DSS - Real Estate Service
13/05/2024
အမွေဆက်ခံပိုင်ဆိုင်မှု
ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ.......
အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။
မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက် မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။
( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။ )
ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။
အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။
အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။
( မှတ်ချက်။ ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ )
သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။
အထူးသတိထားသင့်သောအချက်မှာ
အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။
အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။
Ref :
[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။
Credit to owner with respect
16/02/2024
တိုက်ခန်းဝယ်တာ ရောင်းသူက ငွေချေပြီးရင် တစ်လနှစ်လလောက် ခဏနေချင်တယ်လိုအကူညီတောင်းပါတယ်
အဆင်ပြေပါ့မလားဆရာ။
တိုက်ခန်းကို အပျောက်စနစ်ဖြင့် ဝယ်ယူသည်ဆိုသော်လည်း စာချုပ်စာတမ်းကို မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူခြင်းမဟုတ်သောကြောင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၄ အရ အခန်း၏ ပိုင်ဆိုင်အကျိုး ခံစားခွင့်ကို လွှဲပြောင်းရရှိမည်မဟုတ်ပါ။ အခန်ုးကို လက်ရောက်မရရှိခဲ့သောကြောင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၅ အရ အခန်း၏ အကျိုးခံစားခွင့်ကိုလည်း လက်ခံရရှိခြင်းမရှိပါ။
အခွင့်အမိန့်အရ နေထိုင်ခွင့်ပေးသူသည် အခွင့်အမိန့်ပေးစဉ်က ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့် ပေးသည်ဆိုသောပစ္စည်းကို လက်ရှိဖြစ်ရန် လိုအပ်ပါသည်။
ဦးဘခင် (ခ) ဦးအဒူလ်ဆိုလ် ပါ ၃နှင့် ဦးအဒူ (ခ) ဦးထွန်းလှ ပါအမှုတွင် ဥပစာတစ်ခု၏ပိုင်ရှင် (သို့)ယင်းဥပစာကို ပိုင်ဆိုင်ပြီး လက်ရှိစီမံခန့်ခွဲခွင့်ရှိသူကသာ အခြားသူတစ်ဦးကို ၎င်းပိုင်ဆိုင်သည့် ဥပစာအတွင်း နေထိုင်ခွင့် ပြုနိုင်ကြောင်း အခွင့်အမိန့်ပေးနိုင်ပါသည်ဟု စီရင်ထုံးတွင် ဖော်ပြပါရှိသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၅ တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အငှားချထား ခြင်းဆိုသည်မှာ-ထိုပစ္စည်း၏ အကျိုးခံစားခွင့်ကို အချိန်ကာလသတ်မှတ်၍ဖြစ်စေ၊ ထာဝစဉ်ဖြစ်စေ၊ တန်ဖိုးပေးသည့်အတွက် လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
ပုဒ်မ ၁၀၅ အရ ပစ္စည်းကို အငှားချထားပါက အငှားချထားသည့် ပစ္စည်း၏အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိမှသာ ငှားရမ်းသူဖြစ်လာမည်ဖြစ်သည်။
အငှားစာချုပ်ချုပ်ဆိုခြင်းသည် အဖိုးစားနားပေး၍ အခန်းကိုယာယီ လက်ရောက်နေထိုင်ရန် စာချုပ်ချုပ်ဆိုခြင်းဖြစ်၍ အခွင့်အမိန့်အရနေထိုင်ခွင့်ပြုခြင်းနှင့် မတူပါ။
ဥပစာတွင် နေထိုင်သူသည် ဥပဒေအရ ပိုင်ရှင်အဖြစ် ဆက်လက်နေထိုင်သည့်အခြေအနေမျိုးရှိသည့်အတွက် အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်မရှိကြောင်း ၊ ဝယ်ယူသူသည် လက်ရှိနေထိုင်သူအား အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ဖယ်ရှားခွင့်မရှိကြောင်း ဦးရန်ကနားနှင့် ဒေါ်ခင်သီအမှု ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊စာမျက်နှာ ၁၅ နှင့်ဒေါ်သောင်းစိန်နှင့် ဒေါ်ကြည်အမှု- ၁၉၈၄ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊စာမျက်နှာ ၄၃ တို့တွင် စီရင်ထုံးဖွဲ့ထားပါသည်။
ထို့ကြောင့်တိုက်ခန်းကို အပျောက်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူပြီး လက်ရှိရယူခဲ့ခြင်းလည်းမရှိပဲ တိုက်ခန်းကို မူလကပင်နေထိုင်ပြီးရောင်းချသူများကို ဝယ်ယူသူက ခွင့်ပြုချက်ဖြင့် အခွင့်အမိန့်ဖြင့် နေထိုင်ခွင့်ပေးသူဟု သတ်မှတ်မရပါကြောင်း၊
အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူသူသည် ဝယ်ယူစဉ်က အခန်းလက်ရောက်ရယူခဲ့မှသာ မိမိပိုင်ဆိုင်မှုအပြည့်အဝရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်အပြည့်ဝငွေချေတာနဲ့တိုက်ခန်းကိုလက်ရောက်ယူသင့်ပါကြောင်း
ဖော်ပြပေးလိုက်ပါတယ်။
credit to copy
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
North Dagon
Yangon