SIAM THAI

SIAM THAI

Share

12/05/2024

အမေဆိုတာ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ၊ အဆုံးမဲ့ ပံ့ပိုးမှုတွေ နဲ့ ဘဝကို လမ်းပြမှုအပေးနိုင်ဆုံး အမျိုးသမီးပါပဲ 💓

ဒီနေ့ မေလ ( ၁၂ ) ရက်ဟာ ကမ္ဘာပေါ်က အမေများအားလုံးကို ဂုဏ်ပြုရမယ့် အပြည်ပြည်ဆိုင်ရာ အမေများနေ့ ဖြစ်ပါတယ် 🙏

ဒီလိုနေ့လေးမှာ အမေ့ကိုဂါရဝပြု ကန်တော့ဖို့အတွက်
ငွေလွှဲချင်တယ်ဆိုရင်တော့ SIAM THAI ကိုသာ သတိရလိုက်ပါ ♥️

SIAM THAI ရဲ့ လျှင်မြန် ၊ မှန်ကန် ၊ တိကျ တဲ့ ဝန်ဆောင်မှုတွေကြောင့် ဒီနေ့လေးဟာ အမေများအားလုံးအတွက် အမှတ်တရနေ့လေး ဖြစ်စေမှာ အသေအချာပါပဲ ✨

ထိုင်းရောက်မြန်မာနိုင်ငံသားများ နဲ့ ကမ္ဘာ့နေရာအသီးသီးက အမေများအားလုံးအတွက် သားသမီးများနှင့်အတူ ဘဝသက်ဆုံး ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ရပါစေကြောင်း SIAM THAI မှ ဆုမွန်‌ကောင်း တောင်းပေးလိုက်ပါတယ် 💞



'sDay

11/05/2024

မိသားစု နဲ့ သူငယ်ချင်းမိတ်ဆွေတွေဆီ ငွေလွှဲတဲ့အခါ ယုံကြည်ရတဲ့ Money Exchange Service နဲ့ လွှဲတာက ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ရာရောက်ပါတယ် 🥰

ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ Money Exchange ကို ရှာနေတယ်ဆိုရင်တော့ Siam Thai က အသင့်ရှိနေပါပြီ 🙋

Siam Thai - Money Exchange Service ဟာဆိုရင် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများကို လျှင်မြန် မှန်ကန်စွာ ဝန်ဆောင်မှုပေးလာခဲ့တာ ( ၂ ) နှစ်ကျော် သက်တမ်းရှိပြီဖြစ်တာကြောင့် ၁၀၀% ယုံကြည်လို့ ရပါတယ် 💯

✅ ငွေလွှဲဝန်ဆောင်မှုတိုင်းအတွက် ရာခိုင်နှုန်း( လုံးဝ ) ပေးစရာ မလိုအပ်ခြင်း

✅ မြန်မာနိုင်ငံရှိ ဘဏ်အားလုံးနဲ့ ချိတ်ဆက်ထားခြင်း

စတဲ့ အားသာချက်တွေကြောင့် Siam Thai မှာ လုံခြုံလွယ်ကူစွာ ငွေလွှဲနိုင်ပါတယ်💲↔️

💬 Exchange Rate အပြောင်းလဲရှိနိုင်တာကြောင့် Up To Date ဖြစ်နေတဲ့ ဈေးနှုန်းများကို Page Messenger မှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ် 💁

28/04/2024

ငွေကြေးလဲလှယ်ကြတဲ့အခါ ငွေကြေးဆုံးရှုံးမှု ( သို့မဟုတ် ) အဆင်မပြေမှုတွေ ဖြစ်စေနိုင်တဲ့ အမှားမျိုးတွေကို ပြုလုပ်မိတတ်ပါတယ် ။ ဒါကြောင့် ငွေကြေးလဲလှယ်တဲ့အခါ ဖြစ်တတ်တဲ့အမှားတွေအကြောင်းကို Siam Thai က ပြောပြပေးသွားပါမယ်
🗣️

✅ လေဆိပ်များ နှင့် ဟိုတယ်များတွင် ငွေကြေးလဲလှယ်ခြင်း

လေဆိပ်/ဟော်တယ်တွေမှာလည်း ငွေကြေးလဲလှယ်တဲ့ ဝန်ဆောင်မှုပေးလေ့ရှိပါတယ် ။ ဒါပေမယ့် အဲ့နေရာတွေက ငွေလဲလှယ်နှုန်းဟာ ဘဏ် / Money Exchange တွေရဲ့ ငွေလဲလှယ်နှုန်းနဲ့ မတူညီနိုင်ပါဘူး ။ သူတို့ရဲ့ ဝန်ဆောင်မှုအတွက် အခကြေးငွေ ယူထားတာကြောင့် လဲလှယ်မိခဲ့ရင် ကာလပေါက် ဈေးနှုန်းနဲ့ ကွာခြားမှုရှိနိုင်ပါတယ် ။ ဒါကြောင့် ဒီလိုနေရာတွေမှာ ငွေကြေးအမြောက်အများ လဲလှယ်ဖို့မသင့်ပါဘူး ။

✅ ငွေလဲလှယ်ဈေးနှုန်းကို မလေ့လာခြင်း

ငွေလဲလှယ်တဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ လဲလှယ်ဈေးနှုန်းကို လေ့လာထားသင့်ပါတယ် ။ မလေ့လာဘဲ လဲလှယ်တဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်တတ်ပါတယ် ။

✅ ငွေအမြောက်အများလဲလှယ်ခြင်း

ကိုယ့်မှာရှိတဲ့ငွေကြေးအကုန်လုံးကို တစ်ခါတည်း လဲလှယ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး ။ ကိုယ်လိုအပ်သလောက်သာ ငွေကြေးကို လဲလှယ်ထားတာက ငွေကြေးဆုံးရှုံးမှုအချို့ကို ကာကွယ်ရာရောက်ပါတယ် ။

✅ ငွေကြေးလဲလှယ်ရန်နောက်ကျလွန်းခြင်း

ငွေကြေးလဲလှယ်ဖို့ နောက်ကျလွန်းတာကလည်း မကောင်းပါဘူး ။ နောက်ကျလွန်းတဲ့အခါ ကိုယ့်အတွက်အရေးတကြီး ငွေလဲလှယ်ဖို့လိုအပ်လာရင် ရွေးချယ်စရာမရှိတဲ့ ဈေးနှုန်းနဲ့ လဲလိုက်ရတာမျိုး ဖြစ်တတ်ပါတယ် ။ ဒါကြောင့် ကိုယ်ခရီးမထွက်ခင်မှာ ငွေကြေးကို ကြိုပြီး လဲလှယ်ထားသင့်ပါတယ် ။

✅ ငွေကြေးလဲလှယ်ရာ နေရာများကို မလေ့လာခြင်း

ဒီနေ့လို ခေတ်ကြီးမှာ ငွေကြေး‌လဲလှယ်ဖို့ နေရာအမြောက်အများရှိပါတယ် ။ ဘဏ် ၊ Money Exchange ၊ ATM ၊ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်း စသဖြင့် အများကြီးပါပဲ ။ ဒီလိုနေရာတွေကို သေချာလေ့လာပြီး ချိန်ဆ လဲလှယ်ခြင်းကလည်း ငွေကြေးဆုံးရှုံးမှုကို ကာကွယ်‌ပေးနိုင်ပါတယ် ။

✅ ပြေစာများကို မသိမ်းထားခြင်း

ကိုယ်ရဲ့ ခရီးစဉ် ပြီးဆုံးတဲ့အခါ ငွေကြေးပြန်လဲလှယ်ဖို့ လိုအပ်တဲ့နိုင်ငံတွေကို ခရီးသွားတဲ့အခါ ငွေလဲလှယ်ပြေစာ‌တွေကို သေချာသိမ်းထားဖို့ လိုအပ်ပါတယ် ။ သေချာမသိမ်းထားဘဲ ကိုယ့်ရဲ့ပြည်တွင်းသုံးငွေကို ပြန်လဲလှယ်တဲ့အခါ အခက်အခဲကြုံရတာမျိုး ၊ အခကြေးငွေ ထပ်ပေးရတာမျိုးတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ် ။

ဒါတွေကတော့ ငွေကြေးလဲလှယ်တဲ့အခါ ဖြစ်တတ်တဲ့ အမှားတွေပဲ ဖြစ်ပါတယ် ။ ဒီလိုအချက်တွေကိုသိထားပြီး ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့ Siam Thai က အကြုံပြုလိုက်ပါတယ် 😍

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


ShweBoneThar Street, Panbedan Township
Yangon