October Born

October Born

Share

06/03/2025

#အနီဖုလေးတွေထွက်တယ်_တချို့အဖုလေးတွေရဲ့ထိပ်မှာ_အရည်ကြည်ဖုလေးပါတယ်
#ဖျားတယ်_ကိုယ်လက်မလှုပ်ချင်ဘူး_အစားအသောက်ပျက်တယ်



ရောဂန္တရကပ် ရောဂါကပ်ဆိုက် နေသလိုပါပဲဗျာ

- ဝမ်းပျက်ဝမ်းလျှော
- အသည်းရောင်အသားဝါ
- တုပ်ကွေးကလည်း ခြိမ်းခြောက် နေဆဲမှာ

နောက်ထပ် အတွေ့များလာတာက #ရေကျောက်ရောဂါ (Chicken pox) ဖြစ်ပါတယ်

- မအီမသာ နဲ့ နေလို့ မကောင်းဘူး
- အစားအသောက် ပျက်တယ်
- ပင်ပန်းနွမ်းနယ် နေရာကနေ

- ကိုယ်ပူလာတယ်
- ကိုယ်လက် ကိုက်လာတယ်
- ခေါင်းတွေ ကိုက်လာတယ်

ဒီအထိက တော့ ရာသီဖျားလား ၊ တုပ်ကွေးလား ၊ သွေးလွန်တုပ်ကွေးလား ၊ ကိုဗစ်လား မကွဲသေးပါဘူး အကုန်တူတူပါပဲ ။

အဲ့ကနေ ကိုယ်လုံးမှာ ဝက်ခြံဖုလေးတွေလို နီနီအဖုလေးတွေ စထွက်လာပါတယ် (ဝက်ခြံလိုလို မိတ်ဖုလေးတွေ လိုလိုပေါ့)

အနီဖုလေးတွေကနေ နည်းနည်းကြီးလာပြီး ထိပ်နားမှာ အရည်ကြည်အိတ်လေးဖြစ်လာပါတယ်၊ တချို့မှာ အရည်ကြည်အိတ်လေးက ဖြူဖြူလေးဖြစ်နေတော့ (နီနီအဖုထိပ်မှာအဖြူစက် နဲ့က ဝက်ခြံလိုဖြစ်နေတာပေါ့)

ထိပ်က အရည်အိတ်လေး ပေါက်သွားပြီး အနာလေးဖြစ်ကျန်ခဲ့ပါတယ် နီနီအဖုလေးထိပ်မှာအနာစက်လေး နဲ့ပေါ့

နောက်တော့ အဲ့ဒီအနာလေးက ခြောက်ပြီး အနာကျက်ကာ အညိုကွက်လေးကျန်ရာကနေ ပျောက်သွားပါလိမ့်မယ်။

အနီဖု အသစ်လေးတွေလည်း ထပ်ထပ်ထွက်လာတော့ ခန္ဓာကိုယ်ပေါ်မှာ

- အနီဖုလေးတွေရော
- အရည်ကြည်ဖုလေးတွေရော
- အနာစက်လေးတွေရော
- အညိုကွက်လေးတွေရော

အစုံစုပြီး ရှိနေရင် #ရေကျောက်ရောဂါဖြစ်ပါတယ်။

💪 ကိုယ်ခံအား 🦠 ရောဂါအပြင်း/အပျော့ ပေါ်မူတည်ပြီး

👉 ကိုယ်အပူချိန်
👉 ခံစားရတဲ့ လက္ခဏာ
👉 အဖု အနည်းအများ ကွာခြားတတ်ပါတယ်။

-----------
ဖြစ်စေတဲ့ ပိုး ကတော့ Virus ဖြစ်ပြီး
သူ့နာမည်က " varicella-zoster virus " ဖြစ်လို့ ခါးပတ်ရေယုန်ဖြစ်စေတဲ့ Virus အမျိုးအစားပါပဲ။

ရေကျောက်ရောဂါ ဖြစ်ပြီး " varicella-zoster virus " ဟာ အာရုံကြောတွေထဲ ပုန်းကျန်နေခဲ့တတ်ပြီး ကိုယ်ခံအားကျတဲ့ အချိန်မှာ ခါးပတ်ရေယုန် အနေနဲ့ လူကိုပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

----------
ကူးစက်မှုကတော့

- ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကနေ ကူးစက်နိုင်သလို
- အသက်ရှူလမ်းကြောင်းကနေလည်း ကူးစက်တတ်ပါတယ်။

အရမ်း အရမ်းကို ***ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။

တော်သေးတာက

- *ရောဂါတစ်ခါဖြစ်ပြီးသူမှာဖြစ်စေ
- *ကာကွယ်ဆေး ထိုးထားတဲ့ သူမှာဖြစ်စေ

ပြန်မဖြစ်တတ်ပါဘူး။

- လူနာ အများစုမှာ

အထက်ကပြောခဲ့တဲ့ ဖျားတယ် အနီဖု ပုံစံမျိုးစုံ ထွက်တယ် စတဲ့ လက္ခဏာတွေလောက်ပဲ ဖြစ်ပြီး ရက်ပိုင်းအတွင်း သက်သာသွားကြပါတယ်။

__________
ဒါပေမယ့် 🚨🚨🚨

- မွေးကင်းစ ကလေးလေးတွေ
- တစ်နှစ်အောက် ကလေးလေးတွေ
- မြီးကောင်ပေါက်တွေ
- သက်ကြီးရွယ်အိုတွေ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- နာတာရှည်ရောဂါသည်များ
- ကိုယ်ခံအားကျဆင်းနေတဲ့ (HIV/AIDS ရောဂါရှင်တွေ)
- ကိုယ်ခံအားထိန်းညှိဆေးသောက်ထားရတဲ့ (လေးဖက်နာဝေဒနာရှင်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးထားသူတွေ)
- အရောင်ကျဆေး (Steroid) ရေရှည်သောက်သုံးနေရသူတွေ မှာတော့

***ကာကွယ်ဆေး ထိုးမထားရသေးရင်
***ရောဂါတစ်ခါမှ မဖြစ်ဖူးသေးရင်

" #အထူးဂရုစိုက်ကြဖို့_လိုအပ်ပါတယ် "

__________
ရေကျောက်ရောဂါ က အများစုမှာ သာမန် ဖျားနာ ရုံနဲ့ကောင်းသွားတတ်ပေမယ့်

တချို့အနည်းစုမှာ

- Secondary Bacteria Infection (Bacteria ပိုးဝင်ရောက်ခြင်း)
- Pneumonia (အဆုတ်ရောင်ခြင်း)
- Encephalitis (ဦးနှောက်ရောင်ခြင်း)
- အဖျားကြီးလွန်းရာက ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration)
အစရှိသည်တို့ကနေ သေသေချာချာကုသမှု မခံယူရင်
- အသက်သေဆုံးသည်အထိဖြစ်တတ်ပါတယ်
___________
ကုသမှုကတော့

Virus တွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားက တိုက်ထုတ်တာမို့ #ကိုယ်ခံအားကောင်းရလေအောင်

👉 အစားပုံမှန်လေးစားပါ (အာဟာရပြည့်ဝအောင်စားပါ)
👉 ကောင်းကောင်းအနားယူပါ (ပင်ပင်ပန်းပန်း အလုပ်တွေမလုပ်ပါနဲ့)
👉 အချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်စက်အနားယူပါ
👉 ရေအများကြီးသောက်ပါ (ကိုယ်အပူချိန် / ချွေးထွက်နှုန်းပေါ်မူတည်ပြီး ရေအများကြီး အများကြီး သောက်ပါ)

💊 ကိုယ်ပူ/ကိုယ်လက်ကိုက်/ခေါင်းကိုက်တာ အတွက် Paracetamol 500mg ၆ နာရီခြား လေးကြိမ်အထိသောက်လို့ရပါတယ်
(ကလေးတွေကတော့ အသက်အရွယ်/ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးညွှန်းအတိုင်းတိုက်လို့ရပါတယ်)
🥗 🍎 အသီးအနှံ ဟင်းသီးဟင်းရွက်တွေ အများကြီး မစားနိုင်တဲ့အတွက် Multivitamins နဲ့ minerals တွေပါတဲ့ အားဆေးတစ်မျိုးမျိုး သောက်ပါ
အဖုလေးတွေက ယားပါတယ် မကုတ်ဖဲ့ဖို့ သတိထားပါ ပိုး (Bacteria) ဝင်သွားနိုင်သလို အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ယားတာ မခံနိုင်ရင် (Anti-histamine) Burmeton / Loratidine / Cetrizine ဆေးညွှန်းအတိုင်းသောက်ပါ
__________
အများစုကတော့ အချိန်တို ရက်ပိုင်းအတွင်း ပျောက်သွားတတ်ကြပေမယ့်

🚨 မျက်လုံးတွေပါ နီရဲရောင်ကိုင်းလာလျှင်
🚨 ခန္ဓာကိုယ်က အဖုတွေ နီရဲရောင်ကိုင်းပြီး နာကျင်လာလျှင်
🚨 ကယောင်ကတမ်းဖြစ်လာခြင်း ၊ ခြေလက်မသယ်နိုင် လှုပ်ရှားရတာ ထိန်ချုပ်ရတာ ခက်လာခြင်း ၊ ဇက်ကြီးခိုင်လာခြင်း ၊ မခံမရက်နိုင်အောင် ခေါင်းကိုက်ခြင်း
🚨 ချောင်းအရမ်းဆိုးလာခြင်း ၊ အသက်ရှူကြပ်လာခြင်း (SpO2 ကျခြင်း)
🚨 အဖျားအရမ်းကြီးခြင်း (၁၀၂ အထက်)
🚨 အထက်ကပြောထားတဲ့ ရောဂါအခံများရှိခြင်း

စသည်တို့တွင် #ဆရာဝန်အမြန်ပြ၍ အမြန်ဆုံးကုသမှုခံယူကြပါ။

#ရေကျောက်ရောဂါ ဖြစ်ပါတယ်
#ရေကြောက်ရောဂါ မဟုတ်လို့ ရေနဲ့မထိရဘူးဆိုတာ (လုံးဝ) မဟုတ်ပါဘူးဗျာ
👉 ရေမချိုးပဲ မနေကြပါနဲ့
အဖျားကြီးနေတာကို ရေမချိုးကြဘူး ဆိုရင်တောင် ရေပတ်တော့ နိုင်နိုင်တိုက်ပေးကြပါ။
___________
ဒီလောက်ဆိုရင် ရေကျောက်ရောဂါ

- လက္ခဏာတွေက ဘာတွေလဲ
- အများစုမှာ မပြင်းထန်ပဲ
- ဘယ်သူတွေမှာ ပြင်းထန်တတ်လဲ
- ဘာတွေဖြစ်ရင် ဆရာဝန်ပြဖို့လိုလဲ
- အိမ်မှာ ဘာတွေ လုပ်ကြမလဲ ဆိုတာတွေ သိကြပြီထင်ပါတယ်

(Photo credit; Mayo Clinic)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit. ,: Dr. ဘုန်းစည်သူလွင်

22/05/2024

အာလုံး မင်္ဂလာပါ

22/05/2023

#ခြေမကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး

😰😰😰

Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်

ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။

သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။

အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ

👉👉👉

ဘာလို့အဲ့လို နာရတာလဲ !!!

👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်

👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ

အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။

အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)

- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉👉👉

🤔 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

👉👉👉

၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်

ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။

Cells များရင် Nucleus များမှာပေါ့

Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တက်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့

အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)

👉👉👉

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

အကောင်းဆုံးက အစားအသောက် ဆင်ခြင်ကြဖို့ပါ

- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်

***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်

😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon