Study This
29/01/2025
祝大家新年快樂 健康平安幸福
恭喜发财 (Gōngxǐ fācái)
Wishing you prosperity and wealth! ✨ ❤️
25/07/2024
30/06/2024
မင်္ဂလာပါဗျ 🙋
page မှာစာလေးတွေမရေးတာကြာပြီမို့ ဒီနေ့ အချိန်လေးရတာနဲ့ knowledge sharing လေးတစ်ခုလုပ်ပေးပါရစေ။ ✨
𝐄𝐧𝐝𝐨𝐜𝐫𝐢𝐧𝐞 𝐯𝐬 𝐄𝐱𝐨𝐜𝐫𝐢𝐧𝐞 𝐬𝐲𝐬𝐭𝐞𝐦 ❓
System ၂ခုလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးအတွက်သိပ်ကိုအရေးပါကြပါတယ်။ 📌
✔️Endocrine system ကတော့ သက်ဆိုင်ရာ gland တွေကနေ ဟော်မုန်းတွေကို သွေးထဲတိုက်ရိုက်ထုတ်ကြပေးပြီး လုပ်ငန်းတွေကိုလုပ်ဆောင်ပေးပါတယ်။
(ဥပမာပြောရရင် ကျွန်တော်တို့ရဲ့ လည်ပင်းအရှေ့နားလောက်မှာ thyroid gland ဆိုတာလေးရှိပါတယ်။ 🧬
သူကနေ T3 & T4 လို့ခေါ်တယ့် ဟော်မုန်းတွေကို သွေးထဲထုတ်ပေးနေပါတယ်။ အဲ့ဟော်မုန်းတွေ သွေးစီးကြောင်းကနေ တဆင့် သက်ဆိုင်က ကိုယ်အဂ်ါအသီးသီးကို သွားပြီး ဇီဝရုပ်ဖြစ်ပျက်ခြင်းတွေ၊ နှလုံးခုန်နှုန်းမြန်အောင်၊ နှေးအောင်တွေ စသဖြင့် အလုပ်လုပ်ကြပါတယ်) 💓
✔️ Exocrine system ကကျတော့ အင်ဇိုင်း၊ ချွေး၊ အဆီ ၊တံတွေး နဲ့ mucus လို့ခေါ်တဲ့ အချွဲတွေကို ထုတ်ပေးပါတယ်။ သူကျတော့ သွေးထဲကို တိုက်ရိုက်ထုတ်တာမဟုတ်ဘဲ ပြွန်လေးတွေကတဆင့် သက်ဆိုင်ရာ ပစ္စည်းတွေကိုထုတ်ကြတာပါ။ 💁💧
(ဥပမာ ကျွန်တော်တို့ အရေပြားရဲ့ မျက်နှာပြင်မှာ ချွေးပေါက်လေးတွေရှိကြပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာရင် sweat gland ကနေ ချွေးတွေကို sweat duct ကနေတဆင့် အရေပြားမျက်နှာပြင်ပေါ်ကို ထုတ်ပေးပြီး အေးသွားအောင်လုပ်ပေးပါတယ်)⛄
✔️အနှစ်ချုပ်ရရင်ဖြင့် Endocrine system သည် ductless (ပြွန်မရှိ)ဘဲ ဟော်မုန်းများကို သွေးထဲတိုက်ရိုက်ထုတ်ပြီး အလုပ်လုပ်ကြပါတယ်။
✔️Exocrine system ကတော့ ပြွန်များမှတဆင့် ခန္ဓာကိုယ် အတွင်းနှင့် အပြင်နှစ်ခုလုံးကို အရည်၊ ချွေးနှင့် enzyme တွေထုတ်ပြီး အလုပ်လုပ်ကြပါတယ်။
Alexis 💉
(စိတ်ပါဝင်စားစွာ ဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်ဗျ) 🙆💛
Click here to claim your Sponsored Listing.
Category
Website
Address
Yangon