ပစ္စည်း များ

ကြက်သား ၃၀ သား
ကြက်ရိုး အနည်းငယ်
နို့စိမ်း တစ်ဗူး
ကြက်သွန်ဖြူ..ကြက်သွန်နီ. ဂျင်း
မွှေးပဲစိမ်းမှူန့် တစ်ထုပ်
ခေါက်ဆွဲ ၅၀သါး
အချိုမှုန့် .ဆား. သကြား
ခနော ကြက်သားမှုန့်

အရင်ဆုံး ကြက်သား ကို အတုံးသေးသေးလေးတွေ
တုံးထားပီး အချိုအငံ နယ်ပီး နှပ်ထားပေးပါ
နှပ်ထား ပီး ၁၀မိနစ်လောက်ကြာမှ ဆီသပ်ပါ့မယ်နော်
ဆီဆူလာတာနဲ့ ကြက်သွန်နီ. ကြက်သွန်ဖြူ ဂျင်း
ထောင်းထား တာကို အရင် မွှေးလာအောင်
ဆီသတ်ပါ မွှေးလာပီဆိုမှ ကြက်သား ထည့်အရောင်တင်မှုန့် ထည့်ပီး ချက်ပေးပါ
ကြက်သားက အနေတော် ကျက်ပီ ဆိုတာနဲ့ ချလို့ပါပီ.

ဒါဆို ဟင်းရည် စချက်မယ်နော်....
ကြက်ရိုး ကို အချိုအငံ ထည့်ပီး ပြုတ်ထားပေးပါ
ကြက်ရိုး ပြုတ် ရပီ ဆိုတာ နဲ့ ရေဖျော်ထားတဲ့
ပဲစိမ်းမှုန့် ထည့်ပီး မွှေ ပေးရပါ့မယ်
ပဲစိမ်းမှုန့် က အစိမ်းအနံ့ ပျောက်ပီ ဆိုမှ
နို့စိမ်း ဖောက်ထည့်ပါ
ကြက်သွန်ဥ သေးသေးလေးတွေ ရှိရင် ထည့်လို့ရပါတယ်. သကြား. ဆား. ငံပြာရည်...ကြက်သား မှုန့်တို့ကို
လိူသလောက် ထည့် ပါ...
ပီးမှ စောစောက ဆီသတ်ထားတဲ့ ကြက်သား ကို
ထည့်ပီး.... မီးအေးအေးနဲ့ ဟင်းရည်ကျတဲ့ အထိ
တည်ထားပေးပါ နော်
ဟင်းရည် ရပီ ဆိုရင်တော့ မိမိတိူ့ ကြိုက်နှစ်သက်ရာ
ပဲကြော် ငဖယ်ကြော် တို့နဲ့ စားလို့ရပါပီ
အားလုံး အဆင်ပြေကြပါစေရှင်
Credit See less

Crd Photo Phyo

Photos from YUMTO's post 25/02/2025

ဒံပေါက်၊ကြက်ဆီထမင်း၊အုန်းထမင်း၊ပဲထမင်း၊
ထောပတ်ထမင်းချက်နည်း

Photos from YUMTO's post 23/02/2025

" ဆီထမင်း /ရွှေထမင်း /
ထမနှဲ/ခေါပြင် နည်းများ "

ပုံကိုနှိပ်ပြီး ဖတ်ရှုပါရန် ...
မူရင်းပိုစ့်ပိုင်ရှင်အားလုံးကိုCreditပေးပါသည် ...

#ကောက်ညှင်း

Photos from YUMTO's post 19/02/2025

"စားတော်ပဲပြုတ်နည်း"

လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။

သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။အဆင်ပြေကြပါစေနော်။

ပြန်လည်မျှဝေပါသည်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon
11006