PG
15/02/2025
오랜만이야 여러분들 ㅠㅠ
ဒီနေ့ မင်ပေါင် ပြောပြချင်တဲ့ 문법လေးကတော့ “ V+ 고자 하다” လေးပါ အဓိပ္ပာယ်က 으려고/려고 하다 နဲ့ ဆင်ပါတယ်နော်
Note***သူက 발표 presentation. 회의 အစည်းအဝေး
안내 လမ်းညွှန်တဲ့အခါမျိုးမှာဖဲ အသုံးများပါတယ်နော် လက်တွေ့နေ့စဉ်ဘဝတွေမှာတော့ 으려고/려고 하다ကိုအသုံးများပါတယ်နော်
ဒီgrammar ကို သူငယ်ချင်း အချင်းချင်းသုံးရင်တော့ “ဒီကောင် ဘာကောင်လားဟ “ တွေ ဖြစ်ကုန်ပါမယ်နော်🥹
မြန်မာလို” အကြောင်းအရာတစ်ခုခု ဒါမဟုတ် 목적 တစ်ခုခုကို ရှင်းလင်းဖော်ပြချင်တဲ့အခါ” သုံးပါတယ်
Exp 오늘 저는 한국의 문화체험에 대해 발표하고자 합니다.
ဒီနေ့ ကျွန်တော်ကတော့ ကိုရီးယားယဉ်ကျေးမှု အတွေ့အကြုံတွေအကြောင်း presentation တင်ပြသွားပါမယ်/ရှင်းလင်းပြပါမယ်
ကဲ ဒီနေ့ကတော့ ဒီလောက်ပါဖဲရှင်
줄거운 하루 되세요🫶🏻
ကဲ ယောရောဘွန်းတို့ စျေးဆိုင်သွားရင်
어것하고 저것/ 저것하고 그것 လို့ဖဲအမြဲတမ်းသုံးနေကြတော့မှာလား😞
하고,과/와က အသုံးများကြလိူ့ ဒီနေ့တော့ သူနဲ့အဓိပ္ပာယ်ဆင်တူတဲ့ဟာလေးတစ်ခုပြောပြမယ်နော်
N + 이며/며 မြန်မာလိုဆိုရင်တော့ (နှင့်/နဲ့) (and)သဘောမျိုးပေါ့နော်
한국음식 중에서 뭘 제일 좋아해요?
ကိုရီးယားအစားအစာတွေထဲမှာ ဘာကိုအကြိုက်ဆုံးလဲ?
난(나는) 됭장찌게며 냉면이며 제일 좋아해.
ငါကတော့ ပဲငါးပိဟင်းရည်နဲ့ ခေါက်ဆွဲအေးအကြိုက်ဆုံးဖဲ
네가 뭘(뭐를) 잘 해요?
နင်ကဘာကို ကောင်းကောင်းလုပ်တတ်လဲ တော်လဲ?
공부며 운동이며 못하는 것이 없어요.
စာလေ့လာတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ငါမလုပ်နိုင်တဲ့အရာမရှိဘူး
Ps.မင်ပေါင်နဲ့반대ပါဖဲ🥹စာနဲ့အားကစားလုပ်ရတာလွဲကျန်တာအကုန်စိတ်ဝင်စား တစ်ယောက်တစ်ချက်လောက်ရိုက်ပေးသွားကြဦး
****ဒီမှာ တစ်ခုသတိထားရမှာကတော့ 하고လို ကိုယိပြောချင်တဲ့nounနှစ်ခုကြားထဲမှာ တစ်ခါတည်းထည့်လို့မရပါဘူးနော် N + 이며/며 N + 이며/며 အ့လိုနှစ်ခါထည့်သုံးရမှာကိုမမေ့ရဘူးနော်
အ့ဆို မင်ပေါင်ညစာဆက်စားလိုက်ပါဦးမယ် 🙆♀️
31/05/2024
ဒီနေ့ မင်ပေါင် 문법လေး နှစ်ခုအကြောင်း sharing လေး လုပ်ပေးချင်လို့ပါ ယောရောဘွန်းတို့ရေ
아/어/여 버리다 VS 고 말다
နှစ်ခုလုံးရဲ့အဓိပ္ပာယ်က တူသလိုလိုနဲ့ကွဲပါတယ်နော်
အရင်ဆုံး V+ 아/어/여 버리다အကြောင်းလေးသွားကြမယ်နော်။
သူ့ အဓိပ္ပာယ်ကတော့ မြန်မာလိုဆို (တစ်ခုခုကို လုပ်ပစ်လိုက်တယ်)
어제 냉장고 안에 남은 케이크를 내가 다 억어 버렸어요.
မနေ့က ရေခဲသေတ္တာထဲမှာ ကျန်တဲ့ ကိတ်ကို ငါအကုန်လုံးစားပစ်လိုက်တယ်(ကိုယ်ကလုပ်ချင်လို့/စားချင်လိူ့စားတာ)
V+ 고 말다
သူကတော့ မြန်မာလို တိတိကျကျပြောရရင်တော့ (လုပ်ပစ်လိုက်မိတယ်) ကိုယ့်ရဲ့ ဆန္ဒမပါဖဲ မထင်မှတ်ဖဲ ပြောလိုက်မိတာ လုပ်လိုက်မိတာမျိုး
-나뿐 결과 တွေမှာ သုံးပါတယ်
다이어트 중이었지만 너무 맛있어 보여서 먹고 말았어요.
Dietလုပ်နေတဲ့အချိန်အတွင်းဖြစ်ပေမယ့် အရမ်းစားကောင်းမဲ့ပုံပေါ်သောကြောင့် စားပစ်လိုက်မိတယ်( မရည်ရွယ်ဖဲ မထင်မှတ်ဖဲစားမိ)
ဒီ 문법နှစ်ခုရဲ့ကွာခြားချက်က အ့တာပါဖဲ ကိုယ်ကလုပ်ချင်လို့လုပ်တာလား မထင်မှတ်ဖဲလုပ်လိုက်မိတာလား
အဲ့နှစ်ခုကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်နော် ယောရောဘွန်းတို့ 🫶🏻
ပုံလေးကတော့ မင်ပေါင့် ညီမလေးနဲ့ အပြင်မှာ 볶음밥 သွားစားထားတာလေး🫢
22/05/2024
မင်ပေါင် pageကြီးကိုပစ်ထားတာ တော်တော်လေးတောင်ကြာနေပြီမလို့ ခုပြန်လာပါပြီရှန်🤣မင်ပေါင် k ကိုသွားဖို့လုပ်နေတာနဲ့ ပြင်တာဆင်တာနဲ့ ဒီဘက်ကိုမလှည့်နိုင်ဖြစ်သွားတာ တောင်းပန်ပါတယ်ရှင့် ခုတော့ kကိုရောက်သွားပါပြီရှင့်🫶🏻မင်ပေါင် လဲ ထိုင်းသွားရတော့မလို့လို k သွားရမလိုလိုနဲ့ ကြောင်ပျောက်ပြီး ဒီလိုရောက်လာတာဖဲ🤣 မင်ပေါင်ရဲ့ 한국생활 အကြောင်းကိုလဲ နောက်ရက်ပြောပြပေးဦးမယ်နော်🫢
Click here to claim your Sponsored Listing.
Category
Website
Address
Yangon