Your Legal Partner - YLP

Your Legal Partner - YLP

Share

01/05/2026

#ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
ဗဟုသုတ အနေဖြင့် မျှ​ဝေပေးလိုက်ပါတယ်ခင်ဗျ😍😍😍

မြေငှါးဂရန်
ပျောက်လို့
စိတ်မညစ်ပါနှင့်
မြေငှါးဂရန်
မိတ္တူမှန်
ထုတ်ယူလို့ရတယ်

အမည်ပေါက်
အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက ဘယ်လိုဆောင်ရွက်ရမည်ကို မသိရှိကြပေ။ ဟိုလူမေး၊ ဒီလူမေးရင်းနောက်ဆုံး မကျွမ်းကျင်သော ပွဲစားများဖြင့် တွေ့ဆုံပြီး အလိမ်ခံကြရတာကို များစွာ တွေ့ရပါတယ်။ ဒီအပတ်မှာတော့ အဲဒီလို မဖြစ်စေရန် ဂရန် မိတ္တူမှန် ရရှိမဲ့ နည်းလမ်းကောင်းကို "လွှတ်တော်ရှေ့နေမောင်ကောင်းဖေ" က ရှာဖွေတင်ပြထားသည်ကိုပြန်လည်မျှေဝလိုက်ပါသည်။

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့

အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ

(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)

(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း

(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)

(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ

(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။

(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။

(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ဒီနေရာမှာ "မောင်ကောင်းဖေ"အနေနဲ့ ထပ်လောင်းပြောပြချင်တာကတော့ ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ "မောင်ကောင်းဖေ" ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။

စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။

✍စာဖတ်သူပရိသတ်များ မြေငှါး (ဂရန်) မိတ္တူမှန် လက်ဝယ်ကိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေ ✍

Credit​ to လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

#အိမ်ခြံမြေစာချုပ်စာတမ်း
#အိမ်ခြံမြေဗဟုသုတ

18/10/2025

နို့တစ် အကြောင်း တစေ့တစောင်း✍️

နို့တစ်စာပေးကြရာဝယ် ----

- နို့တစ် (၃) မျိုးရှိပါသည်။

(1) Actual notice
(2)Constructive notice
(3) Notice to agent.

(1)Actual notice
လူတစ်ဦးတစ်ယောက်အား
အသိပေးလိုသည့်အကြောင်းအရာကို
အမှန်တကယ် ထိုအသိပေးလိုသူက
သိရှိစေခြင်းဖြစ်သည်။

၎င်းနို့တစ်စာမျိုးကို အမှန်တကယ်
အသိပေး အကြောင်းကြားနို့တစ်စာဟု
ခေါ်ပါသည်။

-နို့တစ်စာပေးခြင်း၏ရည်ရွယ်ချက်မှာ
တရားမစွဲမှီ တရားစွဲခံရမည့်သူအား
မိမိချေပရန်ရှိသည့် အချက်များနှင့်
ပါတ်သက်ပြီး အဆင်သင့်ရှိနေစေရန်
ဖြစ်သည်ဟု ---

**** ၁၉၆၈-ခု၊ မတစ း၃၀၃။
( ဦးသန်းမောင် နှင့် ဦးသောင်း)
အမှုတွင် ထုံးပြုထားပါသည်။

အမှုသည်အချင်းချင်း တစ်ဦးကတစ်ဦးကို
ဥပဒေအရလည်းကောင်း၊ ပဋိညာဉ်အရ
လည်းကောင်း တရားစွဲဆိုရန် အကြောင်း
စတင်သည့်နေ့ရက်ကိုပေါ်လွင်ရန်အတွက်လည်းကောင်းးစည်းကမ်းသတ်ကိစ္စအတွက်လည်းကောင်း၊နို့တစ်စာပေးကြရပါသည်။

ထို့အတူ တခါတရံ ကြိုတင်၍ ညှိနှိုင်းပြေလည်မှုများရှိပါက ယင်းပြေလည်မှုကိုထင်ရှားစေရန် နို့တစ်စာများပေးပို့ကြပါသည်။

ထိုသို့နို့တစ်စာပေးပို့ရာတွင် ဥပဒေအရပေးပို့ခြင်းဖြစ်ပါက ပြဌါန်းဥပဒေနှင့်အညီဖြစ်ရန်၎င်း၊ ပဋိညာဉ်အရပေးပို့ခြင်းဖြစ်ပါကပဋိညာဉ်နှင့်အညီသော်လည်းကောင်းဖြစ်ရန်လိုအပ်ပါသည်။
(. The Indian Conveyancer By
R B P C MOGHA , 2.nd Edition
P.375,

တရားမမှုများတွင် တရားစွဲရန်အကြောင်း
Cause of action ပေါ်မှ တရားစွဲ
ရသည်။
တရားစွဲရန်အကြောင်း ဆိုသည်မှာ
တရားလိုအနေဖြင့် မိမိရထိုက်သော
အခွင့်အရေးကို တရားရုံးကချမှတ်ပေးနိုင်ရေး အတွက်သက်သေထူရန် လိုအပ်သည့်အကြောင်းချင်းရာအချက်အလက်တို့ဖြစ်ကြောင်းကို --
**** ၁၉၆၃-ခု၊ မတစ၊၆၅၄။
( ဒေါ်မြ နှင့် ကိုမောင်သန်း )
အမှုတွင်ထုံးပြုထားပါသည်။

သက်သေထူရန်လိုသည့်အကြောင်းချင်းရာအချက်အလက်တွင် တရားလိုက ၎င်းရသင့်သည့်အခွင့်အရေးကို တရားစွဲခံရမည့်သူအားအသိပေးတောင်းဆိုသော်လည်း မလိုက်လျော ငြင်းပယ်ခြင်း ဆိုသည့်အချက်လည်း တစ်ချက်အပါ အဝင်ဖြစ်သည်။

(2)Constructive notice

လူတစ်ဦးတစ်ယောက်က ၎င်းထံ
အကြောင်းကြားသည်ကို သိရှိလိုလျင်၊
ထိုက်သင့်သည့်အားလျော်စွာ အာရုံ
စူးစိုက်ရှာဖွေခြင်းပြုပါက သိနိုင်မည်ဖြစ်ပါလျက် ထိုသို့ မပြုပဲ မကြောင်းမဲ့ ရှောင်လွှဲနေလျင် သို့မဟုတ် အရမ်းပေါ့ဆစွာနေလျင် အမှန်တကယ် မသိသည့်တိုင်သိရှိသည့် သဘောသက်ရောက်သည်။

ထိုသူအားတိုက်ရိုက်အသိပေးခြင်း မဟုတ်သော်လည်း “ သိရှိပြီးဖြစ်သည်ဟု ”မှတ်ယူနိုင်သည့် နို့တစ်စာကိုခေါ်သည်။

(3)Notice to agent
ကိုယ်စားလှယ်တစ်ဦး သို့မဟုတ်
၎င်း၏လုပ်ငန်းတာဝန်များဆောင်ရွက်
နေချိန်တွင် နို့တစ်စာပေး၍ ၎င်းကိုယ်စားလှယ်က

-နို့တစ်စာကိုလက်ခံရရှိသည့်အခါ
ထိုကိုယ်စားလှယ်က ၎င်း၏ အကြီး အကဲအားဆက်သွယ်အကြောင်းကြား သည်ဖြစ်စေ၊ အကြောင်းမကြားသည်ဖြစ်စေ၎င်း၏ အကြီးအကဲက သိရှိပြီးဖြစ်သကဲ့သို့မှတ်ယူခွင့်ရှိသော နို့တစ်စာအမျိုးအစား ဖြစ်သည်။

---နို့တစ်စာများတွင်ပုဂ္ဂိုလ်တစ်ဦးချင်းထံပေးသောနို့တစ်စာကိုယခုအခါ စာတိုက်မှ မှတ်ပုံတင်၍ပေးပို့
ကြသည်များပါသည်။

ထိုသို့မှတ်ပုံတင်ပြီးပေးပို့ပြီးပါက
အပို့ခံရသူထံ ပေးပို့ထားပြီးဖြစ်
သည်ဟုမှတ်ယူရမည်ဖြစ်ပါသည်။

အများပြည်သူသိရှိရန်ကြော်ငြာသောနို့တစ်ကို ယခုအခါ သတင်းစာတွင်ကြော်ငြာခြင်းပြုကြသည်သာများပါသည်။

ဥပဒေအရ မြန်မာနိုင်ငံပြန်တမ်းတွင်
ထည့်သွင်းကြော်ငြာရသည့် နို့တစ်စာ
များလည်းရှိပါသည်။

တရားရုံးလက်စွဲအပိုဒ် ၁၀၀၂ တွင်
ဖေါ်ပြညွှန်ကြားထားသည့်အတိုင်း
ဆောင်ရွက်ကြရပါမည်။

မြန်မာနိုင်ငံပြန်တမ်းတွင် နို့တစ်စာများ၊
အမိန့်စာများကို ထည့်သွင်းကြော်ငြာရန်
တရားဘက်ဆိုင်ရာ / အများဆိုင်ရာ
ပုံစံ -၂၈ ဖြင့်ရေးသားပေးပို့ရပါသည်။

~~~~~~~

-နို့တစ်စာအကြောင်း
တင်ပြချက်(၃)

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၁၀၆တွင် စာတိုက်မှ ပေးပို့ရမည်ဆိုသောပြဌါန်းချက်မှာ နို့တစ်စာ တရားဝင်ဖြစ်စေရန် ဥပဒေရေးဆွဲသူများက ရည်ရွယ်ရင်းဖြစ်သည်။အယူခံတွင် ၁၂-၁၁-၅၄ရက်
နေ့စွဲဖြင့်ပေးပို့သောနို့တစ်စာသည် ၁၇-
၁၂-၅၄ရက်နေ့၌ရောက်ရှိသဖြင့် ငှါးရမ်းလမကုန်မှီ ၁၅ရက်ထက်မနည်းလျော့ နည်း၍ရောက်ရှိသဖြင့် တရားမဝင်ကြောင်း ချေပသည်။ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၁၀၆ အရ လစဉ်ငှါးရမ်းမှုတွင် အငှါးချထားသည့်လစေ့ကုန်သည့် ရက်မတိုင်မှီ ၁၅ရက်ကြိုတင်၍နို့တစ်စာပေးပို့ရမည်ဆိုသော
ပြဌါန်းချက်မှာ နို့တစ်စာ လက်ခံရရှိသူ
အိမ်ငှါးအနေဖြင့် ကြိုတင်၍ အခြားနေရာထိုင်ခင်းတခုကိုပြောင်း၍ရှာဖွေချိန် ရရန်အတွက် လည်းကောင်း၊နို့တစ်စာလက်ခံရရှိသူအိမ်ရှင်အနေဖြင့် အခြားအိမ်ငှါးတဦးဦးကိုထပ်မံရှာဖွေ ချိန်ရရှိရန်အတွက်လည်းကောင်း
မြင်သည်ဟု ---
**** ၁၉၅၉-ခု၊ မတစ ၊ လွှတ်တော်၊၄၆။
( ဝေါင်ခိုင်ဖွန်း နှင့် ချန်ကင်းဂွမ် ) အမှုတွင်ထုံးပြုထားသည်။

-နို့တစ်စာပေးခြင်း၏ရည်ရွယ်ချက်သည်အိမ်ငှါးအား ၎င်း၏ပျက်ကွက်မှုနှင့် အိမ်ရှင်၏ဆန္ဒကိုထင်ရှားသိစေရန်ဖြစ်သည်။

ထိုကဲ့သို့သိစေလျင် နို့တစ်စာတွင်
အနည်းငယ်ချို့ယွင်းကာမျှနှင့် ထိုနို့တစ်စာသည် မပျက်ပျယ်ကြောင်းကို -----
*၁၉၆၄-ခု၊ မတစ ၊၈၉၀။
( ဒေါက်တာဒင်နစ်ချန်ဒရာဒတ် နှင့်
ပစ္စည်းထိန်းဝန် ) အမှုတွင်ထုံးပြုသည်။

မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၁၂(၁)(က) အရ အိမ်ရှင်က နို့တစ်စာပေးသည့် ရည်ရွယ်ချက်မှာ နှင်ထုတ်ပေးစေလိုမှု
စွဲဆို၍ အိမ်ငှါးကိုနှင်ထုတ်ပြီး ဥပစာကို
ပြန်လည်ရရှိစေရန်အတွက် ဖြစ်သည်ဟု---
****၁၉၄၉-ခု၊ မတစ ၊လွှတ်တော်၊၅၉၄။
( အက်စ်၊အမ်၊ဘိုလတ် နှင့် အိတ်ခ်ျ၊
ဖါနန်ဒတ်ဇ် ) အမှုတွင်ထုံးပြုသည်။

တရားမကျင့်ထုံးဥပဒေပုဒ်မ-၈၀ အရ
နို့တစ်စာပေးရခြင်း၏ရည်ရွယ်ချက်မှာ
အစိုးရအနေဖြင့်ဖြစ်စေ၊ အစိုးရ အရာထမ်းအနေဖြင့်ဖြစ်စေ တရားဆိုင်ပြိုင်ခြင်း မပြုပဲတရားဝင်အောင် ပြန်လည်ဆောင်ရွက်စေရန်နှင့် ရုံးပြင်ပတွင် ကျေအေးပြီးပြတ်စေရန် အခွင့်အရေးပေးခြင်းဖြစ်သည်ဟု--
**** 1959(2)All.561 .(1960)AA.420.
( UP Government Vs Nanhoomal)
တွင် ထုံးပြုထားသည်။
~~~~~~~



☎️09-755850375

29/09/2025

လူမှုကွန်ရက်ပေါ်၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသရေဖျက်မှုများကို တိုင်ကြားနိုင်သည့် ကိစ္စ

09-755850375

ဥပဒေ နှင့် ပတ်သတ်တာတိုင်ပင်ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ပါသည်။
#ဥပဒေရေးရာ

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon