DM Sensor

DM Sensor

Share

27/04/2026

ဆီးချိုသမားတိုင်း သိထားသင့်တဲ့ အမှန်တရားများ

ယခုနောက်ဆုံး WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) ရဲ့ သတ်မှတ်ချက်အရ...
အစာမစားမီ သွေးချိုတိုင်းတာမှု (Fasting Blood Sugar) သည် 70-100 mg/dL အတွင်းရှိနေမှသာ ပုံမှန်လို့ သတ်မှတ်ပါတယ်။
အကယ်၍ 126 mg/dL နှင့် အထက်ဖြစ်နေပြီဆိုရင်တော့ ဆီးချိုရောဂါရှိနေပြီလို့ သတ်မှတ်ရပါပြီ။

၁။ ဆေးစွဲသောက်ခြင်း အယူအဆ
ဆီးချိုရှိနေရင် ဆီးချိုဆေးကို နေ့စဉ် ပုံမှန်စွဲသောက်ရပါမယ်။
"ဆီးချိုတက်နေမှ သောက်ရမယ်" ဆိုတာမျိုး မဟုတ်ပါဘူး။
သွေးထဲမှာ သကြားဓာတ်ကို အမြဲထိန်းညှိပေးထားဖို့ ဆေးက ကူညီပေးနေတာပါ။

၂။ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ အယူအဆအမှား
"ဆီးချိုဆေးတွေ အကြာကြီးသောက်ရင် ကျောက်ကပ်ပျက်စီးတတ်တယ်" ဆိုတာ လုံးဝအမှား ဖြစ်ပါတယ်။
တကယ်တမ်း ကျောက်ကပ်ကို ပျက်စီးစေတာက ဆေးမဟုတ်ဘဲ ထိန်းမထားနိုင်တဲ့ ဆီးချိုဓာတ်သာ ဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေရင် ကျောက်ကပ်က သွေးကြောလေးတွေကို လောင်ကျွမ်းစေပြီး ကျောက်ကပ်ပျက်စီးစေတာပါ။ ဆေးသောက်ခြင်းက ကျောက်ကပ်ပျက်စီးခြင်းကနေ ကာကွယ်ပေးတာ ဖြစ်ပါတယ်။

သွေးချို (Blood Sugar) အကြောင်း နားလည်အောင် ပြောပြပါမယ်။ ကျွန်တော်တို့ အစားအစာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က ၎င်းတို့ကို Glucose (သကြားဓာတ်) အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီသကြားဓာတ်တွေဟာ ဆဲလ်တွေဆီကိုရောက်ပြီး အင်အား (Energy) အဖြစ် ပြောင်းလဲပေးရပါတယ်။

အင်ဆူလင် (Insulin) ရဲ့ အခန်းကဏ္ဍ
ခန္ဓာကိုယ်ထဲမှာရှိတဲ့ မုန့်ချိုအိတ် (Pancreas) ကနေ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ သူက သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို ဆဲလ်ထဲရောက်အောင် တံခါးဖွင့်ပေးတဲ့ "သော့" နဲ့ တူပါတယ်။

ဘာကြောင့် ဆီးချိုတက်တာလဲ?
အသက်အရွယ်ကြောင့်ဖြစ်စေ၊ မျိုးရိုးကြောင့်ဖြစ်စေ၊ ဝလို့ဖြစ်စေ အင်ဆူလင် "သော့" က ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ သကြားဓာတ်တွေဟာ ဆဲလ်ထဲမဝင်နိုင်ဘဲ သွေးထဲမှာပဲ စုပုံလာပါတယ်။ ဒါကို ဆီးချိုတက်တယ်လို့ ခေါ်တာပါ။

ဆီးချိုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
သွေးထဲမှာ သကြားဓာတ်တွေ (အချိုဓာတ်တွေ) ကာလရှည်ကြာ များနေတဲ့အခါ...

(၁) အာရုံကြောများ ပျက်စီးခြင်း
ခြေဖျားလက်ဖျားတွေ ထုံကျင်လာမယ်၊ အနာဖြစ်ရင် မသိတော့ဘူး၊ အနာကျက်ခဲလာမယ်။

(၂) မျက်စိကွယ်ခြင်း
မျက်စိထဲက သွေးကြောငယ်လေးတွေကို ပျက်စီးစေပြီး အမြင်အာရုံ ချို့တဲ့လာမယ်။

(၃) နှလုံးနဲ့ သွေးကြော
သွေးကြောတွေကို မာကြောစေပြီး သွေးတိုးနဲ့ နှလုံးရောဂါကို ဖိတ်ခေါ်ပါတယ်။

(၄) ကျောက်ကပ်
အပေါ်မှာ ပြောခဲ့သလိုပဲ ကျောက်ကပ် သွေးစစ်ထုတ်တဲ့ စနစ်ကို ပျက်စီးစေပါတယ်။

ဆီးချိုဆေးက ဘယ်လိုကူညီပေးသလဲ?
ဆီးချိုဆေးတွေဟာ သွေးထဲက သကြားဓာတ်ကို ဆဲလ်ထဲရောက်အောင် တွန်းပို့ပေးတယ်။ အသည်းကနေ သကြားဓာတ်တွေ အပိုထုတ်လုပ်တာကို တားဆီးပေးတယ်။

သွေးကြောတွေထဲမှာ သကြားဓာတ်ကြောင့် လောင်ကျွမ်းပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အားဆေးနဲ့ ဆီးချို
"ဆီးချိုသမား အားဆေးသောက်လို့ ရသလား?"
အချိုဓာတ် (Sugar-free) မပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးတွေကို သောက်လို့ရပါတယ်။ အားဆေးသောက်လို့ ဆီးချိုမတက်ပါဘူး။ ဒါပေမဲ့ အချိုရည်များ၊ အချိုကဲသော မုန့်များ၊ ကစီဓာတ်များလွန်းသော အစားအစာများ ကိုတော့ အထူးဆင်ခြင်ရပါမယ်။

သတိပြုရန်
ဆီးချိုရောဂါဟာ ထိန်းချုပ်လို့ရတဲ့ ရောဂါပါ။ ဆေးကို စွဲသောက်ပါ၊ အစားအသောက် ဆင်ခြင်ပါ၊ လေ့ကျင့်ခန်း လုပ်ပါ။ ဒါဆိုရင် သာမန်လူတစ်ယောက်လိုပဲ သက်တမ်းစေ့ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

အမှားကင်းစင်၍ အမှန်မြင်နိုင်ကြပါစေ။

#ဆီးချို #ဆီးချိုသွေးချိုတိုင်းစက်
#ကျန်းမာရေးဗဟုသုတရကြပါစေ
#ဆီးချိုရောဂါအသိပညာပေး

10/04/2026

"အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ"

"နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း... မဟာလောကုမ္ပဏီမှ မိဘပြည်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းမိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🙏

အားလုံးပဲ နှစ်သစ်အတာအသင်္ကြန်မှာ ဘေးဘယာဝေးကွာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

#သင်္ကြန် #နှစ်သစ်ကူးအတာသင်္ကြန်

09/04/2026

သွေးတိုး၊ ဆီးချိုရှိသူတွေ သင်္ကြန်လည်မယ်ဆိုရင်...
ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်

မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်အခါသမယကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ကောင်းလှတဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေနဲ့ သွေးတိုး၊ ဆီးချို ဝေဒနာရှင်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ဖို့ အောက်ပါအချက်လေးတွေကို အထူးသတိပြုစေချင်ပါတယ်ခင်ဗျာ။

(1) အပူရှိန်ကို သတိပြု၊ ရေဓာတ်ကို အလေးပေးပါ။

အရမ်းပူတဲ့ ရာသီမျိုးမှာ သွေးတိုးဝေဒနာရှင်တွေအတွက် နှလုံးအလုပ်လုပ်နှုန်း ပိုမိုမြန်ဆန်လာတတ်ပါတယ်။ ဒါကြောင့် နေပူပြင်းတဲ့ နေ့လယ်ခင်းအချိန်တွေမှာ အပြင်ထွက်တာထက် အေးမြတဲ့ အရိပ်အောက်မှာ အနားယူဖို့ တိုက်တွန်းပေးပါ။ ရေဓာတ်မခန်းခြောက်အောင် ရေနဲ့ ဓာတ်ဆားရည်ကို မကြာခဏ သောက်ဖို့မမေ့ပါနဲ့။

(၂) စတုဒိသာ အလှူနှင့် ဆီးချိုဝေဒနာ

မြန်မာ့ဓလေ့ စတုဒိသာကျွေးမွေးတဲ့ မုန့်လုံးရေပေါ်နဲ့ အတာမုန့်မျိုးစုံဟာ အရသာရှိလှပေမယ့် ဆီးချိုဝေဒနာရှင်တွေအတွက်တော့ အချိုဓာတ် အလွန်များပြားနိုင်ပါတယ်။ စားချင်တယ်ဆိုရင်တောက် နည်းနည်းလောက်ပဲ မြည်းပါ။

(၃) အေးမြတဲ့အတာရေနဲ့ ကျန်းမာရေး

နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေအေးအေးနဲ့ လောင်းချတာမျိုးက သွေးတိုးရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ "အေးအေးလူလူ နားပြီးမှ ရေချိုးပါ" လို့ သတိပေးပေးပါ။ ဆီးချိုရောဂါ အခံရှိသူတွေဟာ ကြာလာတဲ့အခါ ခြေဖျား၊ လက်ဖျားတွေမှာ ရှိတဲ့ အာရုံကြောတွေ ထုံကျင်လာတတ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ ရေကစားရင်း ခဲလုံးနင်းမိတာ၊ ဖန်စူးတာ ဒါမှမဟုတ် ရှမိတာမျိုး ဖြစ်တဲ့အခါ နာကျင်မှုကို ချက်ချင်းမသိနိုင်ဘဲ ဒဏ်ရာကြီးလာမှ သတိထားမိတတ်ကြပါတယ်။သာမန်ရှနာလေးကနေ အနာဆွေးဖြစ်တာ၊ ပြည်တည်တာတွေအထိ လွယ်လွယ်ကူကူ ဖြစ်သွားနိုင်ပြီး ကုသရတာလည်း ပိုခက်ခဲပါတယ်။

"မိဘဘိုးဘွားတို့ ကျန်းမာမှ သားသမီးမြေးမြစ်တို့ ပျော်ရွှင်ရမှာပါ"

ဒီနှစ်သင်္ကြန်မှာ ကုသိုလ်လည်းရ၊ ကျန်းမာရေးလည်း မထိခိုက်စေဖို့ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး၊ ဆီးချို ရှိသူတွေကို ဒီသတင်းစကားလေးနဲ့အတူ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးလိုက်ကြရအောင်ဗျာ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာ အတာသင်္ကြန်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏✨

24/03/2026

𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုတိုင်းတာစက် အသုံးပြုနည်း အမှန်

customer မိဘများ ဆီးချိုတိုင်းတာတဲ့အခါ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး 𝐃𝐌 𝐒𝐞𝐧𝐬𝐨𝐫 ဆီးချိုစက်ရဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

#အသုံးပြုပုံအဆင့်ဆင့် #ဆီးချိုသမားများအတွက်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 6, Moe Ma Kha Street, Malikha Housing, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00