The Beauty Store

The Beauty Store

Share

01/06/2026

🙋🏼‍♀️မင်္ဂလာပါရှင်သဲလေး‌တို့ရေ ဒီနေ့မှာတော့ မင်မင်တို့ဆိုင်ရဲ့ Best Seller လေးဖြစ်ပြီး နာမည်ကြီး Korea Brand တစ်ခုဖြစ်တဲ့ I'm from ရဲ့ Rice Toner လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်

✨Brightening Effect ကိုရ‌စေနိုင်ပြီးနေလောင်ထားတဲ့သူ‌တွေ အမည်းစက် အမာရွတ်နဲ့အသားမညီတဲ့သူလေးတွေသုံးကြည့်သင့်တဲ့ Rice Toner လေးပါနော်။ဘူးဒီဇိုင်းအသစ်လေးပြောင်းသွားပေးမယ့် Quality နဲ့အာနိသင်လေးကတော့ အရင်အတိုင်းပါပဲရှင်။

🌾(Yeoju Rice Extract) ဆန်ကိုအဓိကထားပြီးထုတ်လုပ်ထားတာမို့ moisturize & hydrate ကောင်းကောင်းပေးနိုင်ပြီးအသားအရေကို စိုပြေကြည်ဝင်းစေပါတယ်ရှင်။
Skin ရဲ့ Oil moisture balance ကိုမျှတစေပြီးအဆီပြန်လွန်းတာ အသားခြောက်လွန်းတာတွေကိုမဖြစ်စေပဲ အသားအရေကိုHealthy Glowing
လေးဖြစ်စေပါတယ်ရှင်

Niacinamide လဲပါဝင်တာမို့ ညိုညစ်နေတဲ့ skin tone ကိုပြန်လည်ကြည်လင်လာ‌စေပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမည်းစက် အမာရွတ် တွေကိုသက်သာစေပါတယ်နော်။

🤍Smooth & Milky Texture လေးဖြစ်တာမို့ အသားထဲကိုစိမ့်ဝင်လွယ်ပြီး စေးကပ်ခြင်းမရှိပါဘူးရှင်။

🤍Rice Toner လေးကိုစမ်းသုံးကြည့်ချင်တဲ့သူလေးတွေအတွက်လဲ 30ml mini ဗူးသေးလဲ မင်တို့ဆိုင်မှာ Instock ရပါမယ်ရှင်

✅All Skin Type အသုံးပြုလို့ရပြီး ဝက်ခြံနဲ့အဆီဖုတွေထွက်နေဆဲသူတွေကိုတော့ သုံးဖို့ recommend မပေးပါဘူးရှင်။

💁🏼‍♀️Rice Toner လေးမသုံးခင်တော့သေချာလေး Shake လှုပ်ပြီးမှသုံးပေးပါနော်😘

28/05/2026

မင်္ဂလာပါရှင် Mary & May serum လေးကိုမှကြိုက်နှစ်သက်ကြတဲ့သဲလေးတို့အတွက် 30ml serum လေး 4မျိုး မင်တို့ဆိုင်မှာ instock ရပါမယ်ရှင် တစ်မျိုးစီရဲ့ အာနိသင်‌တွေကိုပြောပြပေးသွားမှာမို့ ကိုယ့်အသားအရေနဲ့ကိုက်ညီတာလေးရှိရင်ရွေးချယ်လို့ရပါတယ်ရှင်

Niacinamide + Chaenomeles Sinensis လေးက အဆီပြန်တာကိုထိန်းပေးပြီးဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက် အမာရွတ်တွေကို ပါးလာစေပါတယ် Skin barrier ကိုကောင်းမွန်စေပြီး sensitive skin တွေလဲအသုံးပြုလို့ရပါတယ် အသားအရောင်ညစ်တာ/မညီညာတာတွေကိုသက်သာစေပြီး Brightening Effect ကိုရရှိစေပါတယ်ရှင် ဒီလိုမျိုးNiacinamide serum လေးကိုအသုံးပြုမယ်ဆိုရင်တော့ မနက်ဆိုရင် suncream လိမ်းပေးဖို့တော့ လိုအပ်ပါမယ်နော်

Houttuynia Cordata + Tea tree လေးကတော့ ဝက်ခြံထွက်တတ်တဲ့အသားအရေ ပိုင်ရှင်လေးတွေအတွက် အထူးသင့်တော်ပါတယ်ရှင်
Houttuynia Cordata 85% ပါဝင်ပြီး ဝက်ခြံကြောင့်နီမြန်းယောင်ရမ်းတာတွေကို soothing calming ဖြစ်စေပါတယ် tea tree extract 9% ပေါင်းစပ်ထားတာမို့ ဝက်ခြံဖြစ်စေတဲ့ bacteria ပိုးတွေကို‌တားဆီးပေးပြီးချွေးပေါက်ထဲက အညစ်အကြေးတွေကိုဖယ်ရှား‌ပေးပါတယ်နော် ‌ Alcohol free / Essential oil free / Paraben free ဖြစ်တာမို့ sensitive skin လေးတွေပါအသူံးပြုလို့ရပါတယ် Fungal acne safe ဖြစ်ပြီး ချွေးလဲမပိတ်စေပါဘူးရှင်

6 Peptide Complex လေးကတော့ Peptide 6 မျိုးပါဝင်တာမို့ အသားအရေရဲ့ collagen ထွက်နှုန်းကို boost လုပ်ပေးနိုင်ပြီး အရေးအကြောင်းတွေကို သိသိသာသာ လျော့ပါးစေပါတယ်ရှင် မျက်နှာအသားအရေကို hydration အပြည့်အဝပေးနိုင်တာကြောင့် ပိုပြီးတင်းရင်းစိုပြေစေပါတယ် အစိုဓာတ်ခမ်းခြောက်ပြီး dehydrated ဖြစ်နေတယ်ဆိုရင် ဒါလေးသုံးကြည့်လို့အဆင်ပြေပါတယ်ရှင်

Marine Collagen serum က molecular collagen လေးတွေပါဝင်တာကြောင့် အသားထဲကိုစိမ့်ဝင်မှု့အားကောင်းစေပြီး အသားအရေရဲ့ အစိုဓာတ်ကို အပြည့်အဝ ပေးနိုင်ပါတယ် အရွယ်မတိုင်ခင်မှာ အရေးအကြောင်းဖြစ်ခြင်းကိုလဲအထိရောက်ဆုံးကာကွယ်ပေးပါတယ်နော် အသားအရေရဲ့ Elasticity ကိုပြန်လည်ကောင်းမွန်စေပြီး တင်းတင်းရင်းရင်းဖြစ်စေပါတယ်ရှင်

27/05/2026

💗မင်္ဂလာပါရှင်
မင်တို့ဆိုင်မှာ Review တွေအရမ်းကောင်းပြီး Clean Beauty ဖြစ်တဲ့ Mary & May Korea Brand လေးရဲ့ moisturizer ၄ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။

ဝက်ခြံအဆီဖု ရှိပြီး Moisture ဆိုရင် ဘာသုံးသုံးမတည့်တတ်တဲ့သူလေးတွေအတွက် fragrance လုံးဝမပါဝင်တဲ့ Sensitive Soothing Gel Cream ရှိပါတယ်ရှင် ✨။ သူ့မှာ Heartleaf နဲ့ Tea Tree ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံအဆီဖု‌သေးသေးလေးတွေ၊ ဝက်ခြံကြောင့် နီမြန်း‌ရောင်ရမ်းတာတွေကို soothing calming ဖြစ်စေပါတယ်။ Panthenol နဲ့ Hyaluronic လေးကတော့ မျက်နှာကို hydration ကောင်းကောင်းပေးနိုင်ပြီး skin barrier ကိုအားဖြည့်ပေးနိုင်ပါတယ်။ Gel Cream Texture ဖြစ်တာမို့ စိမ့်ဝင်တာမြန်ပြီးစေးကပ်ခြင်းမရှိပါဘူးရှင်။

အသားကြည်ပြီး Glow ချင်တဲ့သူလေးတွေအတွက် Idebenone Blackberry Intense Cream လေး ရှိပါတယ်ရှင်✨။ သူကတော့ Idebenone နဲ့ Blackberry Complex 63% ပါဝင်တဲ့အတွက်ကြောင့် Antioxidant ကြွယ်ဝပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်၊ အမာရွတ်တွေကို သက်သာစေတဲ့အပြင် အသားအရေကို ကြည်လင်ပြီး စိုပြေတင်းရင်းစေပါတယ်ရှင်။ Ceramides လေးကတော့ ပျက်စီးနေတဲ့ Skin Barrier ကို ပိုကောင်းလာစေပြီး ရေဓာတ်ကို အရေပြားအတွင်းပိုင်းထိ အလွှာလိုက် ဖြည့်ဆည်းပေးပါတယ်ရှင်။ Fragrance-free ဖြစ်လို့ sensitive skin လေးတွေ သုံးလို့ရပါတယ်ရှင်။ Cream Type Texture လေးဖြစ်ပြီး Anti-aging cream စတင်အသုံးပြုချင်သူလေးတွေနဲ့ အသက် ၂၅ နှစ်ကျော်သူလေးတွေအတွက် အထူးသင့်လျော်ပါတယ်ရှင်။

Collagen booster lotion လေးမှာတော့ Low Molecular Collagen လေးတွေ ပါဝင်တာမို့ အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေကို တင်းရင်းစိုပြေစေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်ရှင် ✨။ အသားအရေကို Deep Hydration အပြည့်အဝ ပေးနိုင်ပြီး Brightening Effect လေးပါ တစ်ပြိုင်နက် ရရှိစေပါတယ်။ Texture လေးက အရည်အကျဲကျဲ Lotion ပုံစံမျိုး ဖြစ်တာကြောင့် လိမ်းလိုက်ရင် စေးကပ်ခြင်း မရှိဘဲ စိမ့်ဝင်မြန်ပါတယ်။ ရေဓာတ်ခမ်းခြောက်သူ‌တွေနဲ့ Skin Elasticity ပိုကောင်းချင်သူလေးတွေ ရွေးချယ်သင့်တဲ့ Booster Lotion လေးဖြစ်ပါတယ်ရှင်။

ဒီ Vitamin C + Bifida Lotion လေးကတော့ အသားအရေကို မစပ်၊ မနီစေဘဲ တဖြည်းဖြည်းနဲ့ အသားကြည်လင်ပြီး Glow လာစေမယ့် moisturizer လေးပဲ ဖြစ်ပါတယ်ရှင်✨ ။ Vitamin C ပါဝင်လို့ အသားအရေ မညီညာတာ၊ အမဲစက်၊ တင်းတိပ်နဲ့ အသားညစ်တာတွေကို မှေးမှိန်လာစေပြီး ကြည်လင်ဝင်းပလာစေပါတယ်ရှင်။ Bifida Ferment လည်း ပါဝင်တာကြောင့် အရေးအကြောင်းတွေကို သက်သာစေပြီး ပျက်စီးနေတဲ့ Skin Barrier ကိုပါ ပြန်လည်ကောင်းမွန်အောင် အားဖြည့်ပေးပါတယ်ရှင်။ Lotion Type Lightweight Texture လေးမို့ လိမ်းလိုက်ရင် အသားထဲကို စိမ့်ဝင်လွယ်ပြီး စေးကပ်ခြင်းမရှိဘဲ အစိုဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပါတယ်ရှင်။

25/05/2026

မင်္ဂလာပါရှင် 😊
တစ်နေ့လုံး လှုပ်ရှားသွားလာနေရလို့ ချွေးနံ့ဆိုးတွေကြောင့် စိတ်မညစ်နဲ့တော့နော်။

💗 Dove ရဲ့ Serum Type Roll On လေး‌‌နဲ့ Vaseline Gluta-Glow ရဲ့ Ampoule Type Roll On လေးတွေ ရောက်ရှိလို့လာပါပြီရှင်။

🕊️ Dove ရဲ့ Radiant + Care Serum Deodorant လေးက Niacinamide နဲ့ 10X Vegan Collagen ပါဝင်လို့ ဂျိုင်းကြားအသားအရေ လျော့တွဲတာ၊ အမည်းစက်ဖြစ်တာနဲ့ ပျက်စီးကြမ်းတမ်းတာတွေကို သက်သာစေပြီး နူးညံ့ချောမွေ့စေပါတယ်။ 💧 စိုစိုအိအိနဲ့ နူးညံ့တဲ့ Texture လေးကိုမှ အနံ့သင်းသင်းလေး ကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲရှင်။

🧴Vaseline ရဲ့ Gluta-Glow Ampoule Deodorant လေးတွေကလဲ ပေါ့ပေါ့ပါးပါး နဲ့ စိမ့်ဝင်လွယ်ပြီး လိမ်းပြီးတာနဲ့ အေးမြသွားစေမယ့် Texture လေးပါရှင်။

🩷 Ultra Bright :
Niacinamide 3% နဲ့ Licorice ပါဝင်လို့ ဂျိုင်းကြားအသားအရေကို နဂိုထက် ပိုမိုဖြူဝင်းစေပြီး နူးနူးညံ့ညံ့ Powder (ပေါင်ဒါ) နံ့လေး ကြိုက်သူများအတွက် Vaseline ရဲ့ Ultra Bright

🧡 Bright & Renew :
Niacinamide 3% နဲ့ Vitamin C, E ပါဝင်တာမို့ ပျက်စီးနေတဲ့ ဂျိုင်းအသားအရေကို ပြန်လည်ပြုပြင်ပေးပါတယ်။ မိန်းကလေးဆန်ဆန် အနံ့ချိုချိုလေး ကြိုက်သူများအတွက် Vaseline ရဲ့ Bright & Renew

💙 Bright & Dry :
Niacinamide 3% နဲ့ Vitamin E ပါဝင်လို့ ဂျိုင်းချွေးအရမ်းထွက်တတ်သူလေးတွေအတွက် အနံ့မထွက်အောင် ကာကွယ်ပေးပြီး ဂျိုင်းသားကိုလည်း ဖြူဝင်းစေပါတယ်။ အနံ့စူးတာမကြိုက်ဘဲ ပန်းနံ့အေးအေးလေး ကြိုက်သူများအတွက် Vaseline ရဲ့ Bright & Dry

💁🏻‍♀️ မိမိအသားအရေ အမျိုးအစားနဲ့ ကြိုက်နှစ်သက်ရာ Texture ပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါပြီနော်။

#

24/05/2026

မင်္ဂလာပါရှင် ❤️
တစ်နေ့ကုန် ချွေးနံ့ဆိုးတွေကြောင့် စိတ်ညစ်နေရပြီလားရှင် 🤔?

ဒါဆိုရင်တော့ Alcohol 0% ဖြစ်ပြီး ဂျိုင်းသားအသားအရေကို မထိခိုက်စေဘဲ အစိုဓာတ်ဖြည့်၊ ချွေးနံ့လေး ထိန်းပေးမယ့် Dove Deodorant လေးတွေ သုံးကြည့်နော်။

အမည်းစက်ကင်းစင်ပြီး ဂျိုင်းသား ဖြူဝင်းချင်သူလေးတွေက Niacinamide ပါဝင်တဲ့ Ultimate Repair လေးထဲက သုံးနော်။ Stick type ထဲကဆို
💖 လီလီပန်းရနံ့လေးနဲ့ Fresh Lily ၊
🤍 စံပယ်ပန်းရနံ့လေးနဲ့ Soothing Jasmine ရှိပြီး၊
🩷 Roll-on Type လေး ကြိုက်ရင်တော့ ပန်းရနံ့သင်းသင်းလေးနဲ့ ဒီ Ultimate Repair ကို ရွေးပါရှင်။

ကျား/မ မရွေးသုံးလို့ အဆင်ပြေပြီး ရေချိုးပြီးခါစအတိုင်း သန့်ရှင်းလန်းဆန်းစေတဲ့ အနံ့မျိုး ကြိုက်တယ်ဆိုရင်တော့
💙 Dove ရဲ့ Signature ဖြစ်တဲ့ ကလေးပေါင်ဒါနံ့ သင်းသင်းလေးနဲ့ Original
🩵 အနံ့အေးအေးလေးနဲ့ တစ်နေ့ကုန် Fresh ဖြစ်စေမယ့် Classic Fresh
💚 တစ်နေ့ကုန် လန်းဆန်းတက်ကြွတဲ့ ခံစားချက်မျိုးပေးစွမ်းမယ့် Cucumber & Green Tea (ဒီအနံ့က Video ပြရင် stick/ spray/roll on ၃ မျိုးလုံး တူတူပြနော်)

မိန်းကလေးဆန်ဆန် ချိုမွှေးသင်းပျံ့တာလေး ကြိုက်ရင်
🩷 ပေါင်ဒါနံ့အိအိလေးနဲ့ ချိုမွှေးနေမယ့် Powder Soft
❤️ ချိုချိုချဉ်ချဉ် ရနံ့ဆန်းလေးနဲ့ လူကြိုက်များတဲ့ Pomegranate & Lemon Verbena

🩶 ချွေးထွက်သန်ပြီး ဂျိုင်းကွက်ပေမှာ ကြောက်ရင် အဝတ်အစား အရောင်မပေစေမယ့် Invisible Dry
(ဒါလဲ Video ပြရင် spray/roll on ၂ မျိုးလုံး ပြပေးနော်)

🤍 အသားအရေ Sensitive ဖြစ်ပြီး ယားယံတတ်ရင်တော့ Alcohol ရော Perfume ပါ လုံးဝမပါဝင်တဲ့ Sensitive Roll-on လေး တို့ရှိပါတယ်ရှင်။

Deodorant Type ၃ မျိုးက ဘာကွာလဲ ဆိုရင်
✔️သုံးပြီး အခြောက်မြန်တာကြိုက်ရင် Spray၊
✔️မိတ်ကပ်သားလို ခြောက်ခြောက်အိအိလေး ကြိုက်ရင် Stick၊
✔️အေးအေးစိုစိုနဲ့ အသားထဲစိမ့်ဝင်တာ ကြိုက်ရင်တော့ Roll-on ထဲက ရွေးချယ်နိုင်ပါတယ်ရှင်✨။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (7/B), Ground Floor, Thitsar Road (Kanbae Road), 13th Ward, Yankin Township
Yangon
YANKIN–11081

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30
Sunday 09:30 - 17:30