Gant Gaw - German Language Class
26/06/2025
Hello 👋 အခုမှ 🇩🇪ဂျာမန်စာကို စတင်လေ့လာမယ့်သူတွေအတွက် 🤩သတင်းကောင်းကတော့ A1 Level အတွက် 🗓️ Timetableလေးထွက်လာပါပြီ။
Online Class ဖြစ်ပြီး တပတ် ၄ရက်တက်ရပါမယ်။
အခြေခံကနေစသင်မယ့်သူများအတွက် အတန်းလေးဖြစ်ပါတယ်။ဖော်ပြထားသောသင်တန်းကြေးမှာ A1.1 Level + A1.2 Level ၂ခုလုံးစာအတွက် စာအုပ်ဖိုးအပါသင်တန်းကြေး ဖြစ်ပါတယ်။ Level တခုချင်းစီခွဲအပ်လို့လည်းရပါတယ်။ စာအုပ်ရှိရင် မယူလို့လည်း ရပါတယ်။ Level တခုစီအတွက်စာအုပ်ဖိုး ၃သောင်းခွဲပါ။
📚Books
📘Schritte plus neu A1.1
📘Schritte plus neu A1.2
📜Deutsch aber Hallo A1
သင်တန်းတွင် ဆရာမအနေဖြင့်
ကျောင်းသားများအခြေနေအလိုက် စာများကို ပုံမှန် သင်ပြပေးပါမယ် 4 skills သာမက လိုအပ်သည့် grammar များကို noteများ လေ့ကျင့်ခန်းများဖြင့် သေချာ သင်ပြပေးပါမယ်။ အချိန်မရွေးပြန်လေ့လာနိုင်ရန် 🎥 video recording 🎞️ ပုံမှန်ဖမ်းထားပေးပြီး အတန်းပြီးပါကပို့ပေးထားပါမယ်။ သို့သော် အတန်း ပုံမှန်တက်သောသူများနှင့် တခါတလေ ကိစ္စရှိ၍ခွင့်တိုင်ပြီးအတန်းပျက်သောသူများကိုသာပေးပါမယ်။
📋အခန်း တိုင်း အတွက် ကျက်ရမယ့် vocabulary ကို အသံထွက်နှင့်တကွ အဓိပ္ပာယ်ကိုပါ ရှင်းပြပေးပါမယ်
သတ်မှတ်ရက် အတွင်း အိမ်စာများအား ပုံမှန် စစ်ဆေး ပေးပါမယ်
📘Level တခု ပြီးသွားပါက test စစ်ဆေးပေးပါမယ်
↔️အပြန်လှန် အနေဖြင့် သင်တန်းသားများအနေဖြင့်
အတန်းမှန်မှန်တက်ပေးရပါမယ် တပတ်ကို အနည်းဆုံး ၁ရက်သာ ပျက်လို့ရပါမယ် ပျက်တဲ့ရက် အတွက် video recording ကို သေချာပြန်ကြည့်ထားပေးရပါမယ်
Dictation ခေါ်သည့်ရက်များတွင် သင်တန်းမပျက်သင့်ပါ စာများပုံမှန်လုပ်ပြီးအိမ်စာများပုံမှန် ထပ်ပေးရပါမယ်
🙋♀️🙋♂️
ဆရာနှင့် ကျောင်းသား အချင်းချင်း အပြန်လှန် ကြိုးစားကူညီချင်းဖြင့် မိမိတွင်ရှိနေသော language skillsများအား Level တခုချင်းစီအလိုက်တဆင့်ချင်း unlockဖြည်ကြပါစို့ 🔏
ဂျာမန် ဘာသာစကားကို စိတ်ဝင်စားသူများ၊ ကျောင်းလျှောက်လိုသူများ၊ ဂျာမနီတွင်နေထိုင်ရေးအတွက်လိုအပ်သူများလာတတ်ဖို့ ဖိတ်ခေါ်ပါတယ်။
✨သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်။
👩🏻🏫သင်ကြားပေးမယ့် ဆရာမကတော့
Teacher Khine Zin Zin Oo
M.A (German) (YUFL)
Diploma in English (YUFL)
အသေးစိတ်မေးမြန်းစုံစမ်းရန်
📲Tel: 09-5404402(viber), 09-788242302
🏫Address: No.1200B၊ကုန်းဘောင်လမ်း၊
(၆)ရပ်ကွက် ၊ တောင်ဥက္ကလာ၊ ရန်ကုန်။
(တောင်ဥက္ကလာစာတိုက်မှတ်တိုင်)
19/03/2025
Hello, အတန်းသစ်မဖွင့်သေးဘူးလားမေးနေကြတဲ့သူတွေ အတွက် ဒီလကုန်ထဲ A1.1 Online Intensive class အသစ်ရှိပါမယ်ရှင် အသေးစိတ်တွေကိုပုံမှာကြည့်နိုင်ပါတယ် စိတ်ဝင်စားရင် စုံစမ်းပြီးအပ်လို့ရပါတယ်
သင်တန်းကို သင်ကြားပေးမယ့် ဆရာမက
Tr.Khine Zin Zin Oo
M.A (German) Y.U.F.L
Diploma in English Y.U.F.L
Former Tutor at Y.U.F.Lဖြစ်ပြီး စာသင်အတွေ့ကြုံ၉နှစ်ကျော်ရှိပါတယ်ရှင်။
24/10/2024
Liebe Deutschlernende
ဒီနေ့တော့ Unterordnende Konjunktionen တွေ အကြောင်း ကို လေ့လာကြပါမယ်။
Unterordnende Konjunktionen
1. Temporalsatz (အချိန်ပြ)
2. Kausalsatz (အကြောင်းရင်းပြ)
3. Konzessivsatz (ဆန့်ကျင်ဘက်ပြ)
4. Finalsatz (ရည်ရွယ်ချက်ပြ)
5. Konsekutivsatz (အကျိုးဆက်ပြ)
6. Konditionalsatz (အခြေနေပြ)
7. Modalsatz (နည်းလမ်းပြ)
ဆိုပြီး ရှိပါတယ်။
👉Konjunktionen အမျိုးစားတွေကိုတော့ အောက်ကပုံမှာ အမျိုးစားခွဲပြီး စုပေးထားပါတယ်။
👉Unterordnende Konjunktionen နဲ့ ဆက်တဲ့ စာကြောင်းတွေက nebensatz (မှီခိုဝါကျ) အမျိုးစားတွေဖြစ်ပါတယ်။
✍️nebensatz ( မှီခိုဝါကျ) ဆိုတာနဲ့ အဲ့ sentence ရဲ့ verbက နောက်ဆုံးမှာရေးရမယ်ဆိုတဲ့ အချက်ကို သတိထားရပါမယ်။
👉ဥပမာအားဖြင့်
အရှေ့က Hauptsatz (main sentence) ကို ပုံမှန် အတိုင်း Subjekt + Verb ပုံစံအတိုင်း Verb ကို ဒုတိယနေရာထားဆောက်ရပြီး
👉conjunction နောက်က nebensatz (မှီခိုဝါကျ) မှာတော့ Verb ကိုနောက်ဆုံးမှာထားရပါတယ်
(Hauptsatz)(Subjekt+ Verb ....)
Ich gehe nicht mit den Freunden aus,
weil ich morgen eine Prüfung habe .👈
(Nebensatz)(… ,Konjunktion + Subjekt +...+Verb.)
Infinitivsatzတွေမှာလည်း Verbကို နောက်ဆုံးမှာပဲထားပါတယ် ထူးခြားချက်က zu နောက်က verbက infinitiv ပုံစံ မူရင်း -enနဲ့ ဆုံးတဲ့ verb ပုံစံဖြစ်ရပါမယ်။
Infinitiv Nebensatz တွေမှာ subjekt မပါရပါဘူး။ subjektဖြုတ်ရေးပြီး verbကို zu နောက်မှာထားပြီး Verb infinitiv ပုံစံ နဲ့ရေးပါတယ်။
Ich stehe heute früh auf, eine Reise zu machen.
(Hauptsatz) (Infinitivsatz)
Es ist unmöglich, in einem Tag alle unterordnende Konjunktionen zu lernen.
တရက်တည်းဒီconjunctionတွေအကုန်လုံးကို လေ့လာဖို့ကမဖြစ်နိုင်ပါဘူးမနေ့ကပြောပြသွားတဲ့ conjunction တွေက A1 Levelမှာ သင်ယူရပါတယ်။ ဒီနေ့ conjunctionတွေက A2 Levelလောက်ကနေစသင်ရတဲ့ conjunction တွေဖြစ်ပြီးB1ထိ ပြီးအောင်သင်ယူပြီးမှသာအကုန်သိနိုင်ပါလိမ့်မယ်
23/10/2024
Liebe Deutschlernende🙋♀️
ဒီနေ့မှာတော့ Konjunktionen ( conjunction )စကားဆက်တွေ အကြောင်းလေ့လာကြပါမယ်။
Konjunktion အမျိုးစား ဘယ်နှစ်မျိုးရှိလဲ သိကြပါသလား။ သူက အဓိကအားဖြင့်
1. Nebenordnende Konjunktionen
2. Unterordnende Konjunktionen
ဆိုပြီး ၂မျိုးရှိပါတယ်။
ဒီနေ့မှာတော့ nebenordnende Konjunktionen အကြောင်းပြောပြပေးပါမယ်။
အသုံးများတဲ့ nebenordnende Konjunktionen (5)လုံးရှိပါတယ်။
👉denn(because), und(and), oder(or), sondern(rather,but)နဲ့ aber(but) တို့
ဖြစ်ပါတယ် ။
👉 Position 0 လိုက်တဲ့ Konjunktionenတွေဖြစ်ကြပြီး Hauptsatz( Main sentence) 2ကြောင်း ဆက်တဲ့ နေရာမယ် အသုံးပြုနိုင်ပါတယ် ။
✍️Sentence ၂ခု ဆက်တဲ့နေရာမှာ သတိထားရမှာက conjunction နောက်က sentence က Subject နဲ့ပဲပြန်စပြီး Subject +Verb ... အဆင်လိုက်ရေးရတယ်ဆိုတာပါ။
👉 und, sondern , နဲ့ oderတို့ကိုတော့ များသောအားဖြင့် Satzteile (phrase) တွေဆက်တဲ့ နေရာမှာလည်း သုံးနိုင်ပါတယ်။
👉aber ကို မြန်မာလိုဆို ဒါပေမဲ့လို့ ဘာသာပြန်နိုင်ပါတယ် ။
👉sondernရဲ့ အဓိပ္ပာယ်က မြန်မာလိုဆို အဲ့ဒီအစားလို့ ဘာသာပြန်လို့ရပါတယ်။
Er kauft keinen Apfel, sondern eine Orange.
သူ ပန်းသီးမဝယ်ဘူး အဲ့ဒီအစား လိမ္မော်သီးဝယ်တယ်ဆိုပြီး ဘာသာပြန်လို့ရပါတယ်
အရှေ့စာကြောင်းက မလုပ်ဘူး မဝယ်ဘူး စတဲ့
👉အငြ င်း ဝါကျ negative sentence ဖြစ်လေ့ရှိပါတယ်
မှတ်ရလွယ်အောင် အောက်ကပုံမှာ နမူနာ sentence တွေနဲ့
ဆောက်ပြထားပါတယ်
06/10/2024
Hello, အတန်းသစ်မဖွင့်သေးဘူးလားမေးနေကြတဲ့သူတွေ အတွက် ဒီလကုန်ထဲ A1.1 နဲ့ နောက်လအစထဲA2.1 Online class အသစ်ရှိပါမယ်ရှင် အသေးစိတ်တွေကိုပုံမှာကြည့်နိုင်ပါတယ် စိတ်ဝင်စားရင် စုံစမ်းပြီးအပ်လို့ရပါတယ်
သင်တန်းကို သင်ကြားပေးမယ့် ဆရာမက
Tr.Khine Zin Zin Oo
M.A (German) Y.U.F.L
Diploma in English Y.U.F.L
Former Tutor at Y.U.F.Lဖြစ်ပြီး စာသင်အတွေ့ကြုံ၉နှစ်ကျော်ရှိပါတယ်ရှင်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
1200 B, Kone Baung Street, 6 Quarter, , South Okkalarpa
Yangon
R5WH+J3SOUTHOKKALAPA
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |