Graphic Design Center
31/12/2024
“အရည်အချင်းပေါ်မူတည်ပြီး လစာ ညှိနှိုင်းပေးမည်”
Graphic Designer တွေကို အလုပ်ခေါ်တဲ့အခါ သုံးနှုန်းထားတဲ့ ဒီစာကြောင်းဟာ မရိုးရှင်းဘူးလို့ အရင်ဆုံးပြောချင်ပါတယ်. ဟိုအရင်ကဆိုရင်လည်း ဒီစာလိုမျိုး မရိုးရှင်းတဲ့ အသုံးအနှုန်းမျိုး သုံးလေ့ရှိပါတယ်. အဲ့ဒါကတော့ “ကြိုးစားရင် ကြိုးစားသလောက် ရာထူး ၊ လစာများ ပေးသွားမည်” ဒီစကားဟာ မက်လုံး ပေးတဲ့အပြင် မပိုပါဘူး .
အခုခေတ်ကာလမှာတော့ အပေါ်မှာရေးထားသလိုမျိုး သုံးနှုန်းလာတဲ့အခါ မေးစရာအနေနဲ့ (၃)ခု ရှိပါတယ်.
No.1 - အကယ်၍ လစာနည်းနည်းပဲ ပေးတဲ့အခါ အရည်အချင်း နည်းနည်းပဲ ရှိလို့လား?
No.2 - အရည်အချင်း ရှိ ၊ မရှိ ဆိုတာကရော ဘယ်လိုအရာမျိုးတွေနဲ့ တိုင်းတာပါသလဲ?
No.3 - အရည်အချင်း ရှိ ၊ မရှိ ဆိုတာကိုရော ဘယ်သူက သတ်မှတ်တာပါလဲ?
ညှိနှိုင်းလို့ သုံးနှုန်းထားတာ ဖြစ်ပါတယ်. လစာအပေါ်မှာ ညှိနှိုင်းကြမှာဖြစ်ပါတယ်. တစ်ဖက်က တောင်းဆိုမယ် . တစ်ဖက်ကလည်း ပေးနိုင်တာကို ပြောကြပါမယ်. ပြီးရင် ၂ ဦး ၂ ဖက် အဆင်ပြေတဲ့ ပမာဏ တစ်ခုနဲ့ ညှိယူကြပါမယ်. အများနားလည်သလို ဒီလိုမျိုးပါပဲ .
ဒါပေမယ့် Designer တွေဘက်က တောင်းဆိုတဲ့ ထိုက်တန်တဲ့လစာကို မပေးကြတာများပါတယ်. အစကတည်းက Company ဘက်က သူတို့ပေးချင်တဲ့ ၊ ပေးနိုင်တဲ့ လစာကို သတ်မှတ်ထားပြီးသားပါ. ဒါဆိုရင် တစ်ခါတည်း အလုပ်ခေါ်စာမှာ ဘာလို့ မရေးကြတာလဲဆိုရင် Promotion ချရင်သာ အကြီးအကျယ် Mention လုပ်ပြီး ကြေငြာကြပေမယ့် စျေးတက်သွားတဲ့အခါ အပြောခံရမှာ စိုးတာကြောင့် ကပ်တိုးလေးသာ စျေးတက်ကြတဲ့ သဘောလိုမျိုးပါပဲ.
ဒါကြောင့် အလုပ်လျှောက်တဲ့အခါ ထိုက်တန်တဲ့လစာကို တောင်းဆိုဖို့ ဝန်မလေးပါနဲ့ . ပိုက်ဆံချေးနေတာ ၊ သူများပိုက်ဆံ ခိုးနေတာ မဟုတ်လို့ ရှက်စရာ ၊ ကြောက်စရာ မလိုပါဘူး . ထိုက်တန်မှန်းသိလျက်နဲ့ မပေးတာကမှ ရှက်စရာပါ.
အလုပ်ဝင်ပြီး နောက်ပိုင်းမှာ လုပ်ရတဲ့ အလုပ်တွေက ပိုများလာမှာ သေချာပေမယ့် လစာတိုးဖို့ကတော့ မသေချာပါဘူး . incentive, bonus, overtime, ရက်မှန်ကြေး ဒါတွေဟာလည်း လုံးဝ မသေချာ မရေရာတဲ့ အရာတွေ ဖြစ်ပါတယ်. ဒါကြောင့် interview ကတည်းက ထိုက်တန်တဲ့ လစာကို တောင်းဆိုပါ.
Graphic Designer
Inspired for Creativity
*** 09 799 11 4239, 09 9763 55 600
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon