Online Betting Tips
အင်္ဂလန်-ဒိန်းမတ် ပွဲစဉ်မှာ ပွဲအစတည်းက နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်မှုတွေကြောင့် ဘောလုံးပရိတ်သတ်တွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ ပွဲချိန် ( ၃၁ ) မိနစ်အရောက်မှာတော့ အပြောင်းအလဲ တစ်ခု ဖြစ်ခဲ့ရပါတယ်။ ပွဲအစ ( ၅ ) မိနစ်ထဲက အဝါကဒ်ပြခံ ထားရတဲ့ Maguire ဟာ ( ၃၁ ) မိနစ်မှာပဲ ထပ်မံ အဝါကဒ် ပြသခံခဲ့ရပြီး ( ၂ ) ဝါ ( ၁ ) နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒိန်းမတ်ရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် ( ၃၅ ) မိနစ်မှာ ရရှိတဲ့ ပင်နယ်တီမှ တဆင့် အဲရစ်ဆင်က သွင်းယူ နိုင်ခဲ့ပါတယ်။ အနီကဒ်ပြသခံခဲ့ရတဲ့ Maguire အနေနဲ့ လက်ရှိမှာ ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရတယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က
"Maguire ဟာ သူ့အတွက် ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေရပြီး မကြာခင်မှာ ခြေစွမ်းကောင်းများ ပြန်လည်ရရှိလာမယ်လို့ ယုံကြည်မှု အပြည့်ရှိကြောင်း" ပြောကြားခဲ့ပါတယ်။
Ronaldo ဟာ သူ့ရဲ့ ငယ်ဘဝ Idol ပါဆိုတဲ့ Mbappe
Mbappe က Ronaldo ဟာ သူ့ရဲ့ Idol ပါဆိုပြီး မကြာခဏ ပြောခဲ့ဖူးပါတယ်။ သူက "Ronaldo ဟာ ငယ်စဉ်ကတည်းက ကျွန်တော့်ရဲ့ Hero ကြီးဖြစ်ခဲ့ရသူပါ၊ သူ့ကို ချစ်ခင်လေးစားခဲ့ပါတယ်။ အခုတော့အဲဒါတွေက ပြီးဆုံးခဲ့ပါပြီ၊ ကျွန်တော်ဟာ ယှဉ်ပြိုင်လိုစိတ်ရှိပြီး နိုင်ပွဲ ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ၊ ကျွန်တော် တို့ရဲ့ အရှေ့မှာ ဘယ်သူရှိနေလဲ ဆိုတာ အရေး မကြီးပါဘူး၊ ကျွန်တော်တို့ အနိုင်ရလဒ်ကို လိုချင်ပါတယ်၊ Ballon D' or ( 5 ) ကြိမ်ရရှိထားတဲ့ ကစားသမားတစ်ဦးဆီက သင်ယူမှုတွေ အများကြီး လုပ်ဆောင်နိုင်ပါ လိမ့်မယ်၊ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ" ဟု ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
73 19th Street, Latha T/S, Myanmar, Burma (Myanmar)
Yangon