First Step Engineering Group
07/06/2021
First Step Engineering Group ကိုအစဥ်အမြဲအားပေးနေသော
Customer များ လုပ်ငန်းစီးပွားများဒီရေအလားတိုးပွားကြပါစေခင်ဗျာ
" B2B လုပ်ငန်းတွေမှာ အသုံးများသောဝေါဟါရများလေ့လာခြင်း"
1. Account Based Marketing
Account Based Marketing ဆိုတာ Company တစ်ခု ဒါမှမဟုတ် organization တစ်ခု ကိုသာ target ထားတဲ့ Marketing အမျိုးအစားဖြစ်ပါတယ် ။ ဥပမာ သင်ဟာ IT Company မှာအလုပ်လုပ်နေသူဆိုရင် သင့်ရဲ့ Targeted customer တွေက များများစားစားမရှိတဲ့အပြင် deal တခုတခုရဲ့ amount ကလဲ နည်းမှာမဟုတ်ပါဘူး။ဒီတော့ ဒီလို niche ဖြစ်တဲ့ Market မှာ organization တခုစီကို targetထားပြီး ကြေငြာတဲ့ Marketing Message တွေကိုဆိုလိုတာဖြစ်ပါတယ်။
2. Behaviour Based Marketing
Behaviour Based Marketing ဆိုတာ customer တွေရဲ့မိမိproductအပေါ် စိတ်ဝင်စားမှု change ဖြစ်သွားတာပေါ်မူတည်ပြီး Marketing Message ပေးတါဖြစ်ပါတယ်။ဥပမာ သင်က ကျွန်တော့ရဲ့ Product ၃ခု ရှိတဲ့အထဲက ပထမဆုံး Aကိုစိတ်ဝင်စားတယ်၊
နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် Cကို ပိုစိတ်ဝင်စားတာမျိုးလဲရှိနိုင်ပါတယ်၊ဒါကြောင့် သင့်ရဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး Marketing Message ပေးတါကို Behaviour Based Marketing လို့ခေါ်ပါတယ်။
3.Retargeting
Retargeting ဆိုတာ Digital Marketing Channel ကနေ ကိုယ့်ရဲ့ Ads/Content တွေနဲ့ပတ်သက်ပြီးEngagement ရှိပြီးသားလူတွေကို Target ထပ်ထားပြီး ကွဲပြားတဲ့ Ads/Content တွေ Feed လုပ်တာကို Retargeting လုပ်တယ်လို့ခေါ်ပါတယ်။
4.Business Plan
Business Plan ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့် မဟာဗျူဟာတွေကို အသေးစိတ်ရေးထားတဲ့ Plan တစ်ခုဖြစ်ပါတယ်။
5.Marketing Plan
Marketing Plan ဆိုတာ Business Plan ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းတစ်ခုရဲ့ Marketing နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ မဟာဗျူဟာတွေကို အသေးစိတ်ရေးဆွဲထားတဲ့ အစီအစဥ်တစ်ခုလဲဖြစ်ပါတယ်။
6.SEO/SEM (Search Engine Optimization နဲ့ Search Engine Marketing)
SEOဆိုတာ Google လို Search Engine လိုနေရာမျိုးမှာ လူတွေ ကတခုခုကိုရှာတဲ့အခါ ထွက်လာတဲ့ ရလဒ်တွေထဲမှာ ကိုယ့်လုပ်ငန်း၊ကိုယ့်ပစ္စည်း၊ကိုယ့် ဝန်ဆောင်မှုကို ထိပ်ဆုံးကပေါ်အောင် ကြိုးစားခြင်းဖြစ်ပါတယ်။SEM ကတော့ ဒီနေရာတွေမှာ ကြော်ငြာတဲ့ Marketing Message တွေကိုခေါ်တာပါ၊ဥပမာ သင်က hotel တွေရှာနေတဲ့အချိန် ဘေးနားမှာ Grab Taxi ဆိုပြီး ကြေငြာလာတက်တာမျိုးပေါ့...
7.Pay-Per-Click
Pay-Per-Click Advertising ဆိုတာ ကြော်ငြာတစ်ခုရဲ့ လင့်ခ်အပေါ်ကြည့်ရှုသွားသူက CTA button တစ်ခုကိုနိုပ်သွားတိုင်း ကြော်ငြာရှင်က ပိုက်ဆံပေးရတဲ့ ကြော်ငြာအမျိုးအစားဖြစ်ပါတယ်။
8.Sales Copy
Sales Copy ဆိုတာ မိမိရဲ့ ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုကို ရောင်းချဖို့ကြိုးစားတဲ့ ကြော်ငြာစာကိုဆိုလိုတာဖြစ်ပါတယ်။
9.Prospect
Prospectဆိုတာကိုယ့်ရဲ့ Customer ဖြစ်လာနိုင်ခြေရှိတဲ့ သူတွေကိုဆိုလိုတာပါ။ Prospect to Lead to Customer ဆိုတဲ့ပုံစံနဲ့ တဆင့်တဆင့် change ဖြစ်ပါတယ်။
10.Offer
Offer ဆိုတာ ကိုယ့်ဘက်ကနေ Prospect တွေ Lead တွေ Customer တွေကို ကမ်းလှမ်းတဲ့အရာတွေကိုဆိုလိုတာပါ။ဒီနေရာမှာoffer တွေ များစွာရှိနိုင်ပါတယ်၊အဓိက က ကိုယ်ပေးတဲ့ offer က စိတ်ဝင်စားစရာ ကောင်းမယ့်အရာမျိုးတော့ဖြစ်ဖို့လိုပါတယ်။
11.Ebook or Free Report
ဒီမှာ B2B မှာခေါ်တာကတော့ Ebook လို့ခေါ်ပါတယ် အဓိက က ကိုယ့်ရဲ့ Prospect တွေ Lead တွေအတွက် အကျိုးရှိ အသုံးဝင်မယ့် အရာတွေကို ထည့်သွင်းရေးသားပြီး အခမဲ့ပို့ပေးခြင်းမျိုးပါ။
ဥပမာ - သင်က IT business ကဆိုရင် သင့်ရဲ့ Prospect တွေဖြစ်တဲ့ Banking individual တွေကို IT နဲ့ပတ်သက်တဲ့banking မှာအကျိုးရှိမယ့်အကြောင်းအရာတွေ စိတ်ဝင်စားနိုင်မယ့်သတင်းတွေကို ပေးပြီး relationship ယူတာမျိုးပါ။
12. before-during-after
Before ဆိုတာ သင့်ရဲ့ prospectတွေက သင့်ရဲ့ လုပ်ငန်းကို သေချာမသိသေးတဲ့အချိန်ကိုဆိုလိုတာပါ။
During ဆိုတာ က သင့်ရဲ့ product or service တွေကို စိတ်ဝင်စားမှုရှိနေတဲ့ အချိန်ကိုဆိုလိုပါတယ်။
After ဆိုတာကတော့သင့်ရဲ့ customer ဖြစ်လာပြီးနောက်ပိုင်းအချိန်ကိုဆိုလိုတာပါ။
13. POSMs (Point of sales Materials )
POSMs ဆိုတာက သင်တို့အနေနဲ့ Marketing activities တွလုပ်တဲ့နေရာမှာ အသုံးချတဲ့ ပစ္စည်းတွေကိုဆိုလိုပါတယ် ။
ဥပမာ ခွက်တို့ ၊ T shirt တို့ စသည်ဖြင့်ပေါ့
14.Copy writing
Copy writing ဆိုတာ Copy ရေးသားခြင်း အနုပညာကိုဆိုလိုပါတယ်။ ဂရုမစိုက်ခြင်း အနုပညာလိုမျိုးပေါ့ 😅...
15.Return On investment
ROI ဆိုတာ သင်ရင်းနှီးမြှုပ်နှံမှုကနေပြန်ရလာတဲ့အကျိုးအမြတ်ကိုဆိုလိုပါတယ်။
16.Subscription
Subscription ဆိုတာသင့်ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုကို ပုံမှန်ရယူဖို့
ကြိုတင်ငွေပေးချေရတာ ဒါမှမဟုတ် ပုံမှန်ပေးချေရတာကို ဆိုလိုပါတယ်။
ဥပမာ အသက်အာမခံလိုမျိုး၊မီတာ bill လိုမျိုး၊ internet wifi လိုမျိုး product or service တွေဖြစ်ပါတယ်။
17.Cold Call
Cold Call ဆိုတာ တစ်စုံတစ်ယောက်ဆီကို ခွင့်ပြုချက်မရှိပဲ ဖုန်းဆက်ပြီး သင့်ပစ္စည်း သို့ ဝန်ဆောင်မှုကိုရောင်းချဖို့ သို့မိတ်ဆက်ဖို့ ကြိုးစားတာ့ဖြစ်ပါတယ်။
18.Infrastructure (Engineering)
Infrastructure ဟာ ဒီနေရာမှာ၂ပိုင်းကွဲပါမယ် engineering အခေါ်အရဆိုရင် အခြေခံအဆောက်အအုံတွေကိုဆိုလိုတာဖြစ်ပါတယ်။လမ်း၊တံတား၊ဆေးရုံ၊ကျောင်းဘလျှပ်စစ်ဓာတ်အားပေးစက်ရုံစတာတွေကိုဆိုလိုပါတယ်။
19.Infrastructure (Marketing)
Infrastructure ကို Marketing မှာတော့ Marketing System တစ်ခုလည်ပတ်ဖို့လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေလို့သတ်မှတ်ပါတယ်။Marketing Infrastructure ကို Asset တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဥပမာ Lead Capture websites တို့,Ebook တို့, Blog တို့ စတဲ့ အရာတွေကိုခေါ်တာဖြစ်ပါတယ်။
20.Joint Venture
Joint Venture ဆိုတာ လုပ်ငန်း၂ခု ဘုံရည်မှန်းချက် အတွက်ပူးပေါင်းလုပ်ဆောင်ကြတာကိုဆိုလိုပါတယ်။ဥပမာ Google နဲ့ NASAဟာ Google Earth ကိုဖန်တီးတုန်းက အကျိုးတူပူးပေါင်းခဲ့ကြသလိုမျိုး၊အဆောက်အဦးတွေတည်ဆောက်တဲ့အခါ ဆောက်လုပ်
ရေးပိုင်း နဲ့ MME ပိုင်းညှိပြီး project မှီအောက်ပြုလုပ်ပေးရတာမျိုးကိုဆိုလိုပါတယ်။
အခုလို သင်ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ပေးပြီးဆုံးအောင်ဖတ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ယခု sharing ကို 1page marketing plan စာအုပ်မှကိုးကားရေးသားသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာများအားလေးစားလျှက်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 14/5/6, Nyaung Yan Street, Shwe Pauk Kan, Northokklapa
Yangon