Shelldesign.
“ရုပ်ဝတ္ထုခေတ်မှာ နေ့ရက် တိုင်းဟာ ပျော်စရာတွေ နည်းသထက်နည်းလာနေပါတယ်”
အခုချိန်မှာ သက်တောင့်သက်သာ နိုးထလာရတာ၊ coffee ပူပူတစ်ခွက်ကို စိတ်ကြိုက်ဖျော်သောက်နိုင်တာ၊ တစ်နေ့တာ အလွဲတွေကို နားထောင်ပေးနိုင်မယ့်နားတွေရှိနေတာ ကျွန်တော်တို့ ပိုင်ဆိုင်နိုင်သမျှပါ။
ဒါတွေအားလုံးကို အိမ်လို့ခေါ်တဲ့နေရာထဲ အမြဲထည့်ထားနိုင်ရင်တော့ ဘဝမှာ စိတ်ပင်ပန်းမှု တစ်ဝက်လောက်သက်သာရပါလိမ့်မယ်ထင်ပါတယ်။
ကျွန်တော်တို့ team လုပ်တဲ့ အလုပ်ဟာ မိသားတစ်စုရဲ့ စိတ်ခံစားချက်တွေကို စနစ်တကျသိမ်းဆည်းပြီး သေချာနေရာချထားပေးတာပါ။
ဒီအိမ်လေးမှာတော့ အပို အဆောင်းအနေနဲ့ အခန်းထောင့်တစ်ထောင့်ကနေ မျက်လုံး တစ်ချက်ပင့်အကြည့်၊ လမ်းဖြတ်အလျှောက် ကလေးတွေမှာတောင် တွေ့၊ထိ၊ကြည့်မိတဲ့ spot တိုင်းကို စိတ်ကျေနပ်စရာကောင်းအောင် crafted လုပ်ပေးထားခဲ့ပါတယ်။
စိတ်ခံစားချက်များကို space များနှင့်ချိတ်ဆက်ခြင်းကို ကျွန်တော်တို့ ပြုလုပ်ပါတယ်။ ဒါကို ကျွန်တော်တို့Shelldesign မှ design လုပ်တယ် လို့ သုံးနှုန်းပါတယ်။
Note : Special Thanks to our clients who listen, support, and discuss for every design outcome. Plus performing as the casts in the video.
Location :Residence 18 Condominium
Design & Design Management : Shelldesign.
Decorative Material Buying : Shelldesign
Installation and Fit out works : Build Mark
Loose Furniture Restoration : AVA Vintage Furniture and collectibles
Furniture Artwork : Tin Mar Lynn
Year :2026
17/08/2025
Project : Ya Kun Kaya Toast Thailand Branch
Location : Susco Square, Bangkok.
Status : Completed
Interior Design : Shelldesign.
Project Year : 2025
Ya Kun Kaya Toast Thailand အတွက် ဒီဇိုင်းရေးဆွဲပေးရာမှာ client, developer, thailand franchise manager နှင့် Singapore brand manager တို့နဲ့ အတူ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရပါတယ်။
မူလဒီဇိုင်းထက် Brand Guidelines များလိုက်နာရန် အတွက် design outcomes အဆင့်ဆင့်ပြောင်းလဲခဲ့သော်လည်း final result မှာ Ya Kun brand ၏ မူလသွင်ပြင် နှင့် အရသာ မပျောက်အောင် ထားရှိနိုင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ brand တစ်ခု၏ သတ်မှတ်ချက်၊စည်းမျဉ်းများနှင့်အတူ ဒီဇိုင်းဖန်တီးမှု အခွင့်အရေး နည်းပါးသည့်အတွက် ဖန်တီးမှုနဲ့ တိကျမှုအကြား မျှမျှတတ control လုပ်ခဲ့ရတဲ့ project တစ်ခုဖြစ်ခဲ့ပါတယ်။
“Designing within brand guidelines, while finding space for creativity.”
We had the opportunity to design Ya Kun’s Thailand branch, working closely with the client, developer, and brand teams from both Thailand and Singapore.
While our original design direction carried our creative vision, the final outcome naturally evolved through the process of aligning with Ya Kun’s established brand guidelines. This negotiation between creativity and brand identity ensured that the project remained true to the brand’s core values while adapting to the local context.
From a designer’s perspective, it was a valuable experience to balance innovation with consistency, navigating between different voices and priorities. The result reflects not only the spirit of Ya Kun but also the collaborative effort behind bringing the project to life in Thailand.
.
Yangon Contact
245, Kyaik Ka San Road, Tamwe Township. Yangon.
+959780807474
Bangkok Contact
234, Sukhumvit Rd, Thepharak, Mueang Samut Prakan District, Samut Prakan 10270
+6693050135
26/09/2024
Project : Green House Cafe & Lounge
Architecture & Interior Design : Shelldesign.
Scope of work : Design works
Construction and Fit out works : By Client
Timeline : 2024
Location : Yangon, Myanmar
11/09/2024
Project Type : Home Decoration
Interior Design : Shelldesign.
Scope of work : Design and furniture Buying
Fit out works : By Client
Timeline : 2024
Location : Coventry, United Kingdom
Design professional တွေဟာ အလှ အပ ဖန်တီးသူသက်သက်မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်ခံစားချက်၊ ထင်ယောင်ထင်မှားမှုတွေနဲ့ stress တွေကိုလဲ ဖြေရှင်းပေးမယ့်သူတွေ ဖြစ်ပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက်ရောထွေးနေတဲ့ သင့် အတွေးတွေကို visualize လုပ်ဖို့၊ Furniture ဆိုင်သွားပြီး ဟိုဟာလေးလဲလှ၊ ဒီဟာလေးလဲကြိုက် ဘာဝယ် ရကောင်းမလဲဒွိဟ ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို decision ချနိုင်ဖို့ ၊ မလိုအပ်တဲ့ ပစ္စည်းတွေကြောင့် ငွေကုန်ကြေးကျ ပိုများသွားတာမျိုး မဖြစ်စေဖို့ interior design professionals တွေက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင်ပိုင်ဆိုင်ထားတဲ့ နေရာထိုင်ခင်း၊ လက်ဝယ်ရှိတဲ့ budget နဲ့ သင်လိုချင်တဲ့ အရာတွေကို လက်တွေ့ကျကျ ဘယ်လို အကောင်းဆုံး ပုံဖော်မလဲ ဆိုတာတွေ အတွက် သူတို့ဆီမှာအဖြေအမြဲရှိနေပါတယ်။
အခု project လေးကတော့ United Kingdom, Coventry City မှာ ရှိတဲ့ Semi-detached house လေးကို အကြီးစားပြင်ဆင်မှု မျိုး မလုပ်ချင်ပဲ သက်တောင့်သက်သာ နေချင့် စဖွယ် အိမ်လေး ဖြစ်အောင် လုပ်ပေးပါ ဆိုတဲ့ client ရဲ့ request နဲ့ အညီ shelldesign မှ design ရေးဆွဲပေးခဲ့ပါတယ်။
Client’s Benefits
—————————
Client အနေနဲ့ design professional နှင့် တိုင်ပင် ခဲ့တဲ့ အတွက်
functional Layout တစ်ခု ရရှိခဲ့ပြီး space ကိုကောင်းစွာ သုံးနိုင်ခဲ့ပါတယ်။ စိတ်ကူးများကို မျက်မြင်တွေ့နိုင်ခဲ့ပါတယ်။
မိမိကြိုက်နှစ်သက်သည့် pop up colour များကိုလည်း တစ်အိမ်လုံး လိုက်ဖက်ညီညီ အသုံးပြုနိုင်ခဲ့ပြီး loose furniture ရွေးခြယ်ရာတွင်လည်း နံရံအရောင်များနှင့် ကိုက်ညီမှုရှိစေရန် အတွက် ခေါင်းခြောက်ခံစရာမလိုပဲ online shopping cart ထဲမှ designer ရွေးထည့်ထားသည်များကို အဆင်သင့်ဝယ်ယူ နိုင်ခဲ့ပါတယ်။
Shopping cart ထဲမှ total ကုန်ကျစရိတ် ကိုလဲ အလွယ်တကူ မြင်သာသောကြောင့် budget management လဲ ပြုလုပ်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ shelldesign မှ နိုင်ငံရပ်ခြား project များအတွက် နေထိုင်နေကြသော client တို့ရဲ့ ပူးပေါင်းမှုနှင့်အတူ လိုအပ်သော research များ ပြုလုပ်ပြီး design provide လုပ်ပေးနေပြီဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(245), Kyaik Ka San Road, Tamwe Township
Yangon
11181
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |