Bagan Management Institute
24/06/2026
HR တွေဖတ်သင့်တဲ့စာအုပ်ကောင်းတွေ
===========================
HR Professional တစ်ယောက်အနေနဲ့
ကိုယ့်ရဲ့ Career ကို တဆင့် မြှင့်တင်ဖို့ဆိုရင်
အတွေ့အကြုံအပြင် ခေတ်နဲ့အညီ ပြောင်းလဲ
နေတဲ့ HR Concept တွေကို စဉ်ဆက်မပြတ်
လေ့လာနေဖို့ လိုအပ်ပါတယ်။ဒါကြောင့် HR
နယ်ပယ်ထဲက လူတိုင်း နဲ့ HR လောကထဲကို
စတင်ဝင်ရောက်မယ့်သူတွေ ဖတ်သင့်တဲ့
စာအုပ်ကောင်းတွေ ကို BMI ကနေပြီး အကြံ
ပြုမျှဝေပေးလိုက်ပါတယ်။
Work Rules! – Laszlo Bock ဆိုတဲ့စာအုပ်
ကတော့Google ရဲ့ People Operations VP
ဟောင်း ရေးသားထားတဲ့ ဒီစာအုပ်က HR
လောကမှာ ကျော်ကြားပါတယ်။ဘာကြောင့်
ဖတ်သင့်လဲ ဆိုတော့ Google က ဘယ်လို
လူမျိုးတွေကို ရှာဖွေခန့်အပ်သလဲ၊ ဝန်ထမ်း
တွေကို ဘယ်လိုမျိုး ပျော်ရွှင်အောင် ထားသလဲ
ဆိုတဲ့ Google ရဲ့ HR လျှို့ဝှက်ချက်တွေကို
ဖော်ပြထားပါတယ်။ သင်ယူရမည့်အချက်
တွေကတော့ Data-driven HR ဖြစ်ဖို့နဲ့ Culture
တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ
လေ့လာနိုင် ပါတယ်နော်။
ဒုတိယ စာအုပ်ကတော့ HR from the Outside In
– Dave Ulrich စာအုပ်ပါ။Dave Ulrich ကို Father
of Modern HR လို့တောင် တင်စားကြပါတယ်။
ဒီစာအုပ်က HR တွေဟာ ရုံးခန်းထဲမှာတင်
အလုပ်လုပ်နေရုံနဲ့ မလုံလောက်တော့ဘူးဆို
တာကို ထောက်ပြထားပါတယ်။စီးပွားရေးလုပ်ငန်း
တစ်ခုလုံးရဲ့ အောင်မြင်မှုအတွက် HR က ဘယ်လို
နေရာကနေ ပံ့ပိုးပေးရမလဲ ဆိုတာနဲ့ Business
Partner ဖြစ်ဖို့ အတွက်ကို လမ်းညွှန်ပေးထားပါတယ်။
HR Competencies တွေအကြောင်းနဲ့ လုပ်ငန်းရဲ့
Target Customer တွေကို နားလည်ပြီးမှ HR Strategy
ဆွဲတတ်လာပါလိမ့်မယ် ဆိုတာတွေကို သင်ယူရပါ
လိမ့်မယ်။
နောက်တအုပ်ကတော့ Crucial Conversations
– Patterson, Grenny, McMillan, Switzler ပါ။
HR အလုပ်ဟာ ညှိနှိုင်းရတာတွေ၊ ခက်ခဲတဲ့ စကား
ဝိုင်းတွေကို ရင်ဆိုင်ရတာတွေ များပါတယ်။ ဥပမာ
ဝန်ထမ်းကို အလုပ်ထုတ်ရခြင်းတွေ၊ လစာတိုးဖို့
ငြင်းပယ်ရခြင်းတွေပေါ့။စိတ်ဖိစီးမှုများတဲ့ အခြေ
အနေတွေမှာ ဒေါသထွက်မသွားဘဲ ထိရောက်တဲ့
ရလဒ်ထွက်အောင် ဘယ်လို ပြောဆိုဆက်ဆံရမလဲ
ဆိုတာကို သင်ပေးပါတယ်။ Communication Skill ကို
အဆင့်မြင့်တင်ပေးပြီး ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်း
တိုးတက်လာပါလိမ့်မယ်။
ပြီးတော့ First, Break All the Rules – Marcus
Buckingham ပါ။Gallup ရဲ့ လေ့လာမှုပေါင်းများစွာကို
အခြေခံပြီး ရေးထားတဲ့ ဒီစာအုပ်က ရိုးရာ HR
အယူအဆအဟောင်းတွေကို စိန်ခေါ်ထားပါတယ်။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို ပြင်ပေးတာထက်
သူ့ရဲ့ အားသာချက် Strengths ကို ပိုကောင်းအောင်
လုပ်ပေးတာက ပိုထိရောက်တယ် ဆိုတဲ့ အမြင်သစ်ကို
ပေးပါတယ်။ Talent Management နဲ့ ဝန်ထမ်းတွေရဲ့
စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်း
တွေ ပါဝင်ပါတယ်။
The HR Scorecard – Brian Becker, Mark Huselid,
Dave Ulrich ကတော့ HR ရဲ့ အလုပ်တွေဟာ ကုမ္ပဏီအတွက်
တကယ်ပဲ အကျိုးအမြတ် ROI ကိုက်ရဲ့လားဆိုတာကို
တိုင်းတာဖို့ လိုအပ်ပါတယ်။HR ရဲ့ လုပ်ဆောင်ချက်တွေကို
ကိန်းဂဏန်း Metrics တွေနဲ့ ဘယ်လို တိုင်းတာရမလဲဆိုတာကို
ဖော်ပြထားပါတယ်။ Strategy၊ People နဲ့ Performance တို့ကို
ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို နားလည်လာမှာပါ။
HR Professional တစ်ယောက်ဟာ စာရွက်စာတမ်းကိုင်ရသူ
Administrator အဆင့်ကနေ လုပ်ငန်းရဲ့ မဟာဗျူဟာ
မြောက် မိတ်ဖက် Strategic Partner ဖြစ်လာဖို့ဆိုရင်
အထက်ပါစာအုပ်တွေက အများကြီး အထောက်အကူပြုမှာပါ။
အင်္ဂလိပ်စာအုပ်တွေ ဖြစ်ပေမယ့် ဒီစာအုပ်အများစုကို
မြန်မာဘာသာပြန်နဲ့ဖြစ်စေ၊ အနှစ်ချုပ် Summary
နဲ့ဖြစ်စေ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
ကဲ BMI က မိတ်ဆွေ HR Professional တွေ ကိုယ့်ရဲ့
Career Development အတွက်Self Study လေ့လာ
သင်ယူနိုင်ပါတယ်……။
15/06/2026
Vacancy Announcement
==================
Nay Bagan (Talent Sourcing) နှင့် ချိတ်ဆက်ထားသော
ကုမ္ပဏီကြီးများမှ အရည်အသွေးမြင့် ကျွမ်းကျင် ပြီး
ကြိုးစားလိုစိတ်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော
အောက်ပါဝန်ထမ်းများကိုခေါ်ယူလျက်ရှိပြီး……
Human Resources Manager M/F 4 Post
Human Resources Executive M/F 7 Post
Compliance Manager M/F 2 Post
Human Resources Assistant M/F 7 Post
Requirement
==========
- [ ] Degree Holder Any Discipline with professional diploma is a plus.
- [ ] Master Degree in Business or Management is advantage for Manager.
- [ ] Working experience for manager level is 5 Years and above
- [ ] Working experience for executive is 2 to 3 years.
- [ ] Able to work under pressure and complex situations.
- [ ] Excellent communication skills and pleasant personality is a must.
📲လျောက်ထားလိုသူများသည်
မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။
01/06/2026
Retention Program
==============
လုပ်ငန်းတစ်ခုမှာ လူတော်တွေကို ရှာဖွေခန့်အပ်
ရတာထက် ရှိနေပြီးသား Top Talents တွေ အခြား
ကုမ္ပဏီကို ပြောင်းမသွားအောင် ထိန်းသိမ်းရတာက
ပိုပြီး စိန်ခေါ်မှုကြီးပါတယ်။ လူတစ်ယောက် ထွက်သွား
တိုင်း ကုမ္ပဏီမှာ အစားထိုးဖို့ စရိတ်စက Hiring Cost တွေ၊
အချိန်တွေ ကုန်ဆုံးရုံတင်မကဘဲ လုပ်ငန်းလည်ပတ်မှုကိုပါ
ထိခိုက်စေပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေ ကုမ္ပဏီအပေါ် သစ္စာရှိရှိနဲ့ ရေရှည်
လက်တွဲလာစေဖို့ ခိုင်မာတဲ့ Retention Program ဝန်ထမ်း
မြဲအောင် ထိန်းသိမ်းသည့် အစီအစဉ် တစ်ခု ဆွဲတော့မယ်ဆိုရင်
မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို BMI ကနေ
မျှဝေပေးလိုက်ပါတယ်။ 👇
မျှတတဲ့ လစာနှင့် ခံစားခွင့် Competitive Compensation &
Benefits ကတော့ အခြေခံအကျဆုံးအချက်ပါ။ ဝန်ထမ်းတွေရဲ့
လုပ်ခလစာဟာ ဈေးကွက်ပေါက်ဈေး Market Rate နဲ့ ညီမျှရဲ့
လားဆိုတာ ပုံမှန်ဆန်းစစ်ဖို့ လိုပါတယ်။လစာတစ်ခုတည်းတင်
မကဘဲ ကျန်းမာရေးအာမခံ Health Insurance၊ စွမ်းဆောင်
ရည်အလိုက် ပေးတဲ့ Bonus တွေနဲ့ သင့်တင့်တဲ့ ခွင့်ရက် Paid
Leaves တွေပါ ပြည့်စုံအောင် စီစဉ်ပေးထားရဲ့လားဆိုတာကို
ပထမဦးဆုံးစဉ်းစားရပါမယ်။
နောက်တစ်ခုကတော့ ရှင်းလင်းတဲ့ Career Progression တစ်ခု
ရှိသင့်ပါတယ်။လူတော်တွေ အလုပ်ထွက်ရတဲ့ အဓိကအကြောင်း
ရင်းတစ်ခုက တိုးတက်လမ်းမမြင်ဘူး လို့ ခံစားရတာကြောင့်ပါ။
ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် ရှင်းလင်းတဲ့ Individual
Development Plan (IDP) လိုမျိုးနဲ့ ၃ နှစ်အတွင်း၊ ၅ နှစ်အတွင်း
ဘယ်ရာထူးအထိ တက်လှမ်းနိုင်မလဲဆိုတဲ့ လမ်းကြောင်း
Career Path ကို ချပြပေးနိုင်ဖို့ လိုပါတယ်။
ဝန်ထမ်းတွေကို အလုပ်ပဲ နေ့တိုင်း ထပ်ခါတလဲလဲ ခိုင်းနေရင်
ငြီးငွေ့ပြီး Burnout ဖြစ်လာတတ်ပါတယ်။သင်ယူခွင့်နှင့် အရည်
အချင်းမြှင့်တင်ခြင်းဆိုတဲ့ Learning & Development အခွင့်
အလမ်းဖန်တီးပေးဖို့လဲလိုအပ်ပါတယ်။ Attitude တွေ Skills တွေ
Knowledge တွေ တိုးတက်လာအောင် Training တွေ၊ အလုပ်ရုံ
ဆွေးနွေးပွဲ Workshops တွေနဲ့ နိုင်ငံတကာ Certification တွေ
ဖြေဆိုနိုင်ဖို့ ကုမ္ပဏီက ဘတ်ဂျက်ချပေးပြီး ပံ့ပိုးပေးရပါမယ်။
ဝန်ထမ်းတွေက လုပ်ငန်းခွင်ကို စွန့်ခွာကြတာ မဟုတ်ပါဘူး၊
အဆိပ်အတောက်ဖြစ်စေတဲ့ မန်နေဂျာ တွေကိုပဲ စွန့်ခွာကြတာ
ဆိုတဲ့ စကားရှိပါတယ်။ အဆိပ်အတောက်ကင်းတဲ့ လုပ်ငန်းခွင်
ယဉ်ကျေးမှု Healthy Workplace Culture အရေးကြီးပါတယ်။
ကုမ္ပဏီမှာ အချင်းချင်း အနိုင်ကျင့်တာ၊ အဆိုးမြင်တဲ့ Toxic
Environment တွေ ရှိနေလား။ မန်နေဂျာတွေက ဝန်ထမ်းတွေကို
Micro-manage လုပ်လွန်းနေသလားဆိုတာဆန်းစစ်ပြီး ပွင့်လင်း
မြင်သာပြီး အပြန်အလှန် လေးစားတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်အောင်
တည်ဆောက်ရပါမယ်။
ဝန်ထမ်းတစ်ယောက်က အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား
လုပ်လုပ် ဘယ်သူကမှ သတိမထားမိဘူး၊ ချီးကျူးမခံရဘူးဆိုရင်
စိတ်ဓာတ်ကျပြီး အလုပ်ထွက်ဖို့ ပြင်ဆင်လာပါလိမ့်မယ်။
ကြိုးစားမှုကို အသိအမှတ်ပြုခြင်း Recognition & Reward
စနစ်ကောင်းကောင်းလိုအပ်ပါတယ်။လစဉ် အကောင်းဆုံး
ဝန်ထမ်းဆု Employee of the Month လိုမျိုး တရားဝင်ဆုပေးတဲ့
စနစ်တွေအပြင်၊ ပရောဂျက်တစ်ခု အောင်မြင်တဲ့အခါ လူအများ
ရှေ့မှာ ကျေးဇူးတင် စကားပြောတာမျိုး Spot Recognition တွေ
ပုံမှန်လုပ်ပေးဖြစ်ရဲ့လားဆိုတာကိုပြန်လေ့လာသုံးသပ်ရပါမယ်။
ဝန်ထမ်းတစ်ယောက် ထွက်တော့မယ့်အချိန်ကျမှ Exit Interview
လုပ်တာထက်၊ လက်ရှိရှိနေတဲ့ လူတော်တွေကို ကိုယ့်ကုမ္ပဏီမှာ
ဘာကြောင့် ဆက်လုပ်နေတာလဲ၊ ဘာတွေ ပိုကောင်းလာစေချင်လဲ
ဆိုပြီး Stay Interview တွေကို ကြိုတင်လုပ်ဆောင်ရပါမယ်။ ဒါက
Retention Program အတွက် အကောင်းဆုံး Data တွေကို ရရှိစေပါ
လိမ့်မယ်လို့ HR Professional တွေကို အကြံပြုလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Room-306, Building-3, Aung Myay Tharsi 1st Street, Aung Myay Tharsi Housing, Kamaryut Township
Yangon