Aspire 79 - Local Delivery Service

Aspire 79 - Local Delivery Service

Share

17/01/2022

Part Time Delivery အကူလေးများအလိုရှိသည်

Aspire79 မှ ပစ္စည်းများကိုလျှင်မြန်စွာပို့ဆောင်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် part time delivery သမားများအား လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်

အလုပ်တစ်ဖက် ကျောင်းတစ်ဖက်ဖြစ်နေပေမယ့်အပိုဝင်ငွေရနိုင်ပြီးအဆင်ပြေစေတဲ့အခွင့်အရေးလေးတစ်ခုဆိုလဲမမှားပါဘူး😍

လိုအပ်လျှက်ရှိသော Area များ
Zone A
⁃ ကမာရွတ်
⁃ လှိုင်
⁃ မရမ်းကုန်း
⁃ လှိုင်သာယာ
⁃ အင်းစိန်
⁃ မင်္ဂလာဒုံ
⁃ ထောက်ကြန့်

Zone B
⁃ သန်လျှင်
⁃ ဒဂုံဆိပ်ကမ်း
⁃ သင်္ကန်းကျွန်း
⁃ တောင်ဥက္ကလာ
⁃ မြောက်ဒဂုံ
⁃ တောင်ဒဂုံ
⁃ အရှေ့ဒဂုံ
⁃ ရွှေပေါက်ကံ
⁃ မြောက်ဥက္ကလာ

Part Time Delivery အကူလေးများသည်
🎗ယဉ်ကျေးပြီး စကားပြောချိုသာရမည်။
🎗အလုပ်လုပ်ရာတွင်တိကျပြီး တာဝန်ယူရဲသူဖြစ်ရမည်
🎗Aspire 79 မှ သင်ကြားသော Training များနှင့် အသိပေးထားသော Terms & Conditions များနှင့် အညီ လုပ်ဆောင်ပေးနိုင်သူဖြစ်ရမည်
🎗လိုက်လျောညီထွေနေတတ်ပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်
🎗ယုံကြည်စိတ်ချရပြီး ကိုယ်ကျင့်တရားကောင်းမွန်ရမည်
🎗ရေရှည်ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်

စိတ်ပါဝင်စား၍အလုပ်လျှောက်ထားလိုသူများသည် မိမိ၏အမည်၊ နေရပ်လိပ်စာအမှန်၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်းများနှင့်တကွ မိမိပေးပို့ပေးနိုင်သည့် Zone နှင့် မှတ်ပုံတင်တို့ကို -
Viber Number - 09782868013 (သို့မဟုတ်)
Aspire 79 ၏ page Messenger သို့ချက်ချင်း လာရောက်ပေးပို့ပြီးလျှောက်ထားနိုင်ပါတယ်

Photos from Aspire 79 - Local Delivery Service's post 13/01/2022

ရိုးရိုး Delivery တွေအပြင် နေ့ချင်းပို့ Food Delivery တွေပါ သေချာပို့ဆောင်ပေးနေတဲ့ Aspire 79 Delivery Team လေး အခက်အခဲတွေကြောင့် နေ့ချင်းပို့ Delivery Terms and Conditions လေးတွေကို ပြန်လည်ပြောင်းလဲသတ်မှတ်လိုက်ရပါတယ် 😞

ပြောင်းလဲသွားတာလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် 🙏🏻

🔺ပို့ရမည့် လမ်းကြောင်းများအား လိပ်စာအတိအကျ တစ်ညကြိုတင်ပေးပို့ပေးပါရမည်ဖြစ်ပါသည်။

🔺လမ်းကြောင်းငါးကြောင်းနှင့်အောက် ဖြစ်နေပါက လမ်းကြောင်း တစ်ခုချင်းစီအတွက် 500 ks စီ ထပ်မံကောက်ခံမည်ဖြစ်ပါသည်။

🔺လမ်းကြောင်းငါးကြောင်းနှင့် အောက် (သို့မဟုတ်) ငါးကြောင်းနှင့်အထက်ဖြစ်သော်လည်း အောက်ဖော်ပြပါမြို့နယ်များတွင်ပေးပို့ရန်လမ်းကြောင်း တစ်ခုပဲပါရှိပါက တစ်ကြောင်းစီအတွက် 500 ks ထပ်မံကောက်ခံမည်ဖြစ်ပါသည်။

🚚မြောက်ဒဂုံ
🚚တောင်ဒဂုံ
🚚အရှေ့ဒဂုံ
🚚ဒဂုံဆိပ်ကမ်း
🚚အင်းစိန်
🚚လှိုင်သာယာ
🚚သန်လျင်

🔺မုန့်များ၊ ပစ္စည်းများချက်ချင်းလာယူပြီး အချိန် အကန့်အသတ်နှင့် ပို့ဆောင်မှုများ ပြုလုပ်ရန်ပြောကြားပါက အပေါ်မှဖော်ပြထားသော Charges များမပါပဲ Extra Charge - 1000 ks သီးသန့်ကောက်ခံမည်ဖြစ်ပါသည်။

လမ်းကြောင်းများအဆင်ပြေစေရန်နှင့် အစားအသောက်၊ ပစ္စည်းများ၊ Cake များ မုန့်များအား အပူမခံရစေရန်၊ မုန့်များပုံမပျက်စေရန် အမြဲတမ်းကြိုးစားထိန်းသိမ်းပြီး ပို့ဆောင်ပေးလျှက်ရှိပါတယ် 🤩

အအေးခံပစ္စည်းများကိုလဲ အအေးကိုထိန်းထားပြီး သေချာလေးအမြဲတမ်းပို့ဆောင်ပေးနေပါတယ် 🥳

ယခု ပြောင်းလဲလာသော ဆီစျေးနှုန်းအဆမတန်တက်နေခြင်း၊ မုန့်များအားလာယူပြီး Customers ဘက်မှ တောင်းဆိုသောအချိန်များအတွင်းတွင် အရောက်ပေးပို့နေရခြင်း၊ ရံဖန်ရံခါတစ်ကြောင်းထဲ အရင်ပို့ပေးရခြင်း အစရှိသည့်အခြေအနေများဖြစ်ပေါ်နေခြင်းကြောင့် နေ့ချင်းပို့ မုန့်များ၊ ပစ္စည်းများအတွက် extra charges များ မဖြစ်မနေကောက်ခံနေရခြင်းအား နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် 😞🙏🏻

တစ်ချို့မြို့နယ်များရဲ့ Delivery Rate များအားလဲ ပြန်လည်လျော့ချသတ်မှတ်ပေးထားပါတယ် ♥️

Aspire79 ရဲ့ services များနဲ့ပတ်သတ်ပြီး သိရှိလိုသည်များနဲ့ လုပ်ငန်းအပ်နှံလိုပါက
📥Page ရဲ့ messenger မှဖြစ်စေ
📞 09782868013
📞 09885124469 တို့ကိုဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်လို့ရပါတယ်

12/12/2021

Delay Post 🥺

🚫သာကေတ ဒီနေ့ မလာဖြစ်ပါဘူး🚫
သုဝဏ္ဏတံတားကနေ အခုဘဲ သာကေတကို ဝင်မလို့ ကို တန်းစီနေတဲ့ ကားတန်းကြီးကို ကြောက်ပြီး ပြန်လှည့်ခဲ့ရပါတယ်

အဝင်တခါစစ် အထွက် တခါ စစ် ဆိုရင် Aspire79 ကားလေး အချိန် သုံးနားရီလောက် ကုန်မှာ ကြောက်လို့ ပါ

Customers လေးတွေကို ဖုန်းလဲ ပြန်ဆက်ပြီးပြောနေပါတယ်

နောက်နေ့ မနက်စောစော ပြန်လာခဲ့ပေးပါမယ်

နားလည်ပေးတာ ကျေးဇူးအထူးတင်ပါတယ် ရှင့်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon