Smart Lion
07/11/2022
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ပွါးများအားထုတ်နိုင်ကြပါစေကြောင်း Smart Lion Construction မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။
21/07/2022
ရင်ဘတ်ချင်းတူတဲ့သူတွေ စုံစည်းပြီး ပျော်ပျော်ပါးပါး Chill ကြမဲ့ နေရာတစ်ခုဖြစ်လာမဲ့ "သူငယ်ချင်းဆိုင်"ကို ပုံဖော်ဖန်တီးပေးဖြစ်ခဲ့ပါတယ်။
အဆောက်အအုံအသစ်မဟုတ်ဘဲ နဂိုရှိပြီးသားနေရာကို Renovation ပြန်လုပ်ပြီး Decoration ပိုင်းကိုပါ တာဝန်ယူပေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်တစ်ဆိုင်လုံးရဲ့ Design ပိုင်းကို တာဝန်ယူ Creation လုပ်ပေးထားတာကတော့ Smart Creation Studio - 3D Animation ပဲ ဖြစ်ပါတယ်။ "သူငယ်ချင်းဆိုင်"ဆိုတဲ့အတိုင်း ဆိုင်နာမည်နဲ့လိုက်အောင်၊ ဆိုင်ထဲဝင်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန် ခံစားမှုမျိုးရရှိအောင် အကောင်းဆုံး ကြိုးစားပြင်ဆင်ပေးခဲ့ပါတယ်။
Smart Lion ရဲ့ လုပ်ဆောင်မှုများကတော့...
- မျက်နှာကျက်များပြန်လည်ပြုပြင်ခြင်း
- အခန်းသစ်များဖွဲ့စည်းခြင်း
- ကြမ်းခင်းနဲ့နံရံ ကြွေပြားကပ်ခြင်း
- ဆေးသုတ်ခြင်း
- Bar Counter နဲ့ နံရံ Showcase များတပ်ဆင်ခြင်း
- Hollow Frame, Smart Board, သံဇကာကွက်များနဲ့ မျက်နှာစာ အလှဆင်ခြင်း
- စတိုခန်းထည့်သွင်းခြင်းတို့ ဖြစ်ပါတယ်။
ပူလောင်စိတ်ရှုပ်စရာတွေရဲ့အဝေးမှာ လွတ်လွတ်လပ်လပ် Chill နိုင်တဲ့ နေရာလေးဖြစ်ဖို့ ရည်ရွယ်ပြီး အတွင်းပိုင်း Decoration ပိုင်းမှာ အသုံးပြုမဲ့ အရောင်၊ Lighting ပိုင်းကအစ အသေးစိတ် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဆိုရင် သူငယ်ချင်းဆိုင်ရဲ့ Grand Opening ကလည်း စတော့မှာဆိုတော့ သူငယ်ချင်းဆိုင်ကို အရောက်သွားပြီး Smart Lion ရဲ့ ဖန်တီးမှုလက်ရာကို ခံစားကြည့်လိုက်ကြပါဦးနော်...
အဆောက်အဦး ဆောက်လုပ်လိုသည့်၊ ပြင်ဆင်လိုသည့် လူကြီးမင်းများအတွက် Smart Lion Construction မှ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ဆွေးနွေးနိုင်ရန် Page Messenger သို့မဟုတ် 01 8694728, 01 8604729 သို့ ရုံးချိန်အတွင်း ဆက်သွယ်ချိန်းဆိုနိုင်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။
421 D, Shwegondaing Road, Bahan Township, Yangon. (Near SSC Hospital)
+95 1 860 4728, 1 860 4729
[email protected]
#သူငယ်ချင်းဆိုင်
23/03/2022
နေအိမ်၊ အဆောက်အအုံတွေက နှစ်ကာလကြာရှည်လာတဲ့အခါ ခိုင်ခံ့မှု၊ အပြင်အဆင်နဲ့ Function တွေမှာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို အချိန်အနေမျိုးမှာ Renovation ပြန်လုပ်ဖို့ လိုအပ်ပါတယ်။ အဆောက်အအုံကို Renovation လုပ်တယ်ဆိုတာ ယိုယွင်းနေတဲ့ အချိန်အနေကနေ ကောင်းမွန်တဲ့ အချိန်အနေကိုရောက်အောင် ပြုပြင်မွမ်းမံတာပဲ ဖြစ်ပါတယ်။ Renovation လုပ်တယ်ဆိုရင် ပရိဘောဂအသစ်တွေ အစားထိုးတာ၊ ဆေးအသစ်ပြန်သုတ်တာ၊ မီးလုံးပုံစံအသစ်တွေ တပ်ဆင်တာ၊ အချိန်ကြာနေပြီဖြစ်တဲ့ လျှစ်စစ်မီးသွယ်တန်းမှုတွေကို ပြန်လည်တပ်ဆင်တာလို့ သိကြပါတယ်။
အဆောက်အအုံ Renovation ကို Cosmetic နဲ့ Structural ဆိုပြီး အမျိုးအစား (၂) မျိုး ခွဲခြားလို့ရပါတယ်။ Cosmetic Renovation မှာ ကတော့ အသေးစား ပြုပြင်မွမ်းမံမှုတွေဖြစ်တဲ့ ဆေးအသစ်ပြန်သုတ်ခြင်း၊ ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်း၊ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်နဲ့ ကိုက်ညီအောင် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများကို ပြန်လည်နေရာချ အစားထိုးခြင်း၊ Landscaping design ပြန်လည်ပြုပြင်ခြင်းတို့ ပါဝင်ပါတယ်။ Structural မှာတော့ ထပ်ခိုး (သို့) မြေအောက်ခန်း တည်ဆောက်ခြင်း၊ ပိုက်လိုင်းသွယ်တန်းမှုနဲ့ ရေဆိုးစနစ်ကို ပြန်လည်ပြုပြင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားသော ကေဘယ်ကြိုးများ ပြန်လည်တပ်ဆင်ခြင်း စတာတွေ ပါဝင်ပါတယ်။
နေအိမ်အဆောက်အအုံကို ပုံစံအသစ်တစ်မျိုးနဲ့ ပြောင်းလဲချင်တာ၊ နေရာပိုပြီးကျယ်သွားအောင် ပြန်လည်ပြုပြင်ချင်တာ၊ လူနေအိမ်ကို ရုံးခန်းအဖြစ်ပြောင်းလဲချင်တာ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ Renovation ပြုလုပ်ကြပါတယ်။ Renovation ပြုလုပ်ရခြင်းရဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကတော့ အဆောက်အအုံတန်ဖိုးကို မူလပေါက်ဈေးထက် ပိုပြီးတိုးလာစေဖို့ပဲဖြစ်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်ဖြစ် Renovation ပြုလုပ်တော့မယ်ဆိုရင် Smart Lion Construction မှ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ဆွေးနွေနိုင်ရန် Page Messenger သို့မဟုတ် 01 8694728, 01 8604729 သို့ ရုံးချိန်အတွင်း ဆက်သွယ်ချိန်းဆိုနိုင်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။
421 D, Shwegondaing Road, Bahan Township, Yangon. (Near SSC Hospital)
+95 1 860 4728, 1 860 4729
16/03/2022
ယနေ့ မတ်လ (၁၆) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော တပေါင်းလပြည့်အခါသမယမှာ မြတ်စွာဘုရားကို အာရုံပြု ပူဇော်ရင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ တရားဘာဝနာများ ပွားများနိုင်ပါစေလို့ Smart Lion Construction နှင့် Smart Furniture မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ 🙏
Click here to claim your Sponsored Listing.
Contact the business
Website
Address
421(D) , Shwegonedine Street , Bahan Township
Yangon
11201
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |