Vigor Online Store

Vigor Online Store

Share

24/04/2020

မမေ့နဲ့
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် -
ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်

👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ စားနိုင်သောက်နိုင်တယ် ။

👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။

👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။

👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။

👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။

👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်

🚑🚑🚑

အရေးပေါ် အခြေအနေမှာတော့
ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
မျက်နာတြွေပာလာမယ် ။ မျက်လုံးတြွေပာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။

#အတိုချုပ်ပြောရရင်

လူတစ်ယောက်ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်

👉80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20%က ရောဂါ ပြင်းထန်တတ်ကြပါတယ်

ဒေါက်တာ ဇင်မင်းထွန်း
ကိုးကား - စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


66-A, Mya Khwar Nyo Avenue, Ayar Wun Road, Thaketa Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 12:00