GM Land Car Rental

GM Land Car Rental

Share

12/10/2020

လှိုင်သာယာ ကူးစက်မှုနှုန်း

(၁၁-၁၀-၂၀၂၀) လှိုင်သာယာ (၁၀၅)
(၁၀-၁၀-၂၀၂၀) လှိုင်သာယာ (၃၃၁)
(၉-၁၀-၂၀) လှိုင်သာယာ (၅၈)
(၈-၁၀-၂၀) လှိုင်သာယာ (၂၇)
(၇-၁၀-၂၀၂၀) လှိုင်သာယာ (၁၂၁)
(၆-၁၀-၂၀၂၀) လှိုင်သာယာ (၅၄)
(၅-၁၀-၂၀၂၀)လှိုင်သာယာ(၁၀၃)
(၄-၁၀-၂၀၂၀) လှိုင်သာယာ(၉၇)
(၃-၁၀-၂၀၂၀)လှိုင်သာယာ (၁၄)
(၂-၁၀-၂၀၂၀) လှိုင်သာယာ(၁၃၆)
(၁-၁၀-၂၀၂၀) လှိုင်သာယာ(၁၆)

(၃၀-၉-၂၀၂၀) လှိုင်သာယာ (၅၃)
(၂၉-၉-၂၀၂၀) လှိုင်သာယာ (၁၆)
(၂၇-၉-၂၀၂၀) လှိုင်သာယာ (၂၇)
(၂၆-၉-၂၀၂၀) လှိုင်သာယာ (၇၅)
(၂၅-၉-၂၀၂၀) လှိုင်သာယာ (၇၂)
(၂၄-၉-၂၀၂၀) လှိုင်သာယာ (၁၀)
(၂၃-၉-၂၀၂၀) လှိုင်သာယာ (၃၀)
(၂၂-၉-၂၀၂၀) လှိုင်သာယာ (၁၇)
(၂၁-၉-၂၀၂၀) လှိုင်သာယာ (၈)
(၂၀-၉-၂၀၂၀) လှိုင်သာယာ (၈)
(၁၉-၉-၂၀၂၀) လှိုင်သာယာ (၃၀)
(၁၈-၉-၂၀၂၀) လှိုင်သာယာ (၂၈)
(၁၇-၉-၂၀၂၀) လှိုင်သာယာ (၂၃)
(၁၆-၉-၂၀၂၀) လှိုင်သာယာ (၄)
(၁၅-၉-၂၀၂၀) လှိုင်သာယာ (၂၀)
(၁၃-၉-၂၀၂၀) လှိုင်သာယာ (၅)
(၁၂-၉-၂၀၂၀) လှိုင်သာယာ (၃)
(၁၁-၉-၂၀၂၀) လှိုင်သာယာ (၈)
(၁၀-၉-၂၀၂၀) လှိုင်သာယာ (၁)
(၉-၉-၂၀၂၀) လှိုင်သာယာ (၃)
(၆-၉-၂၀၂၀) လှိုင်သာယာ (၄)
(၅-၉-၂၀၂၀) လှိုင်သာယာ (၁)
(၄-၉-၂၀၂၀) လှိုင်သာယာ (၆)

ခုဂဏန်းကနေ ဆယ်ဂဏန်း ဆယ်ဂဏန်းကနေ ရာဂဏန်း ရက်ပိုင်းအတွင်းပျံ့နှံ့မှုမြန်လာနေပါတယ်။ ‌မထိန်းနိုင်ခဲ့ရင် ရက်ပိုင်းအတွင်း ကူးစက်မှု ရာဂဏန်းကနေ ထောင်ဂဏန်း ရောက်နိုင်ပါတယ်။

၁)Mask တပ်ပါ။
၂)လက်ကို မကြာခဏဆေးပါ။
၃) လူချင်း (၆)ပေခွာနေပါ။
၄) မလိုအပ်ရင်အပြင်မထွက်ပါနဲ့။

ကိုဗစ်နိုင်တီး ကူးစက်မှု အမြင့်ဆုံးဧရိယာထဲ နေထိုင်နေကြောင်း သတိရပါ။

Source: MOHS

24/09/2020

"ပထမမြန်မာနိုင်ငံတော်"
ဆို- လေးဖြူ

(ရင်ဘတ်ခြင်းတူရင် Like & Share ပါဘော်ဒါတို့)

Photos from GM Land Car Rental's post 13/07/2020

ကိုရီးယားကြောင်ခေါင်မြင့်ပါ။
တလုံးတဖုံးထက် 380 EFI ကရှယ်ပါဗျာ၊ တောင်တက်တွေ အားမနာရ။
နောက်ခြေလှမ်းတစ်ခုဆက်ဖို့အတွက် ဂိုထောင်ရှင်း ရုံခါဈေးနဲ့တော့ရမယ်ဗျာ။
ခေါင်နိမ့်ဈေးနဲ့တော့မရပါ။

ထားဝယ်ရှင်ကိုးရှင်၊ ကျိုက္ခမီ၊စက်စဲ၊မောင်းမကန်၊ ချောင်းသာ၊ငွေဆောင်၊ငပလီ၊ကျိုက်ထီးရိုး မြန်မာပြည်အောက်ပိုင်း ဒိုးစရာအလွန်များ။ စက်ရုံတွေဖွင့်ပြီးရင်တော့ ကမ်းခြေခရီးသွားပြန်ကောင်းမှာပဲ။ ရွှေကျင်မီးမျှောပွဲ၊ တောင်ကြီးတန်ဆောင်တိုင်၊ ကလော၊ထမ့်ဆမ့်ဂူ၊မွေတော်ကက္ကူ၊ရွာငံ မိန်းမရဲသခင်မတောင်၊ရေပြာအိုင်၊အင်းလေး၊ မိုးကုတ်ဇလုံတောင် ကချင်မနောကွင်း မြစ်ဆုံ၊ သံတောင်၊နော်ဘူဘော ဆုတောင်းတောင်(ခရစ်ယာန်)၊ ပုဂံညောင်ဦးပုပ္ပါး၊ ရွှေစက်တော်၊ ဘားအံဂူငါးဂူ၊ ရှင်သီဝလိခြေတော်ရာ၊ အလောင်းတော် ကဿဖ၊ မော်တင်စွန်း တနှစ်ပတ်လုံး စင်းလုံးငှားထွက်စရာလမ်းတွေချည်းပဲ၊ စုံသလားမမေးနဲ့ ခရီးစဉ်တွေ ကိုဗစ်မတိုင်ခင်ကပြောပါတယ်။ ပြာယာကိုခတ်လို့။ ခုတော့ ဘယ်သကောင့်သားမှမကျွေးနိုင်တော့ဘူး။ လိုင်းထဲရောက်ကုန်ပြီ။ ခရီးသွားလုပ်ငန်း အတော်ပျော်စရာကောင်းတဲ့အလုပ်ပါ။အသက်ရှည်မယ့်ပုံ။ မရောက်ဖူးရင် ကပ်လိုက်တယ်။ တခေါက်ကနှစ်ခေါက်ဆို မလိုက်တော့ဘူး။ နယ်ဝေး စင်းလုံးငှားထွက်ပြီး မြို့တွင်းမလိုက်ချင်တော့သလိုပဲ။

ဘုရားဖူးသီးသန့် နယ်ဝေး စင်းလုံးငှားလိုက်တဲ့ကားပါ။ နယ်ဝေးထွက်ဖို့ ဘယ်လိုအကုန်အကျခံပြင်ဆင်ရလဲဆိုတာ ကားလောကလူများ သိပါတယ်။ ဓါတ်ပုံကနေ့စွဲကိုကြည့် ဒီနေ့မှ ရိုက်ထားတာပါ။

လမ်းမှာဖောက်ရင် အလျော်အစားများတာမို့ နယ်ဝေး ဘုရားဖူးအပန်းဖြေစင်းလုံးငှားလိုက်ဖို့ပြင်ဆင်တာဟာ ရန်ကုန်မြို့ထဲ ဖယ်ရီဆွဲဖို့ပြင်ဆင်ရတာနဲ့ ကုန်ကျစရိတ်ကြံ့ခိုင်မှုထိန်းသိန်းမှု အင်မတန်ကွာပါတယ်။ လိုင်းထဲထည့်မလား၊ ကြံ့ခိုင်မှုရယ်ဒီပါ။ ဘော်ဒီ၊အောက်ပိုင်း ထိစရာမလိုတော့ပါ။ တရာသီနှစ်ရာသီ ဆေးထပ်တင်စရာတော့မလိုသေးပါ။ ကားအတွက် လိုအပ်တဲ့ပြင်ဆင်ထိန်းသိမ်းမှုနဲ့ ကိုဗစ်အလွန် ဟောလီးဒေးအပန်းဖြေခရီး စင်းလုံးငှားအော်ဒါတွေအတွက် ကျွန်တော်တို့ GM Land Family ရဲ့ စာရင်းမှာ ထည့်ထားပြီး အော်ဒါချပေးမယ်။ ဖယ်ရီ ခေါက်တိုတွေလား၊ မြို့တွင်းခေါက်တို၊နယ်ဝေးခရီး၊ ဒဂုံဧရာလိုင်းတွေ မြို့တွင်းနယ်ဝေး 2 in1 သုံးဖို့ ဝမ်းဗိုက်ကျယ်ကျယ်နဲ့ ‌ကိုရီးယားကြောင် မော်ဒယ်မြင့် ခေါင်မြင့်မှဖြစ်မယ်နော်။ ကားကြည့်ဖို့စိတ်ဝင်စားမယ်ဆို ဖုန်းဆက်ပါဗျာ။ ကားကြိုက်ရင် ဈေးညှိကြတာပေါ့။

အလဲအထပ်ဆို Premio, Corolla, Axio ယက်ကန်းစင်ဆောက် လက်သမားဆရာကြီးတိုယိုဒါးရဲ့ အိမ်သုံးမိသားစုစီးအမျိုးအစားတွေစိတ်ဝင်စားတယ်၊ Yaris, Avios, Avenza ဆိုလည်းမဆိုး၊ အံစာတုံး စိတ်ဝင်စားတယ် ကြိုက်မကြိုက်တော့ အပြန်အလှန်ကြည့်ကြတာပေါ့။ အလိုက်ပေး၊အလိုက်ယူ အိုကေ။ မော်ဒယ်အလယ်အလတ် အိမ်စီးကားဈေးလောက်ပဲရှိတာပါ။ သူကတော့ ငွေရှာပေး‌တဲ့ကောင်။ ကိုယ်တိုင်ခရီးထွက်လို့ရတယ်။ အားချိန်မှာ ၆ကွေ့ YBS သင်တန်းတက်ပြီး စင်းလုံးငှားခရီးစဉ်တွေ ကိုယ်တိုင်မောင်းပို့မလို့ကြံနေတုန်း ဝူဟန်က လဒတွေကြောက်တာနဲ့ ရပ်လိုက်ရတယ်။

‌နောက်တပုံမှာပြတဲ့ သုံးဘီးကလည်း စိုက်ခင်းပျိုးပင်သယ်ဖို့ လက်ဆော့ ဝယ်မိပြီး အသုံးနည်းတယ်။ သူလည်း ဂိုထောင်ရှင်းဆိုပါတော့။ စတီးကိုင်း လယ်သာအမိုးနဲ့။

အားလုံး "ဒေါက်ဝှီး"။ လိုတယ်ထင်ပြင်ပေးမယ်။ ကြိုက်ရင် "ဟလို" ပါ ဘော်ဒါတို့။ ချစ်ရင် အသဲပေးပြီး ရှဲယ်ပေးပါ။ ရန်ကုန်။

စန်းကျူး (တျုတ်လိုပြောဒါ)

☎️ 09769956715

13/04/2020

စစ်ဆေးနိုင်တဲ့ အထောက်အပံ့တွေ ရတော့ Q တွေကိုမြန်မြန်စစ်နိုင်ပါတယ်။ မြန်မာမှာ (၉-၄-၂၀၂၀) ထိ Facility Q ဝင်သူဦးရေ (၇၆၀၇၂) ဦးရှိပါတယ်။

ယနေ့ ၁၄-၄-၂၀၂၀ မနက် 00:15 နာရီမှာ ကူးစက်ခံရသူဦးရေ (၆၂) ဦးတွေ့ရှိ ဖြစ်ကြောင်း ကြေငြာထားတာတွေ့ရပါတယ်။ ခုနှစ်သောင်းကျော်ထဲက ဦးရေ ဘယ်လောက်စစ်ပြီးလဲ မလေ့လာရသေးပါ။

ခရီးသွားရာဇဝင်ရှိသူများ တာဝန်သိစွာနဲ့ Q ဝင်ကြတဲ့အထဲ၊ တချို့တာဝန်မဲ့မှ လျောက်သွားရင်းနာဖျား၊ တချို့ stayhome နေရင်းဖျားထိစပ်သူများပါလာ စုစုပေါင်း (76072) Q ဝင်ထဲမှစစ်ဆေးနေကြတာပါ။ Q ကနေလွတ်ထွက်နေသူတွေဟာ အန္တရာယ်ပါ။ လူစုလူဝေးဦးဆောင်သူပါဝင်သူတွေဟာ လက်ယပ်ခေါ်သူတွေပါ။

ထိုင်းပြန်ချည်း တစ်သိန်းခွဲကျော်ရှိကြောင်း အမေစု ရေးတင်တာတွေ့ရပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ဆိုက်ချိန်မှာ အိမ်ပြန်လာတာ လက်ခံရမှာ တရားနည်းလမ်းကျပါတယ်။ သူတို့ ဘယ်မှသွားစရာမရှိလို့ လက်ခံပေးရမှာပါ။ ပြည်တော်ပြန်များ ဘက်ကလည်း ကိုယ့်တာဝန်အနေနဲ့ Q ဝင်ပေးဖို့တောင်းဆိုပါတယ်။ လွတ်ထွက်နေသူများ ကျေးဇူးပြုပြီး အိမ်မှာနေပေးပါ။ ဘယ်မှ မထွက်ပါနဲ့။

ဥရောပနိုင်ငံများမှ အရေးပေါ်အကူအညီငွေ မြန်မာကျပ် သန်း 8000 ထောက်ပံ့တယ်လို့ ဒေါ်စန္ဒာမင်းအကောင့်မှာ ရေးတင်ထားပါတယ်။ စားဝတ်နေရေးပြေလည်မှာပါ။ ထမင်းငတ်သေစရာမရှိပါ။ ပြည်တွင်း ဆန်၊ ဆီ လုံလောက်ပါတယ်။ အစားအသောက်အခက်အခဲရှိတဲ့ နေရာများ သတင်းပေး တင်ပြခြင်းဖြင့် ပရဟိတများမှလည်းကောင်း၊ အစိုးရအထောက်အပံ့ဖြင့်လည်းကောင်း လာပါလိမ့်မယ်။

တညလုံးအလုပ်လုပ်နေကြပုံပါပဲ။ သူရဲကောင်းများလေးစားပါတယ်။
ကျွန်တော်တို့ ငြိမ်ငြိမ်လေးနေပေးပြီး ကူညီကြရအောင်ဗျာ။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Nawaday Garden Estate
Yangon