DR.House

DR.House

Share

21/07/2021

Covid မှာ လူနာတွေရဲ့ အတွေ့များတဲ့ complaintလေးတွေ ရှင်းပြထားချင်ပါတယ် ....

**အနံ့ပျောက်လို့ အနံ့ပြန်ရအောင် ဘာလုပ်ရမလဲ
ဘာမလုပ်လို့မရပါဘူးရှင်
တစ်ပတ်လောက်ဆို သူ့အလိုလို ပြန်ရပါတယ်
အရွက်ပေါင်းစုံရှူနေလဲ မထူးပါဘူး
အဲဒီအတွက် ဆေးလဲမရှိပါဘူးးး...

**ချောင်းဆိုးတာက တစ်ပတ်ကနေ 2ပတ်ထိ ရှိနိုင်ပါတယ်
ဘာဆေးသောက်သောက်မပျောက်ဘဲ နှစ်ပတ်ထိ ချောင်းဆိုးတာမျိုး ဖြစ်နိုင်ပါတယ်

**ဖျားလို့ အဖျားမကျလို့ အဖျားကျအောင် ဘလိုလုပ်ရမလဲ

Covid 19ကူးစက်ခံရတဲ့လူနာတွေမှာ ဖျားတဲ့လူတွေဟာတစ်ပတ်ကနေ 2ပတ်ထိ ဖျားနိုင်ပါတယ်

ဖျားတယ်ဆိုတာ ခန္ဓာကိုယ်က immune system ကိုယ်ခံအားစနစ်ကနေ virusကို တုန့်ပြန်တဲ့နေရာမှာ ထွက်တဲ့ အရာတွေက ဖျားစေတာပါ..
ဖျားတဲ့အချိန် paracetamol သောက်ပါ paracetamol သောက်တဲ့အချိန် အဖျားကျပါမယ် ပီးရင် ပြန်ဖျားမှာပါ

**ဖြစ်နေတဲ့ရောဂါလက္ခဏာတွေက ဘယ်တော့ပျောက်မလဲဆိုရင် ဒီvirusသေသွားမ ပျောက်မှာပါ အဲဒါတွေအကုန်က စိုးရိမ်စရာတွေမဟုတ်ပါဘူး

စိုးရိမ်စရာက oxygen ကျတာပါပဲ အဲဒါကိုပဲစိတ်ပူကြပါ

ပေးနေတဲ့ဆေးတွေက လက္ခဏာသက်သာအောင်ပေးနေတာပါ
Virusကို ကိုယ်ခံအားကပဲတိုက်မှာမလို့ ကိုယ်ခံအားကောင်းအောင်
အစားများများစားပါ မစားချင်လည်း အန်မထွက်ရင်စားပါ အရသာခံမနေပါနဲ့ အရသာရှိရှိ မရှိရှိ စားပါ
အရည်ဓတ်များများသောက်ပါ
အိပ်ရေး၀အောင်အိပ်ပါ
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
**ပိုးသတ်ဆေး
Steroidsတွေကို မိမိဘာသာ မသောက်ပါနဲ့ ဆရာ၀န်နဲ့တိုင်ပင်ပြီးသောက်ပါ

တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရှင်သန်မှုကအရေးကြီးပါတယ်
အားလုံး အားတင်းထားကြပါ .

Crd..

12/07/2021

အားလုံး သောကတွေ များနေကြမယ် ဆိုတာ သိနားလည်ပါတယ်

မနက်မိုးလင်းထဲက စိုးရိမ် သောက တွေ နဲ့
ဗျာများနေတဲ့ အသံတွေကို ဖုန်းထဲက ကျွန်တော် ကြားရပါတယ်

တနေ့ လူနာ 10 ယောက် , 15 ယောက် လောက်ပဲ အများဆုံး ကြည့်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ

ဖုန်းအဝင် Call များစွာကို ဆေးလိုက်ကုရင်း
လက်ခံဖြေကြားရသည့်အတွက်
လိုအပ်သည်များရှိခဲ့ပါကလည်း နားလည်ပေးစေလိုပါတယ်

Edited - 13.7.2021 - 15.7.2021 အထိ booking မရနိုင်တော့ပါ
ဖုန်းဆက်ပြီး booking ယူထားသူများ ပြန်လည်ဆက်သွယ်ပေးပါ့မယ်
ဖုန်းအဝင် Call များသည့်အတွက် ဖုန်းခဏပိတ်ထားရလို့ပါ

Photos from DR.House's post 10/07/2021

Covid ကြောင့် သေတာထက် Pneumonia ဝင်ပြီး O2 ထိုးကျလို့ သေတာပါ

Pneumonia ဆိုတာက အဆုတ်ထဲမှာ အရည်တွေပြည့်ပြီး O2 exchange မလုပ်နိုင် တော့တာပါ

အဲ့ဒီအရည်တွေကို အပြင်ပြန်ထွက် အောင် လုပ်တာကို Chest physio လို့ခေါ်ပါတယ် အသက်ကြီးပြီး ချောင်းဟန့်တာမလုပ်နိုင်တဲ့ လူနာတွေမှာ အသုံးဝင်ပါတယ်

အဲ့လို ဇောက်ထိုးနေချင်းအားဖြင့် Gravityအရရော ချွဲပိုထွက်တာကြောင့် အဆုတ်ရဲ့ O2 exchange လုပ်တဲ့ bronchioles တွေမှာ အရည်တွေအချွဲတွေပိတ်မနေပဲ ခန္ဒာကိုယ်က O2 ကို ရရှိပါတယ်

အဲ့ဒါကြောင့်မှောက်အိပ်ရင်နေရသက်သာတယ် အမောသက်သာတယ်လို့ အလွယ်ကပြောကြတာပါ

မှောက်ပဲအိပ်အိပ် စောင်းပဲအိပ်အိပ်
ခါးက ရင်ဘက်ထက်မြင့်နေရင် ရပါပြီ
အသက်ကိုအဆုံးထိ ၀၀ရှူပြီး လေကုန်တဲ့အထိ ရူထုတ်ဖို့လိုပါတယ်

Covid ဖြစ်နေတယ်ဆိုရင်တော့
အဲ့လိုလေး မှောက်လိုက် စောင်းလိုက် breathing exercise လေးတစ်နေ့ကို ၂ကြိမ် ၃ ကြိမ်လောက်ကြိုးစားလုပ်ပေးကြည့်ပါ

Pneumonia ဝင်မှထလုပ်ရင် ပိုခက်ခဲမှာမို့လို့ပါ
ချောင်းခဏခဏ ဟတ်ပြီးသလိပ်ထွေးပါ
ချောင်းဟတ်ရခက်ရင် Bisolvon လေးသောက်ပါ

ဖင်ကုန်းပြီး အသက်ရှူနေခြင်း
Dexa လျောက်သောက်တာထက် ပိုထိရောက်ပါတယ်

Crd.... Dr.Kyaw Linn Shein
Original Post Link
https://m.facebook.com/story.php?story_fbid=4994608833887947&id=100000166402797

08/07/2021

အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှု
( ရန်ကုန်မြို့တွင်း)

အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးခြင်း

ကုသမှုပေးခြင်း

အဆင့်မြင့် ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ သွေးစစ်ပေးခြင်း

နာတာရှည် လူနာများ

အိပ်ယာထဲ လဲနေသော လူနာများ

သက်ကြီးရွယ်အိုများ အား အိမ်တိုင်ရာရောက် ကျန်းမာရေး
စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပါသည်

Dr.KYAW HTIN
M.B,B.S ( YGN)
အထွေထွေရောဂါကု ဆရာဝန်

Ph - 094210 12314

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon