Heart-Q Myanmar

Heart-Q Myanmar

Share

22/05/2026

ဆေးလိပ်ဖြတ်ဖို့ နှစ်နဲ့ချီ စောင့်စရာမလိုပါဘူး... သင်ဖြတ်လိုက်တဲ့ ပထမဆုံး (၂၄) နာရီအတွင်းမှာတင် သင့်နှလုံးက သိသိသာသာ ပြန်လည်သက်သာလာတာ ဖြစ်ပါတယ်။ ⏱️❤️

ဗီဒီယိုထဲကအတိုင်း ဆေးလိပ်ဖြတ်ပြီး တရက်အတွင်းမှာတင် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လာတာ၊ အဆိပ်ငွေ့တွေ ၅၀% လျော့ကျသွားတာနဲ့ အောက်ဆီဂျင် ပြည့်ပြည့်ဝဝ ပြန်ရလာတာတွေကို ခန္ဓာကိုယ်က လက်တွေ့ခံစားရမှာပါ။

ပထမဆုံးရက်တွေက အခက်ခဲဆုံး ဖြစ်နိုင်ပေမဲ့ 'ဒီနေ့တစ်ရက်တော့ မသောက်ဘဲ နေကြည့်မယ်' ဆိုတဲ့ ဆုံးဖြတ်ချက်ကနေ စတင်ပြီး တစ်ရက်ချင်းစီ ကျော်ဖြတ်သွားလို့ ရပါတယ်နော်။

ဒီလို ဖြတ်သန်းနေတဲ့ လမ်းခရီးမှာ ဆေးလိပ်ကြောင့် ထိခိုက်ခဲ့ရတဲ့ နှလုံးကြွက်သားတွေကို ပြန်လည်အားဖြည့်ပေးဖို့နဲ့ သွေးလည်ပတ်မှုစနစ်ကို ကာကွယ်ဖို့ Heart-Q က အမြဲအနားမှာ ရှိနေမှာပါ။

သင့်နှလုံးသားကို ပိုမိုသန်မာပြီး အသက်ရှည်ကျန်းမာစေဖို့ ဒီနေ့ပဲ ပထမဆုံးခြေလှမ်းကို Heart-Q နဲ့အတူ စတင်လိုက်တော့နော် 🩸✨

17/05/2026

ကမ္ဘာပေါ်မှာ သွေးတိုးရှိသူ (၄) ယောက်မှာ (၁) ယောက်က ရောဂါရှိမှန်း လုံးဝမသိကြဘူးဆိုတာ သင်သိပါသလား❓"

မင်္ဂလာပါရှင်။ မိသားစုအတွက် ကြိုးစားရင်း၊ အောင်မြင်မှုတွေနောက် လိုက်ရင်း မေ့လျော့နေတတ်တာ 'ကျန်းမာရေး' ပါ။ ဒီနေ့ မေလ ၁၇ ရက်ဟာ "ကမ္ဘာ့သွေးတိုးရောဂါနေ့" ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "ကိုယ့်ရဲ့ သွေးပေါင်ချိန်ဂဏန်းတွေကို ကိုယ်သိပါစေ" တဲ့။

ဘာကြောင့်လဲဆိုတော့ သွေးတိုးရောဂါဟာ အစပိုင်းမှာ ဘာလက္ခဏာမှ မပြဘဲ ရေရှည်မှာ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်တွေကို တဖြည်းဖြည်း ချို့ယွင်းလာစေလို့ပါပဲ။ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ သိဖို့လိုသလိုပဲ၊ ကိုယ့်သွေးပေါင်ချိန်က ၁၂၀/၈၀ လား၊ ၁၄၀ ကျော်နေပြီလားဆိုတာ သိမှ ကြိုတင်ကာကွယ်နိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တာဟာ ကျန်းမာရေးကို ဂရုစိုက်တာကနေ စတင်ပါတယ်။ ဒီဗီဒီယိုလေးပြီးရင် သွေးပေါင်လေး တစ်ခါလောက် တိုင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်🥰📣
#ကမ္ဘာ့သွေးတိုးရောဂါနေ့ #မေလ၁၇ရက်

17/05/2026

သွေးတိုးရောဂါကို အတူတကွ တိုက်ဖျက်စို့ (Controlling Hypertension Together!) 🤝💔

👉သွေးတိုးရောဂါ (Hypertension) ဆိုတာ လူတစ်ဦးချင်းစီရဲ့ တကိုယ်ရေ ပြဿနာတင် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ လူဦးရေ ၁.၄ ဘီလီယံနီးပါး ခံစားနေရပြီး အများစုက မိမိမှာ ရှိနေမှန်းတောင် မသိကြတဲ့ "အသံတိတ်လူသတ်သမား (Silent Killer)" ဖြစ်လို့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူထုတစ်ခုလုံး စုပေါင်းအင်အားနဲ့ သတိပြု ထိန်းချုပ်ရမယ့်အရာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ World Hypertension Day ဆောင်ပုဒ်ကတော့ "Controlling Hypertension Together!" ဖြစ်ပြီး အောက်ပါအချက်တွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။👇

✅၁။ ပုံမှန်စစ်ဆေးဖို့ အချင်းချင်း သတိပေးပါ 🩸: သွေးတိုးရောဂါဟာ လက္ခဏာမပြတတ်တာမို့ မိမိရော မိသားစုဝင်တွေပါ သွေးပေါင်ချိန် ပုံမှန်တိုင်းဖြစ်အောင် အချင်းချင်း တိုက်တွန်းပါ။ မိမိရဲ့ သွေးပေါင်ချိန် Level ကို အမြဲသိနေပါစေ။
✅၂။ ကျန်းမာရေး နေထိုင်မှုပုံစံ အတူတူပြောင်းလဲပါ 🥗🏃‍♂️: အိမ်မှာ ချက်ပြုတ်တဲ့အခါ အငန်ဓာတ် (Sodium) လျှော့စားတဲ့ အလေ့အကျင့်ကို အတူတူလုပ်ပါ။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ ကိုယ်လက်လှုပ်ရှားမှု (သို့) လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်းတွေကို ပျော်ပျော်ပါးပါး စုပေါင်းလုပ်ဆောင်ပါ။

✅၃။ စနစ်တကျ ထိန်းချုပ်ဖို့ ဝိုင်းဝန်းကူညီပါ 💊: သွေးတိုးအခံရှိတဲ့ မိဘဘိုးဘွားတွေ၊ ချစ်ရသူတွေ ဆရာဝန်ညွှန်ကြားတဲ့ သွေးတိုးဆေးကို ပုံမှန်သောက်ဖို့ မမေ့လျော့အောင် ဘေးကနေ ဂရုတစိုက် ဝိုင်းဝန်းကူညီပေးကြပါ။
သွေးတိုးရောဂါကို တိုက်ဖျက်ဖို့ဆိုတာ အဖွဲ့အစည်းတစ်ခု၊ လူတစ်ယောက်တည်းနဲ့ မရပါဘူး။

ဒီနေ့ပဲ သင့်အနားက ချစ်ရတဲ့သူတွေကို "သွေးပေါင်ချိန် တိုင်းပြီးပြီလား" လို့ မေးမြန်းရင်း သွေးတိုးရောဂါ ကာကွယ်ရေးကို အတူတူ လက်တွဲ စတင်လိုက်ရအောင် 🥰❤
Killer #ကျန်းမာရေးဗဟုသုတ #သွေးတိုးရောဂါကိုအတူတကွထိန်းချုပ်စို.

12/05/2026

ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ International Nurses Day မှာ 🩺
လူနာတွေရဲ့ အသက်ဘေးကင်းအန္တရယ်ဝေးဖို့နဲ့ ပြန်လည်ကျန်းမာလာဖို့အတွက် နေ့ညမပြတ် ကိုယ်ကျိုးစွန့် အနစ်နာခံပေးနေကြတဲ့ "အဖြူရောင်သူရဲကောင်း" သူနာပြုဆရာ၊ ဆရာမများအားလုံးကို RCP မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။ 🙏❤ #သူနာပြု #သူနာပြုနေ့

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Township
Yangon