Wuling Prime Automotive Myanmar

Wuling Prime Automotive Myanmar

Share

30/04/2026

ဒီကနေ့ဟာ အပူရှိန်ပြင်းတဲ့ ကဆုန်လမှာ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းခြင်းဖြင့် အေးချမ်းမှုကို ယူကြတဲ့နေ့ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Wuling Prime Automotive မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#ကဆုန်လပြည့်ဗုဒ္ဓနေ့

23/03/2026

အနာဂတ်ရဲ့ ကားထုတ်လုပ်မှုပုံစံက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ သိချင်နေကြပြီလားဗျ ... 😎

➡️ Wuling ကတော့ Intelligent Island-style (I²MS) Factory နဲ့အတူ အဖြေပေးလိုက်ပါပြီ။ ဒါဟာ ကမ္ဘာ့ပထမဆုံး Island-style စမတ်စက်ရုံ ဖြစ်ပါတယ်။
ဒီစက်ရုံမှာ ဘာတွေထူးခြားလဲ?

✅ Fully AI-Controlled & 95% Automation - စက်ရုံတစ်ခုလုံးကို AI နဲ့ပဲ အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး လူသားတို့ရဲ့ ပါဝင်ပတ်သက်မှု လုံးဝမလိုဘဲ အဆင့် (၃၄) ဆင့်အထိ အလိုအလျောက် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်အားကို လျှော့ချပေးနိုင်ရုံတင်မကဘဲ ပိုမိုတိကျသေချာလာတာပါ။

✅ 0% Error Rate & 100% Traceability - နည်းပညာအမြင့်ဆုံး စက်ရုပ်တွေနဲ့ လုပ်ဆောင်တာကြောင့် အမှားအယွင်းမရှိ (0% Error Rate) ဖြစ်စေရုံသာမက ကားတစ်စီးချင်းစီရဲ့ ထုတ်လုပ်မှု Data တွေကိုလည်း ၁၀၀ ရာခိုင်နှုန်း ပြန်လည်ခြေရာခံ (Traceable) သိရှိနိုင်မှာ ဖြစ်ပါတယ်။

✅ Time & Cost Saving - ကားတစ်စီး ထုတ်လုပ်မှုကြာချိန်ကို (၃) နာရီအထိ လျှော့ချနိုင်ခဲ့သလို၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း ၂၈% အထိ ထိရောက်စွာ သက်သာစေပါတယ်။

✅ Specialized Islands - မှန်တပ်ဆင်ခြင်း၊ တာယာတပ်ဆင်ခြင်းနဲ့ ထိုင်ခုံတပ်ဆင်ခြင်း လုပ်ငန်းစဉ်တွေကို သီးသန့် "Island" အလိုက် စနစ်တကျ ခွဲခြားထားပြီး ၁၀၀% အလိုအလျောက်စနစ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

🏆 Wuling ရဲ့ ဂုဏ်ယူစရာ မှတ်တိုင်များ
SGMW ဟာ တရုတ်နိုင်ငံမှာ ကားအစီးရေ သန်း ၃၀ (30 Million Units) အထိ ပထမဆုံး ထုတ်လုပ်နိုင်ခဲ့တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Milestone ကိုတော့ Wuling Starlight S နဲ့ စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

EV အကြောင်းကို စိတ်ဝင်စားသူတွေအတွက်တော့ ဒါတွေဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ နည်းပညာ အရွေ့ကြီး တစ်ခုပဲဖြစ်ပါတယ်။ ‌ရှေ့ဆက်ပြီး EV နည်းပညာသစ်တွေနဲ့အတူ ဘယ်လို ဆန်းသစ်မှုတွေ ရောက်လာဦးမလဲဆိုတာ ကျွန်တော်တို့ Wuling Prime Automotive Myanmar နဲ့အတူ စောင့်ကြည့်ရအောင်ဗျာ။

📍 Wuling Showroom (၉) မိုင် သို့ လာရောက်လေ့လာနိုင်ပါပြီ။
📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

19/03/2026

ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး (၃) ခု၏ အကောင်းဆုံးသော ပေါင်းစပ်မှု

Wuling ဟာ အာရှမှာတင်မက ကမ္ဘာ့အဆင့်ထိပါ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ❓

အဖြေကတော့ “Power Trio” လို့ ခေါ်တဲ့ ကမ္ဘာကျော် လုပ်ငန်းကြီး သုံးခုရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Wuling ကို မွေးထုတ်ပေးခဲ့တဲ့ အဓိက ကုမ္ပဏီကြီး (၃) ခုကတော့ -

💎 SAIC Motor - တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။ Wuling ကားတွေမှာပါတဲ့ အထာကျတဲ့ စနစ်တွေနဲ့ ခေတ်မီနည်းပညာတွေဟာ SAIC Motor ဆီကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။
💎 General Motors (GM) - ရာစုနှစ်တစ်ခုကျော် သမိုင်းကြောင်းရှိတဲ့ အမေရိကန်အခြေစိုက် GM ရဲ့ Engineering Heritage နဲ့ Safety Standards တွေဟာ Wuling ရဲ့ အခိုင်မာဆုံးသော အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
💎 Guangxi Automobile Group - သုံးစွဲသူတွေအတွက် လက်တွေ့ကျပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ အကောင်းဆုံး EV တွေကို ရရှိနိုင်အောင် ဖန်တီးပေးခဲ့သူများပဲဖြစ်ပါတယ်။

ဒီထိပ်တန်း လုပ်ငန်းကြီး (၃) ခု ပူးပေါင်းလိုက်တဲ့အခါမှာတော့ SGMW ဆိုတဲ့ အင်အားကြီး လုပ်ငန်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ SGMW ဆိုတာ ကမ္ဘာ EV လောကရဲ့ TOP 5 စာရင်းဝင် ကုမ္ပဏီတစ်ခုဆိုလည်း မမှားပါဘူး။
လက်ရှိ ၂၀၂၆ ခုနှစ် အစောပိုင်း အချက်အလက်တွေအရ SGMW ရဲ့ စုစုပေါင်း ရောင်းအားနဲ့ ထုတ်လုပ်မှုဟာ ၃၁ သန်း (31 Million) ကျော်သွားပြီ ဖြစ်ပါတယ်။

အဆိုပါ SGMW ကနေမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော EV ချစ်သူတွေကြားမှာ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိထားတဲ့ Wuling ဆိုတဲ့ Brand ကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Wuling ကို ရွေးချယ်တာဟာ ကမ္ဘာ့အဆင့်မီ နည်းပညာနဲ့ ယုံကြည်စိတ်ချရမှုကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ Wuling ရဲ့ ခေတ်မီ EV တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ် -

📍 Wuling Showroom (၉) မိုင် သို့ လာရောက်လေ့လာနိုင်ပါပြီ။
📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (54), Pyay Road, Mayangone Township
Yangon
V4HQ+H5