Partners' Link

Partners' Link

Share

22/05/2026

ခရမ်းလွန်ရောင်ခြည် (UV) ဆိုတာဘာလဲ?

ခရမ်းလွန်ရောင်ခြည်ဆိုတာ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ စွမ်းအင်မြင့် လျှပ်စစ်သံလိုက် ရောင်ခြည်တစ်မျိုး ဖြစ်ပါတယ်။ လူ့မျက်စိနဲ့ မမြင်နိုင်ပေမယ့် အရေပြားကို ထိခိုက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ အဓိကအားဖြင့် ခရမ်းလွန်ရောင်ခြည် (UV) မှာအမျိုးအစား (၃) မျိုး ရှိပါတယ်။

UVA: အရေပြား အလွှာနက်ပိုင်းအထိ ရောက်နိုင်ပြီး အရေပြားကို အရေးအကြောင်းဖြစ်စေကာ အိုမင်းရင့်ရော်မှုကို မြန်စေပါတယ်။

UVB: အရေပြား အပေါ်ယံလွှာကို လောင်ကျွမ်းစေပြီး နေလောင်ခြင်း (Sunburn) နဲ့ အရေပြားကင်ဆာ ဖြစ်ပွားမှုကို အဓိက ဖြစ်စေပါတယ်။

UVC: အန္တရာယ်အရှိဆုံး ဖြစ်ပေမယ့် ကမ္ဘာ့လေထု (Ozone Layer) ကနေ အကုန်နီးပါး စစ်ထုတ်ပေးထားလို့ ကမ္ဘာမြေပေါ်ကို ရောက်မလာပါဘူး။

🚦ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်သလဲ?

အရေပြားလောင်ခြင်း: အသားအရေ နီမြန်းလာပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း။

အိုမင်းရင့်ရော်ခြင်း: အသားအရေ တွန့်ခြင်း၊ တင်းတိပ်နဲ့ မှဲ့ခြောက်များ ထွက်လာခြင်း။

မျက်စိထိခိုက်ခြင်း: တိမ်စွဲခြင်းနဲ့ မျက်ကြည်လွှာ ထိခိုက်ခြင်း။

အရေပြားကင်ဆာ: ရေရှည်မှာ အရေပြားဆဲလ်တွေ ပျက်စီးပြီး ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်ခြင်းစတာတွေဖြစ်လာနိုင်ပါတယ်။

⛑️ဘယ်လိုကာကွယ်ကြမလဲ?

ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာပေးပါ။

နေကာခရင်မ် (Sunscreen) လိမ်းပါ: SPF 30 နှင့်အထက် ရှိပြီး UVA ကော UVB ပါ ကာကွယ်ပေးနိုင်တဲ့ (Broad Spectrum) Sunscreen ကို နေ့စဉ် လိမ်းပေးပါ။ နေပူထဲသွားမယ်ဆိုရင် (၂) နာရီခြားတစ်ခါ ပြန်လိမ်းပေးဖို့ လိုပါတယ်။

အကာအကွယ်ပစ္စည်း သုံးပါ: အပြင်ထွက်ရင် ထီး၊ ဦးထုပ်အဝိုင်းကျယ်များ ဆောင်းပါ။ မျက်စိကို ကာကွယ်ဖို့ UV Protection ပါတဲ့ နေကာမျက်မှန် (Sunglasses) တပ်ဆင်ပါ။

အဝတ်အစား ရွေးချယ်ပါ: လက်ရှည်၊ ဘောင်းဘီရှည်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

နေအပြင်းဆုံးအချိန်ကို ရှောင်ပါ: မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းဟာ UV အညွှန်းကိန်း အမြင့်ဆုံးအချိန် ဖြစ်လို့ တတ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။

အရိပ်ထဲမှာ နေပါ: အပြင်ရောက်နေပါက သစ်ပင်ရိပ် ဒါမှမဟုတ် အဆောက်အဦး အရိပ်အောက်မှာ နေထိုင်ပါ။

🌿 “ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်နိုင်စေဖို့ရာ 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬' 𝐋𝐢𝐧𝐤 နှင့်အစပြုလိုက်ပါ”🤗

’Link

19/05/2026

🍡 Street food lover တွေအတွက် သတင်းကောင်း …

အမြဲတမ်း လမ်းဘေးစာ စားချင်ပေမယ့် "ဗိုက်နာမလား၊ ဝမ်းလျှောမလား" ဆိုပြီး တွန့်ဆုတ်နေရတဲ့ သူတွေရှိလား? ဒါဆိုရင်တော့ ဒီသတင်းကောင်းလေးက သင့်အတွက်ပါပဲ။ 👇

အစားအသောက်ကြောင့်ဖြစ်တဲ့ ဝမ်းဗိုက်ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မယ့် Panbio (Probiotics) ရှိနေပြီနော်။

✨ ဘာလို့ Panbio ကို ဆောင်ထားသင့်တာလဲ?

🌿 အူလမ်းကြောင်းကို ကာကွယ်ပေးတယ်
အစားအသောက်ထဲမှာ ပါလာနိုင်တဲ့ မကောင်းတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးပြီး အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းညှိပေးပါတယ်။

🌿 ဝမ်းပျက်ဝမ်းလျှော ကာကွယ်ပေးတယ်:
အစားမှားလို့ပဲဖြစ်ဖြစ်၊ ယင်နားစာကြောင့်ပဲဖြစ်ဖြစ် ဖြစ်တတ်တဲ့ ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။

🌿 အစာခြေစနစ် ကောင်းမွန်စေတယ်:
လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေကို လျော့ကျစေပြီး အစာခြေစနစ်ကို ပေါ့ပါးစေပါတယ်။

🌿 သယ်ရလွယ်ကူတယ်:
ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်ထွက်စားရင်းပဲဖြစ်ဖြစ် အိတ်ထဲမှာ အလွယ်တကူ ဆောင်ထားလို့ရပါတယ်။

🦀🦑အရသာရှိတဲ့ Street Food တွေကို စိတ်ပူစရာမလိုဘဲ အားရပါးရ စားနိုင်ဖို့ Panbio ကိုသာ အနားမှာ အမြဲဆောင်ထားလိုက်ပါ။ ✅

"ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲ" ဆိုတဲ့အတိုင်း ကျန်းမာပျော်ရွှင်တဲ့ စားသောက်မှုပုံစံလေးကို အတူတူ တည်ဆောက်ကြရအောင်။

’Link

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 212, Ngwe Kyar Yan 11th Street , Ward (3) , South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 05:00
Friday 09:00 - 17:00
Saturday 09:00 - 05:00