27 Maths
27/02/2026
Continuous Learning
*********************
ဘာသာရပ်တစ်ခုခုကို သင်ယူရာမှာ ကျွမ်းကျင်စေဖို့အတွက် အတန်းမှန်၊ အချိန်မှန်၊ ပြန်လည်လေ့ကျင့်ရုံသာမက စဉ်ဆက်မပြတ်လေ့လာနေဖို့ကလည်း အရေးကြီးလှပါတယ်။
ဆရာများစွာရှိကြတာကြောင့် သင်ကြားပေးတဲ့ပုံစံတွေကလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး လေးပိုင်းခွဲကာ တင်ပြပါရစေ။
၁)ကလေးက နားလည်လက်ခံနိုင်မှု မြင့်မားမြန်ဆန်ခြင်း
က)SG Maths ကို မသင်ယူဖူးသော ကလေးများ
********************************************
တချို့သောကလေးတွေက နားလည်လွယ်တာကြောင့် လျင်မြန်စွာ သဘောပေါက်သွားသလို စိတ်ဝင်စားမှုပါတွဲလျက်ရှိနေပါလျှင် သင်လိုက်တဲ့စာကို အကုန်နီးပါးရသွားတယ်လို့ ယူဆလို့ရမှာဖြစ်ပါတယ်။
ခ)SG Maths ကို သင်ယူဖူးသောကလေးများ
********************************************
မူလအခြေခံလည်းရှိထားတာဖြစ်ပြီး နားလည်လက်ခံနိုင်မှုပါ မြင့်မားနေတဲ့အပြင် စိတ်ဝင်စားမှုပါ တွဲလျက်ရှိနေပါလျှင် ထူးချွန်သောကလေးများဖြစ်သွားကြတာ ယခုအုပ်စုထဲက ဖြစ်ပါတယ်။
၂)ကလေးက နားလည်သဘောပေါက်ရန် အချိန်တစ်ခုယူရန် လိုအပ်ခြင်း
က)SG Maths ကို မသင်ယူဖူးသော ကလေးများ
********************************************
ကလေးအနေနဲ့ သချာ်မှာ အားနည်းနေတာ၊ စိတ်မဝင်စားတာ၊ တခြားသင်ရိုးတစ်ခုကနေ ပြောင်းလဲသင်ယူရတဲ့အခါ ပိုမိုခက်ခဲတာဖြစ်လို့ စိတ်ထဲမှာ သင်ယူလိုစိတ်အားနည်းနေသော်လည်း မိဘကတက်စေလို၍ တက်ရတဲ့အခါ အချိန်သာကုန်သွားသော်လည်း တိုးတက်မှုနည်းလွန်းသော/ မူလကထက် သိသာသောတိုးတက်မှုကို မတွေ့ရတာ ယခုအုပ်စုထဲကဖြစ်ပါတယ်။
ခ)SG Maths ကို သင်ယူဖူးသောကလေးများ
********************************************
ကလေးအနေနဲ့ အခြေခံသဘောတရားတွေနဲ့ သင်ရိုးကိုအတန်အသင့်ရင်းနှီးပြီးသားဖြစ်လို့ မူလအခြေခံအားနည်းသော်လည်း ကြိုးစားလေ့ကျင့်မယ်ဆိုရင် အပိုဒ် ၁(က) ထဲက ကလေးများကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။
ယခုဖော်ပြပါ အုပ်စု ၄ ခုထဲမှာ အပိုဒ် ၁(ခ) ကလေးများသည်း အထူးချွန်ဆုံးကလေးများဖြစ်သော်လည်း အဆိုပါကလေးများအနေနဲ့ ဘာသာရပ်တစ်ခုမှာ အားနည်းသွားစေတဲ့ အကြောင်းအရင်းက ကာလတစ်ခုကြာ သင်ယူမှုကို ရပ်တန့်လိုက်ခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်ကလေးများအနေနဲ့ တက်ရသောသင်တန်းများစွာ ရှိနေတာကြောင့် မှာ အိမ်စာပေးခြင်းကို မပြုလုပ်သလောက်ဖြစ်ပြီး အတန်းတွင်းမှာ ပုစ္ဆာပေါင်းများစွာ တွက်စေပါတယ်။ အလေ့အကျင့်ဖြစ်စေရန်သာမက အချိန်တိုအတွင်း Challenging question များကိုလည်း တွက်စေရန် ရည်ရွယ်တာကြောင့် သင်တန်းများအားလုံးမှာ ကလေးများအနေနဲ့ အတန်းတက် လိုက်ကူးရုံသာမဟုတ်ပဲ ကိုယ်တိုင်တွက်ချက်မှုကိုလည်း ပြုလုပ်စေတာ ဖြစ်ပါတယ်။
ထိုသို့သော အလေ့အကျင့်မျိုးရထားသော ကလေးတစ်ဦးက အချိန်ကာလတစ်ခုကြာ ထိုအလေ့အကျင့်မျိုးနှင့် ပြတ်တောက်သွားပြီး ပြန်လည်လုပ်ဆောင်ရသည့်အခါ အပိုဒ် ၁(ခ) ထဲက ကလေးများအတွက် အချိန်မကြာလှသော်လည်း တခြားကလေးများအတွက်မူ အစကနေပြန်လည်လေ့ကျင့်ရတာမျိုး ဖြစ်သွားတတ်ပါတယ်။
“ချွေးထွက်များမှ သွေးထွက်နည်းသည်” ဆိုသလို များများလေ့ကျင့်ထားတာကြောင့် မည်သည့်မေးခွန်းမျိုးမဆိုကို မြန်မြန်လုပ်ဆောင်နိုင်သော ကလေးတစ်ယောက်အတွက် ဘာသာရပ်တစ်ခုက လွယ်ကူသွားတာမျိုး ဖြစ်နေတတ်ပါတယ်။
မိမိတို့ကလေးက စာရေးတာနှေးပါတယ်ဆိုသည်အတွက် အကြံပြုဖြစ်တာက “အကျင့်ဆိုတာ လုပ်ယူရတယ်” ဆိုတာ ဖြစ်ပါတယ်။ နှေးတာကို မြန်စေရန် လေ့ကျင့်စေတာမျိုးအစား နှေးခြင်းကိုသာ လက်ခံပေးလိုက်ရင် ကလေးက တခြားကလေးများနည်းတူ မြန်လာစေရန် မကြိုးစားတော့မှာပဲ ဖြစ်ပါတယ်။ ကလေး ၁၀ ယောက်တွင် ၁ ယောက် သို့မဟုတ် ၂ ယောက်သည် စာရေးတာနှေးလို့ အမြဲနောက်ကျနေပါလျှင် ထိုကလေးသည် နှေးလွန်းနေတာဟု သုံးသပ်မိပါတယ်။
အနှစ်ချုပ်ရလျှင် ဘာသာရပ်တစ်ခုမှာ ကျွမ်းကျင်ပြီးသာမန်အထက်မှာရှိနေစေဖို့အတွက် သက်တောင့်သက်သာ သွားနေလို့မရပဲ လိုအပ်သောပြင်ဆင်မှု၊ လေ့ကျင့်မှုအပြင် စဉ်ဆက်မပြတ်သင်ယူမှုကလည်း အရေးကြီးလှပါကြောင်းကို တင်ပြလိုက်ပါတယ်။
@7:37pm on 27-Feb-2026 (Friday)
07/02/2026
မင်္ဂလာပါရှင်
၂၀၂၆ ပညာသင်နှစ်အတွက် Primary 1 to Primary 5 (Section B.)တန်းခွဲများတွင် မိမိတို့၏ကလေးများ တက်ရောက်စေရန်အတွက် ယခုအချိန်မှစ၍ သင်တန်းအပ်နှံနိုင်ပါပြီရှင်
0001 တန်းခွဲ၊ အသက်နှင့် သင်တန်းအချိန်
i) Primary 1 (6 to 7+years)
*Thur and Fri 5-6:15pm (MMT)
ii) Primary 2 (7 to 8+ years)
*Tue and Wed 4:45-6pm (MMT)
iii) Primary 3 (8 to 10+ years)
*Thur and Fri 4:45-6pm (MMT)
iv) Primary 4 (9 to 11+ years)
* Thur and Fri 6:05-7:20pm (MMT)
v) Primary 5 (10+ to 13+ years)
* Tue and Wed 6:05-7:20pm (MMT)
0010 သင်တန်းကြေး
Page messenger မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
0011 သင်တန်းကာလနှင့် စတင်မည့်ရက်
သင်တန်းအားလုံးအတွက် သင်တန်းကာလမှာ ၉ လဖြစ်ပါတယ်။
*P1, P3 and P4
**5-Mar-2026 (Thur) တွင် စတင်မည်။
*P2 and P5
**4-Mar-2026 (Wed)တွင် စတင်မည်။
0100 သင်ကြားမည့်စာအုပ်များ
သင်တန်းများအားလုံးမှာ ရဲ့ သင်ရိုးကို အသုံးပြုသင်ကြားပေးမှာ ဖြစ်ပါတယ်။
0101 သင်တန်းနေရာ
Zoom online class ဖြစ်ပါတယ်။
0110 Class size
၁၀-၁၅ ဦး ဖြစ်ပါတယ်။
0111 ဘာသာစကား
အင်္ဂလိပ်ဘာသာ ဖြစ်ပါတယ်။
1000 သင်တန်းအပ်နှံရန်အတွက်
သင်တန်းအပ်နှံလိုပါက Page messenger မှတဆင့် ဆက်သွယ်ပေးရန် ဖြစ်ပါတယ်။ Registration form ဖြည့်ရန်လိုအပ်မှာဖြစ်ပြီး Register ပြုလုပ်ပြီးမြောက်ပါက သင်တန်းကြေးပေးသွင်းနိုင်မယ့် Account များကို ပေးပို့ပေးမှာဖြစ်ပါတယ်။
1001 သင်ကြားမည့်ဆရာမ
စာသင်သက်အနေနဲ့ ၁၅ နှစ်နီးပါး အတွေ့အကြုံရှိပြီး ရရှိထားသောဘွဲ့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Tr Sandar (Tin Htike Sandar)
B.E (Electronics, YTU, Yangon)
M.E (Electronics_Thesis, YTU, Yangon)
M.Sc (Signal Processing, NTU, Singapore)
၂၀၂၅-၂၆ ပညာသင်နှစ်မှစ၍ Primary 1 ရဲ့ စာသင်ချိန်က်ို ယခင်နှစ်များကဲ့သို့ ၁ နာရီမဟုတ်ပဲ ၁ ချိန်လျှင် ၁ နာရီ ၁၅ မိနစ်ဖြင့် တိုးမြှင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဆိုပါ P1 သင်တန်းကို မှာ Training ပြီးမြောက်ပြီး သင်ကြားမှုအတွေ့အကြုံရှိသော Teacher မှ သင်ကြားပေးမှာဖြစ်ပါတယ်။
1010 No Evaluation Test for Primary 5
October 2025 တွင်ဖွင့်လှစ်သော Primary 5 နှင့် March 2026 တွင်ဖွင့်လှစ်မည့် Primary 5 သင်ရိုးမှာ ၁၀% ခန့် ကွာခြားမှုရှိမှာဖြစ်ပြီး ယခု March လတွင်စတင်မည့် Primary 5 အတန်းကိုတက်ရောက်လိုပါက Test ဖြေဆိုရန် မလိုအပ်ပါဘူးရှင်
1011 ပိတ်ရက်များ
မြန်မာနိုင်ငံ၏ အများပြည်သူအနားယူသည့် ပိတ်ရက်များနဲ့ 27 Maths ၏ပိတ်ရက်ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့မှာ သင်တန်းအားလုံးကို ပိတ်မှာဖြစ်ပါတယ်။
*သိလိုသော အခြားအချက်အလက်များအတွက် 09-78647 1138 သို့ ဆက်သွယ်၍သော်လည်းကောင်း၊ 27 Maths ၏ Page messenger မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။
မှာ မိမိတို့၏သားသမီးကို သချ်ာသင်တန်းတက်ရောက်စေရန် စိတ်ဝင်စားခြင်း၊ မေးမြန်းစုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါတယ်ရှင်...
ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား/သူများ ဖြစ်ကြပါစေ။
@10:37pm (7-Feb-2026, Saturday)
25/09/2025
Primary 6 အတန်းရဲ့ မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။ ခက်ခဲမှုအဆင့် ၁၀ က အမြင့်ဆုံးဖြစ်မယ်ဆိုရင် 10 out of 10 အဆင့်ရှိတဲ့ မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။
ခက်ခဲလွန်းတာမျိုးတွေဆိုရင် PSLE လို နောက်ဆုံးစာမေးပွဲမှာ မမေးနိုင်လောက်ဘူးလို့ ကြားသိရသော်လည်း စာမေးပွဲမှာ အကယ်၍များ မေးလာခဲ့သည်ရှိသော် ဟူ၍လည်းကောင်း၊ နောင်အခါများကြုံကြိုက်လာတဲ့အခါ မှာတက်ရောက်နေတဲ့ ကလေးတွေအနေနဲ့ အတွေ့အကြုံရှိပြီးသား ဖြစ်နေစေရန်ဟူ၍သော်လည်းကောင်း သင်ကြားပေးပါတယ်။
ခက်ခဲတာကို သင်ယူချိန်မှာ ကလေးအနေနဲ့ ကိုယ်ရောစိတ်ပါ ပင်ပန်းနိုင်ပေမယ့် လိုက်ပါကြိုးစားလို့ အဆင့်တစ်ခုကိုကျော်ဖြတ်ပြီးချိန်မှာ သချ်ာဘာသာရပ်ဆိုတာက ကလေးများအတွက် သက်တောင့်သက်သာဖြစ်နေတဲ့ ဘာသာရပ်သာမကပဲ နှစ်သက်ဖွယ်ဘာသာရပ်တစ်ခုလည်း ဖြစ်သွားတတ်ပါတယ်။
မနက်ဖြန်မှာ PSLE (Maths) ဖြေရမယ့်ကလေးများ ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon