The BEST Success Institute

The BEST Success Institute

Share

25/04/2023

🚀 Improve Your English Skills...

Suggestions and advice
( အကြံပြုချက် )

💥 We can use modal verbs should( n't ) and ought ( not ) to
to make suggestion or give advice.
Modal verb ​တွေဖြစ်တဲ့ should(n't)
နဲ့ ought ( not ) to ကို အကြံပြုချက်​တွေ​ပေးဖို့ ( သို့ ) အကြံ​ပေးဖို့ သုံးနိုင်ပါတယ်။

(1) You should try and use it whenever you can. ( I think it is a good idea )
မင်း တတ်နိုင်တဲ့အခါတိုင်း အဲ့ဒါကို ကြိုးစားပြီး အသုံးပြုသင့်တယ်။
( ဒါဟာစိတ်ကူး​​ကောင်းတစ်ခုလို့ငါထင်တယ်)

(2) You ought to take lots of passport photos with you.
မင်းနဲ့အတူ ပတ်စ်ပို့ ဓါတ်ပုံ​တွေအများကြီး
ယူသွားသင့်တယ်။

(3) You shouldn't dress casually for work.
မင်း အလုပ်ထဲကို ထသွားထလာ အဝတ်အစား​တွေ ဝတ်မသွားသင့်ဘူး။

💥 We can use must to give strong advice :
ပြင်းထန်တဲ့ အကြံပြုချက် ​ပေးဖို့ must ကို
သုံးနိုင်ပါတယ်။

👉 You must phone me when you get there.
မင်း အဲ့ဒီကို​ရောက်တဲ့ အခါ ငါ့ဆီကို ဖုန်းဆက်ရမယ်​နော် ။

💥 also, always, never, sometime, just နဲ့ only ​တွေလို adverb ​တွေဟာ modal verb ​တွေရဲ့ ​နောက်ကလာတယ်။

(1) You should always carry plenty of loose change.
မင်း အ​ကြွေ​တွေ အများကြီး အမြဲတမ်းယူသွားသင့်တယ်။
(2) You must never do that again.
မင်း အဲ့ဒါကို ဘယ်​တော့မှ ထပ်ပြီး မလုပ်ရဘူး။

💟 အားလုံးပဲ အဂ်လိပ်ဘာသာစကား
အဆင်​ပြေတိုးတက်ကြပါ​စေ....

🌠 Best wishes for your success....⛳
🗽 Learn to speak English fluently in life and business.

💟 သာယာ​ပျော်ရွှင်​​သော​နေ့သစ်​လေးဖြစ်ပါ​စေ...🙂🙂

23/04/2023

Increase your vocbulary

💥 opportunity = အခွင့်အလမ်း

(1) opportunity for growth
တိုးတက်မှု အတွက် အခွင့်အလမ်း

(2) take an opportunity
အခွင့်အ​ရေး ယူသည်

(3) miss an opportunity
အခွင့်အလမ်းလက်လွတ်သွားသည်

(4) offer a opportunity
အခွင့်အ​ရေးကိုကမ်းလှမ်းသည်

(5) rare opportunity
ရှားပါး​သော အခွင့်အလမ်း

(6) perfect opportunity
ပြည့်စုံ​​သော အခွင့်အလမ်း

(7) career opportunity
အသက်​မွေးဝမ်း​ကျောင်းအခွင့်အလမ်း

(8) business oportunity
စီးပွား​ရေးလုပ်ငန်း အခွင့်အလမ်း

(9) investment opportunity
ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်း

(10) equal opportunities
ညီမျှ​သော အခွင့်အလမ်းများ

(11) International opportunity
နိုင်ငံတကာ အခွင့်အလမ်း

🚀 English for International opportunity and professional career success.....🎓👩‍💻

🗽 Learn to speak English fluently in life and business.

🌠 Wish you all the best for your future...⛳

🗽 Bring your success at The Best Success Institute...🎓🏆

21/04/2023

🚀 Improve Your English Skills...

အဂ်လိပ်စကား​ပြောဆိုကြတဲ့အခါ အသုံးများတဲ့ ( Present continuous and Present simple ) tenses နှစ်မျိုးကိုနှိုင်းယှဥ်ပြီး​လေ့ကျင့်ဖို့အတွက် ​လေ့လာကြည့်ရ​အောင်ပါ။....

💥 Present Continuous ( I am doing )

We use the continuous for things happening at or around the time of speaking. The action is not complete.
( ​ပြော​နေတဲ့ အချိန်( သို့ ) ကာလတဝိုက်မှာဖြစ်ပျက်​နေတဲ့ ကိစ္စရပ်​တွေအတွက် Present Continuous ကိုသုံးနိုင်ပါတယ်။
(1) 'I'm busy.' ' What are you doing?'
ငါ အလုပ်များ​နေတယ်၊ မင်းဘာလုပ်​နေတာလဲ ။

(2) I'm getting hungry. Let's go and eat.
ငါ ဗိုက်ဆာ​နေပြီ၊ သွားစားကြစို့ ။

(3) Kate wants to work in Italy, so she's learning Italian.
ကိတ် အီတလီမှာ အလုပ်လုပ်ချင်တယ်။
ဒါ​ကြောင့် အီတလီစကား သင်​နေတယ်။

(4) Listen to those people. What language are they speaking?
အဲဒီလူ​တွေ​​ပြောတာ နား​ထောင်ကြည့်စမ်း။
သူတို့ ဘာစကား​ပြော​နေကြတာလဲ။

💥 Present Simple

We use the simple for things in general or things that happen repeatedly.
( ထပ်ခါတလဲလဲဖြစ်ပျက်​နေတဲ့အရာ​တွေ ( သို့ ) ​ယေဘူယျ ကိစ္စ​တွေအတွက် Present Simple ကိုသုံးပြီး​ပြောဆိုနိုင်ပါတယ်။

(1) Excuse me, do you speak English ?
​ကျေးဇူးပြုပြီး အဂ်လိပ်စကား​ပြောတတ်လား။

(2) What do you usually do at weekends ?
စ​နေ၊ တနဂ်​နွေ​တွေမှာ မင်းဘာလုပ်​လေ့ရှိလဲ။

(3) I always get hungry in the afternoon.
ငါက ​နေ့ခင်းဘက်ဆို အမြဲတမ်းဗိုက်ဆာတယ်။

(4) It doesn't rain very much in summer.
​နွေရာသီမှာ မိုးအများကြီးမရွာဘူး ။

💥 We use the continuous for temporary situations:
Continuous ကို ယာယီအ​ခြေ​အ​နေ​တွေမှာသုံးပါတယ်။

💁‍♀️ You're working hard today.
မင်း ဒီ​နေ့ အလုပ်ကြိုးကြိုးစားစားလုပ်​နေတယ်​နော်။
💁‍♂️ Yes, I have a lot to do.
ဟုတ်ပါတယ်။ ငါ လုပ်စရာ​တွေများ​နေလို့ပါ။

💁‍♂️ I'm living with some friends until I find a place of my own.
ကိုယ်ပိုင်​နေရာ ရှာလို့ရတဲ့အထိ သူငယ်ချင်း​တွေနဲ့အတူ ငါနေ​နေပါတယ်။

💥 We use the simple for permanent situations:
Simple ကို တည်မြဲတဲ့ အ​​ခြေအ​နေအတွက်သုံးနိုင်ပါတယ်။

💁‍♀️ My parents live in London. They have lived there all their lives.
ငါ့ မိဘ​တွေ လန်ဒန်မှာ​နေတယ်။ သူတို့တစ်သက်လုံး အဲဒီမှာပဲ ​နေလာကြတာ။

💁‍♂️ John isn't lazy. He works hard most of the time.
ဂျွန်က အပျင်းမကြီးဘူး။ သူက အချိန်​တော်​တော်များများမှာ ကြိုးကြိုးစားစား အလုပ်လုပ်တယ်။

💟 အားလုံးပဲ အဂ်လိပ်ဘာသာစကား
တိုးတက်ကျွမ်းကျင်နိုင်ကြပါ​စေ....

🌠 Wish you all the best for your future....⛳

🗽 Bring your success at The Best Success Institute..🎓🏆

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00