EDC Center

EDC Center

Share

08/03/2024

အမှတ်တရများစွာနဲ့ ကလေးတို့ရဲ့ ငယ်ဘဝကို
ဖြတ်သန်းနိုင်ဖို့ EDC ရှိနေပါပြီ။

ဖေဖေမေမေတို့ရေ…
ဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရဆိုတာ ကလေးတိုင်းရဲ့ တန်ဖိုးဖြတ်မရတဲ့ ရတနာလေးတွေပဲဖြစ်ပါတယ်။ EDC Center မှာတော့ ပျော်စရာကောင်းတဲ့ အတန်းလေးတွေ အများကြီးဖန်တီးပေးထားပါတယ်။

📌📌ကလေးအိမ်မက်ကမ္ဘာကို အလည်ခေါ်သွားချင်ပါသလား

EDC မှာ ကလေးတိုင်းရဲ့ အိမ်မက်ကိုအကောင်အထည်ဖော်လို့ရမယ့် အားကစားသင်တန်းမျိုးစုံဖွင့်ပေးထားပါတယ်။
​ကလေးတွေအတွက် ငယ်ရွယ်စဥ်မှာ Socialize လုပ်တတ်​အောင်၊ အဖွဲ့စိတ်ဓာတ် ထားတတ်အောင် သင်ထားမှ အသက်ကြီးလာတဲ့အခါ အောင်မြင်ဖို့ အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် EDC မှာ မတူညီတဲ့အားကစားတွေနဲ့ ကလေးအနာဂတ်ကိုပါ ပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးလုံခြုံရေးအတွက်ကလည်း EDC ရဲ့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ အတန်းတစ်တန်းချင်းစီမှာ ကျွမ်းကျင်ဆရာတွေ၊ Safety Policy တွေနဲ့အညီ ထားပေးထားလို့ အန္တရာယ် ဖြစ်မှာ လုံးဝ စိုးရိမ်စရာမလိုပါဘူး။
Professional Trainers တွေ၊ တိကျသေချာတဲ့ သင်ရိုးတွေနဲ့ ကလေးတွေက်ို လုံလုံခြုံခြုံနဲ့ ပျော်ရွှင်မှူအပြည့်ရအောင် သင်ကြားပေးနေတာပဲဖြစ်ပါတယ်။

သားသားမီးမီးတို့ ငယ်တဲ့အချိန်တွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေချင်တယ်ဆိုရင်တော့ EDC Center ရဲ့ Extracurricular Activities တွေနဲ့ စိတ်ကြိုက် အားကစားအတန်းလေးတွေကို ရွေးချယ်တက်ရောက်နိုင်ဖို့ EDC Center ရှိနေပါပြီ။
အသက်အရွယ်အားဖြင့် (7) နှစ်ကနေ (16) နှစ်အထိ ဖြစ်ပြီး လက်ရှိမှာ စာရင်းသွင်းပြီးတက်ရောက်နိုင်တဲ့ EDC ရဲ့ Physical Class ​တွေ ၅ခု က​တော့

📌Summer Special Swimming Class
📌Summer Special Football Class
📌EDC Basketball Class
📌Summer Special Taekwondo Class
📌Summer Special Table Tennis Class

ကလေးကို နည်းစနစ်တကျ ပြုစုပျိုးထောင်ပေးလိုသူ မိဘများ၊ ဆရာ/မ များအတွက် အထူးအကျိုးရှိစေမယ့် EDC Center မှ ပြင်ပလှုပ်ရှားမှု သင်တန်းလေးများကို တက်ရောက်ဖို့အတွက် အခုချက်ချင်း ဆက်သွယ်မေးမြန်းလိုက်ပါ။

“အကောင်းဆုံးအမှတ်တရများကို EDC နဲ့အတူ ဖြတ်သန်းလိုက်ပါ။”

အတန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက -
☎️09972726377
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

06/03/2024

ဖေဖေမေမေတို့ရေ..... ဒီနေ့မှာတော့ ရေကူးခြင်းက ကလေးတွေအတွက် ဘယ်လိုအထောက်အကူပြုလဲ? ဘာကြောင့်ရေကူးအားကစားကို ရွေးချယ်သင့်လဲဆိုတာ ပြောပြပေးသွားပါမယ်ခင်ဗျ

💪 Physical benefits
ရေကူးခြင်းဟာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးပြီး အမောခံနိုင်အောင်
stamina တက်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို သန်မာစေပြီး Flexibility ကို တိုးတက်​စေပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကိုလဲ ထိန်းညှိပေးလို့ Weight loss အတွက်လဲ ကူညီပေးပါတယ်။ ဒါ​ကြောင့် သားသားမီးမီးတို့ နေ့စဥ်ဘဝကို သွက်သွက်လက်လက်နဲ့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်အောင် ရေကူးသင်ပေဖို့ တိုက်တွန်းပါတယ်။

🧠 Mental benefits
ရေကူးခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုပါတယ်။ အဓိက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကို လျှော့ချပေးပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ screen time များတဲ့ ကလေးတွေမှာ စိတ်တိုလွယ်တာ၊ စိတ်အလိုမကျတာ စတဲ့ ပြဿနာတွေ အဖြစ်များလို့ ရေကူးခြင်းနဲ့ သင့်ကလေးကို ပျော်ရွှင်အောင် ဖန်တီးပေးလိုက်ပါနော် 🤗

👬 Social benefits
ရေကူးသင်တန်းတွေ join ခြင်းအားဖြင့် teamwork ကို တိုးတက်စေပြီးတော့ သူငယ်ချင်းအသစ်တွေလဲ ရစေပါတယ်။ Coach ရဲ့ စကားကို သေချာလိုက်နာရတာကြောင့် learning skill ပါ မြှင့်တင်သွားနိုင်ပါတယ်။

🏊‍♀️ Safety benefits
ရေကူးတတ်ထားခြင်းကြောင့် မတော်တဆ ရေထဲပြုတ်ကျသွားတဲ့အခါမျိုးမှာ မိမိကိုယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ခုလို အကျိုးကျေးဇူးတွေကိုလဲ သိသွားပြီ၊ ဒီနွေရာသီမှာလဲ ရေကူးသင်တန်းကောင်းကောင်း ရှာနေတယ်ဆိုရင် ကျွန်တော်တို့ EDC Center မှာ Summer Special Swimming class နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Novotel Yangon Max ရဲ့ ၆လွှာမှာရှိတဲ့ အဆင့်မြင့်ရေကူးကန်ကြီးမှာ တန်းခွဲ ၂ခုထိ ဖွင့်လှစ်ပြီးဖြစ်တဲ့အပြင် အရည်အချင်းပြည့်ပြီပြီး စိတ်ရှည်တဲ့ Coach တွေက အနီးကပ် စနစ်တကျလေ့ကျင့်သင်ကြားပေးမှာဖြစ်တာကြောင့် တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် 🤗

အသေးစိတ်စုံစမ်းချင်တယ်ဆိုရင် ဖုန်း 09972726377 ကိုခေါ်ဆိုနိုင်ပါတယ်ခင်ဗျ

#ရေကူးသင်တန်း

24/02/2024

ယနေ့ကျရောက်သော တပို့တွဲလပြည့်နေ့ ( သြဝါဒပါတိမောက် အခါတော်နေ့ ) မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း EDC Center မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💫🌟

#တပို့တွဲလပြည့်နေ့
#2024

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (27), (90)th Street, Mingalar Taung Nyunt
Yangon