Aqua Diary

Aqua Diary

Share

17/05/2026

October 2024 ဒီ Linkလေးကနေ အပင်လေးလည်းတင်မယ်ပြောခဲ့တာလေ အပင်လေးတွေသိပ်မတွေ့တော့ မရှင်ဘူးထင်နေတယ် ထင်ပါတယ် အပင်လေးတွေကောင်းစွာရှင်သန်ပါတယ် ... အပင်ပေါက်ကနေအခုလိုကြီးထွားပြီး အသီးတွေလည်းသီးနေပါတယ် ...
Aqua 🤍
https://www.facebook.com/share/p/1BFabXrJ7e/

#ဥယျာဥ်ပိစိ

04/05/2026

🌿Crystal လေးထည့်ရင်တော့ ရနံ့ဆီကို ပိုထည့်ပေးပါနော် ... 🌿

Aqua 🤍

Photos from Aqua Diary's post 29/04/2026

🕯Gel Wax Candles🕯

🕯သူ့တို့ကို Decorative အတွက် အသုံးပြုဖို့အတွက်ပဲရည်ရွယ်ပါတယ် ...

🕯ဘာလို့ဆိုရင် Gel Wax ဟာ ပလပ်စတစ်ကိုအသွင်ပြောင်းလိုက်တဲ့ ဂျယ်လီလိုဖယောင်းတုံးဖြစ်နေလို့လေ Paraffin Wax ရဲ့ရင်းမြစ်တွေနဲ့သိပ်ပြီးကွာခြားမှုမရှိတာလည်းပါတာဆိုပေမယ့် ကုန်ကြမ်းစျေးကတော့ Natural Waxတွေနဲ့အတူတူလောက်ရှိပါတယ်သူကတောင်ပိုပြီးစျေးကြီးပါသေးတယ် ...

🕯ကြည်​လင်တဲ့အသွင်နဲ့လှလှပပ​လေး ဖန်တီးနိုင်ပြီး မီးထွန်းညှိလို့ရလို့ မီးစာတပ်ထားပေမယ့် ထွန်းညှိဖို့မရည်ရွယ်ပါဘူးရှင့် ...

🕯သူတို့လေးတွေကိုထွန်းရတာ ပလပ်စတစ်ကိုထွန်းညှိတာနဲ့တူနေလို့ Carbonလည်းထွက်တော့ Eco Friendlyလည်းဖြစ်မနေဘူးဆိုတော့က ကျန်းမာ​ရေးအတွက်ကောင်းကျိုးမရနိုင်လို့ တစ်ခါတစ်ရံခဏလေးဖြစ်ဖြစ်ထွန်းဖို့အတွက်တော့ အဆင်ပြေပါတယ် ဒါကြောင့်လည်း Decorativeအတွက်လို့ပြောတာပါ ...

🕯သို့ပေမယ့် Candle Art အတွက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အပြည့်အဝပါဝင်နေတာရယ် Paraffin Wax Candles ထွန်းသလိုတော့ ထွန်းလို့လည်းရနိုင်တာကြောင့် အခုနောက်ပိုင်းခေတ်စားလာသလို အသုံးပြုတာတွေလည်းများပြားတာကြောင့် Candle Art Online Class မှာ သေသေချာချာလေးရှင်းပြသင်ကြားပေးဖြစ်ပါတယ် ...

📍Candle Art Online Class Link
https://www.facebook.com/share/p/1BrK15rLG6/

Aqua 🤍

Photos from Aqua Diary's post 28/04/2026

🤍 Aromatherapy & Scented Wax Bar 🤍

🪷 လွယ်လွယ်ပြောရရင် Soy Wax နဲ့လုပ်တဲ့ အမွှေးခဲလေးတွေပေါ့ 🪷

🪷 ရနံကုထုံးအတွက်လည်းလုပ်လို့ရသလို အမွှေးရနံ့သီးသန့်လည်းလုပ်လို့ရတယ် 🪷

🪷 ဘုရားကျောင်းဆောင်မှာ အမွှေးခဲအနေနဲ့ပူဇော်လို့ရသလို မိမိအိပ်ခန်း ဧည့်ခန်း စာကြည့်စားပွဲမှာ ထားလို့ရတယ် 🪷

🪷 ဒီဇိုင်းတွေကတော့ Toppingအမျိုးမျိုးကိုသုံးပြီး ဖန်တီးလို့ရနေတာပဲ စိတ်ကူးတွေလေပုံဖော်ရင်းနဲ့ပေါ့ 🪷

🪷 အခဲအတိုင်းကို တစ်လနီးပါမွှေးတယ် အမွှေးရနံ့ပြယ်သွားရင် Burnerလေးထည့်တဲ့အခဲအနေနဲ့ပြန်သုံး အခဲလိုမျိုးမွှေးနေရော ဒါမှမဟုတ် အရည်ဖျော်ခွက်ထဲထည့် မီးစာတပ်ပြီး Soy Candle🪔 အနေနဲ့ပြန်သုံး Waxကပစ်လိုက်ရတယ်ဆိုတာမရှိဘူးလေ 🪷

🪷 ဒါလေးတွေကလည်း မင်မင်တို့ရဲ့ Handmadeတွေထဲကတစ်ခုပေါ့ 🪷

❌ သို့ပေမယ့် Soy Wax Bar တွေကို ကားထဲမှာထည့်ထားဖို့ အားမပေးပါဘူးရှင့် ကားထဲကအပူချိန်က Wax Bar တွေအရည်ပျော်သွားနိုင်လို့ပါ ❌️

Note - Aromatherapy & Scented Wax Bar တွေကို Candle Art Online Class မှာလည်း သင်ခန်းစာတစ်ခုအနေနဲ့ကို ထည့်သင်ပေးပါတယ် ...
📍Candle Art Online Class Link
https://www.facebook.com/share/p/1BrK15rLG6/

Aqua 🤍

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon