Applied English Language Courses
27/03/2026
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အင်မတန် ရိုးရှင်းတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းတွေပဲ သုံးတတ်တဲ့လူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ကမှ ဘယ်သူက သင်ပေးလိုက်သလဲ မသိဘူး စကားလုံးတစ်လုံး သုံးလာပါတယ်။ အဲ့စကားလုံးကတော့ "Obliterated" ဆိုတဲ့ စကားလုံးပါ။ မြန်မာလို အလုံးစုံ ပျက်သုန်း တယ်ဆိုတဲ့ သဘောပါ။ ဖျောက်ဖျက်ပစ်လိုက်တဲ့သဘောပါ။ ၂၀၂၅ ခုနှစ် မှာ အီရန်က နူကလီးယား ထုတ်တဲ့ စက်ရုံနေရာကို ဗုံးကြဲတိုက်ခိုက်လိုက်အပြီးမှာ "Obliterated" လုံးဝ ပျောက်ထွက်သွားပြီ မရှိတော့ဘူး လို့ ကြေငြာလိုက်တာပါ။
ပြဿနာက ၂၀၂၆ မှာ အစ္စရေးနဲ့ အီရန်ကို တိုက်တဲ့နေရာမှာ ဝင်ကူတော့လည်း "Obliterated" ဆိုတဲ့ စကားကို တွင်တွင် ပြန်သုံးပါတယ်။ စကားလုံးရဲ့ အဓိပ္ပါယ်အရ မရှိတော့ဘူး ပျက်သုန်းသွားပြီဆိုရင် တိုက်စရာ ကုန်သွားပြီ ဆိုတဲ့ သဘောမဟုတ်ပါလား။ ဒါဟာ နောက်ဆုံး ဘာမှ လုပ်စရာမကျန်တော့တဲ့ အခြေအနေကို ညွှန်းရမှာမဟုတ်ပါလား။ ဒီတော့ အဓိပ္ပါယ်က မပျက်သုန်းသေးတာကို လုံးဝဖျက်စီးပစ်လိုက်ပြီလို့ လိမ်ညာတာလား ဒါမှမဟုတ် စကားလုံးအဓိပ္ပါယ်ကို နားမလည်တာလားလို့တောင် သံသယဖြစ်စရာပါပဲ။
နောက်ဆုံးတစ်လုံးကတော့ "ရာဇသံ" ပေးတယ်ဆိုတဲ့ Ultimatum ပါပဲ။ ဒါကို အိမ်ဖြူတော်ရုံးအဖွဲ့ကလည်းသုံးပါတယ်။ ရာဇသံဆိုတာ a final demand or statement of terms, the rejection of which will result in retaliation or a breakdown in relations. နောက်ဆုံး ယတိပြတ် တောင်းဆိုတာဖြစ်ပြီး ညှိစရာမရှိတော့တာပါ။ အမေရိကားက အီရန်ကို မလိုက်လျောရင် ၄၈ နာရီအတွင်း အပြတ်တိုက်မယ်ဆိုပြီး ၂ ရက်ကနေ ၅ ရက်၊ ၅ ရက်ကနေ ၁၀ ရက်ကို ရွှေ့ရွှေ့လာလိုက်တာ ultimatum ဆိုတဲ့ စကားလုံးဟာ အသုံးမဝင်လှတော့ပဲ ငုတ်စိကြီး ငုတ်တိုကြီးဖြစ်နေတော့တာပါပဲ။
#စကားလုံးများ
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
11211