HTY Free Style Second Hand Shop
Customer ကို ဝယ်ဝယ် မဝယ်ဝယ် လေးလေးစားစား ဆက်ဆံပေးပါ။
လွန်ခဲ့တဲ့ ၂၄ နှစ် ၁၉၉၆ ခုနှစ်တုန်းက ကျွန်တော်က လခစား ဝန်ထမ်း တစ်ယောက်ပါ။ တစ်နေ့ ကြုံလို့ Trader Hotel အခု Sule Shangri La Hotel အောက်မှာ ဖွင့်ထားတဲ့ Omega showroom ကို မဝံ့မရဲလေးနှင့် ဝင်ကြည့်ခဲ့တယ်။ James bond မင်းသားပတ်တဲ့ နာရီကို သဘောကျလို့၊
အဲဒီက အရောင်းကောင်မလေးက ကိုယ်နှင့် အသက် မတိမ်းမယိမ်း ၂၀ ကျော် လောက်ပါဘဲ၊ ကိုယ့်လို မဝယ်နိုင်မှန်း သိတဲ့လူတစ်ယောက်ကို omega နာရီ model တစ်မျိုးပြီးတစ်မျိုးကို စိတ်ရှည် လက်ရှည် ရှင်းပြပေးတော့ တော်တော် အံ့ဩမိပါတယ်။
ကိုယ်က မနေနိုင်လို့ မေးလိုက်တယ် "ကျွန်တော် မဝယ်နိုင်မှန်းသိရဲ့သားနှင့် ဘာကြောင့် ဒီလောက်တောင် ရှင်းပြရတာလဲ"
သူက ပြုံးပြုံးလေး ပြန်ဖြေတယ်၊ " အခု မဝယ်နိုင်ရင်လည်း နောင်တစ်ချိန် ဝယ်နိုင်တဲ့အခါကြတော့ စဉ်းစားလို့ရတာပေါ့တဲ့။ ဒါ့အပြင် တခြားဝယ်မယ့် သူတွေကိုလည်းပြန်ပြောလို့ရတာပေါ့တဲ့"
ကျွန်တော် အဲဒီစကားလေးကို ဘယ်တော့မှမမေ့ဘူး။ နောက် ၁၂ နှစ် အကြာ ၂၀၀၈ ခုနှစ်က Singapore ရောက်တုန်း ပထမဦးဆုံး နာရီအကောင်းစားလေးတစ်လုံး ပတ်မယ်လို့ လိုက်ကြည့်ရင်းနှင့် Omega ကိုဘဲ ရွေးဖြစ်သွားတယ်။ အခုထိလည်း ကြုံရင် ပတ်နေတုန်းပါ။
၁၉၉၆ ခုနှစ်က အဲဒီ အရောင်းကောင်မလေးသာ ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံခဲ့ရင် ကျွန်တော်လည်း Omega နာရီဝယ်ဖြစ်မှာ မဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က အရောင်းသမား တစ်ယောက်ပါ။ လွန်ခဲ့ ဝန်ထမ်းဘဝ တုန်းက တွေ့ခဲ့တဲ့ တစ်ချို့ customers တွေက အခု ကျွန်တော်ရဲ့ services တွေကို အားပေးတဲ့ loyal customers တွေပါ။
ကိုယ်ရဲ့ ဖောက်သည်ကို ရေတို မကြည့်ဘဲ တစ်သက်လုံး ရေရှည် customers ဖြစ်အောင် ရောင်းနိုင်ပြီး တစ်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးမှာ အောင်မြင်တဲ့ လူငယ်တွေ ဖြစ်ကြပါစေ။
ကြိုက်လို့copy ယူထားတာပါ
ပေးပါတယ်ခင်ဗျ
20/08/2021
HTY Page☠☠☠ တွင် ပစ္စည်းဝယ်ယူနည်း
Post တင်ထားသောပစ္စည်းပုံများကို သေချာကြည့်ရှုပြီး စိတ်ဝင်စားပါက Screen Shot ရိုက်ပြီး Page CB တွင် အမည်, နေရပ်လိပ်စာ, ဖုန်းနံပါတ် အတိအကျပေး၍သော်လည်းကောင်း ဖုန်းနံပါတ် ၀၉၇၇၈၄၄၂၄၄၈ ကိုဆက်သွယ်၍သော်လည်းကောင်း အားပေးနိုင်ပါသည်။ (Post တွင် ယူ(U) ဟု Comment ရုံမျှဖြင့် အတည်မပြုနိုင်ပါ)
မသဲကွဲသော Profile အကောင့်များ, နာမည်များ, အကောင့်အတုများဖြင့် စုံစမ်းလာပါက ပြန်လည်ဖြေကြားပေးမည် မဟုတ်သောကြောင့် မိမိတို့၏ အကောင့်အစစ်ဖြင့် အားပေးကြပါရန် မေတ္တာရပ်ခံပါသည်။🤗🤗🤗
တစ်ချို့ပစ္စည်းများ၏ စျေးနှုန်းများကို Page တွင် တင်ထားပေးမည်ဖြစ်ပြီး စျေးနှုန်းမတင်ထားသော တန်ဖိုးများသည့်ပစ္စည်းတစ်ချို့ကိုမူ Page Chat Box (သို့) ဖုန်းဆက်စုံစမ်း၍ အားပေးနိုင်ပါသည်။
အရင်ဆုံး Page Chat Box တွင် (သို့) ဖုန်းဆက်စုံစမ်းသူကိုသာ ဦးစားပေး ရောင်းပေးမည်ဖြစ်ပြီး တစ်ခါတည်း ယူရန် confirm မလုပ်ပေးနိုင်ပါက ဒုတိယ စုံစမ်းသူကို ဆက်လက်ရောင်းချသွားမည် ဖြစ်ပါသည်။
ပစ္စည်းယူရာတွင် အငြင်းပွားစရာ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက Page Admin ၏ ဆုံးဖြတ်ချက်သာ အတည်ယူမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ခြင်း ဖြစ်သောကြောင့် မည်သူ့ကိုမှ ဆွေမျိုး, မိတ်ဆွေ, အပေါင်းအသင်း, ဝယ်နေကျ Customer ဆိုပြီး မျက်နှာလိုက် ရောင်းချသွားမည် မဟုတ်ကြောင်း အာမခံပါသည်။
Second-hand ပစ္စည်းများဖြစ်ြခင်းကြောင့် Used ပုံစံများ အနည်းနှင့်အများ ရှိပါမည်။
ပစ္စည်းများကို ဓါတ်ပုံများ, အတိုင်းအတာများနှင့်တကွ သေချာတင်ထားပေးသောကြောင့် ယူပြီး ပစ္စည်းများကို လုံးဝ (လုံးဝ) Cancel မလုပ်ပါရန် မေတ္တာရပ်ခံပါသည်။
ငွေပေးချေမှုစနစ်
Wave Money - 09778442448 (Password
နှင့်မဟုတ်ဘဲ Account ထဲ ထည့်ပေးပါရန်)
KBZ Pay - 09778442448
HTY Page သည် ရန်ကုန်မှ Online Only စနစ်ဖြင့် ရောင်းချခြင်းဖြစ်သော်လည်း ပစ္စည်းမှာပြီး သွားပို့သောအခါ Cancel လုပ်တတ်သောဖြစ်ရပ်များရှိ၍ ရန်ကုန်မြို့တွင်း Cash on Delivery စနစ်မရှိပါ။🙅♀️🙅♀️🙅♀️
Confirm ဖြစ်ပြီး ၂၄ နာရီအတွင်း နယ်ဖြစ်စေ, ရန်ကုန်ဖြစ်စေ ငွေကြိုလွှဲရပါမည်။ သတ်မှတ်ချိန်တွင်း ငွေလွှဲမဝင်ပါက Auto Cancel ဖြစ်ပြီး ဒုတိယမေးထားသူအား ဆက်လက်ရောင်းချ သွားမည်ဖြစ်ပါသည်။
ပို့ဆောင်မှုစနစ်
ငွေလွှဲဝင်ပြီး သုံးရက်မှ ငါးရက်အတွင်း ရန်ကုန်မြို့တွင်း စိတ်ချရပြီး သက်သာသော Deli အပ်ပေးပါသည်။ နယ်ဖြစ်ပါက ကားဂိတ်သို့ ပို့ပေးပါသည်။🚛🚛🚛
ကုန်ကျသော Deli ခ, ကားဂိတ်ချခ, တန်ဆာခများအား ဝယ်ယူသူမှ ပေးရမည်ဖြစ်ပါသည်။
Admin တို့ဘက်မှ ဝယ်ယူပြီးသော ပစ္စည်းများအား မပျက်စီးစေရန် သေချာစနစ်တကျ ထုတ်ပိုးပေးမည်ဖြစ်ပြီး ခရီးလမ်းပန်း ကုန်တင်ကုန်ချ အခြေအနေအရ ပစ္စည်းများပျက်စီးပါက တာဝန်ယူ ပြန်လည်ပေးလျော်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
Admin တို့၏ အိမ်နေရာအခက်အခဲကြောင့် ငွေပေးချေဝယ်ယူထားသော ပစ္စည်းများအားလည်း အချိန်ကာလ ၂ ပါတ်/ (၁၄) ရက်သာ သိမ်းထားပေးနိုင်မည် ဖြစ်ပါသည်။
အထက်ပါ စည်းမျဉ်းစည်းကမ်း စနစ်များသည် Online Shopping Page တစ်ခုအတွက် မဖြစ်မနေ လိုအပ်သော အချက်များဖြစ်သောကြောင့် အချက်တစ်ချက်ချက်မှ အမှန်တစ်ကယ် ဝယ်ယူအားပေးလိုသည့် Customer များအတွက် အဆင်မပြေမှု စိတ်အနှောင့်အယှက် ဖြစ်ရပါက HTY Page Admin မှ ကြိုတင် အနူးအညွတ် တောင်းပန်အပ်ပါသည်။🙏🙏🙏
ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon