Wai Yan - Forex Advisor

Wai Yan - Forex Advisor

Share

17/03/2024

Financial Freedom ဖြစ်ဖို့ဆိုတာ ငွေရှာတတ်ရုံနဲ့မလုံလောက်ဘူး

လူအများစုက “ငါ ဝင်ငွေကောင်းကောင်းရရင် Financial Freedom ဖြစ်ပြီ။” “င့ါမှာ သိန်း ၅၀၀ လောက်ရှိရင် ငွေကြေးပြဿနာအားလုံး ဖြေရှင်းပြီးသားဖြစ်သွားမယ်” စသဖြင့်ထင်ကြတယ်။

“Financial Freedom ဆိုတာက ရိုးရိုးလေးပဲ။ အလုပ်လုပ်စရာမလိုဘဲ ဒါမှမဟုတ် ငွေကြေးအတွက် တခြားဘယ်သူ့ကိုမှမှီခိုစရာမလိုဘဲ ကိုယ်ဖြစ်ချင်တဲ့ Lifestyle အတိုင်းရှင်သန်နိုင်စွမ်းရှိတာပါပဲ” လို့ Secrets of the Millionaire Mind စာအုပ်ကိုရေးတဲ့ T Harv Eker က ဖွင့်ဆိုတယ်။

တကယ့်တကယ်တော့ Financial Freedom ဆိုတာ ပိုက်ဆံတွေ ဘယ်လောက်ရှိမှဆိုတာမျိုးမဟုတ်ဘဲ အချိန်မရွေး ကိုယ်လိုချင်တဲ့ Lifestyle နဲ့ရှင်သန်ရာမှာ ငွေကြေးအရပူပန်စရာမရှိတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ Lifestyle ဆိုတာက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူး။ အကြွေးကင်းကင်း၊ ရလိုက်သုံးလိုက်ဘ၀ကနေ လွတ်မြောက်ချင်တာ၊ ကိုယ်ဝါသနာပါရာအလုပ်လေးလုပ်ပြီး မိသားစုအတွက် အချိန်ပေးချင်တာ၊ မကြာခဏ ခရီးတွေလျှောက်သွားချင်တာ၊ အိမ်အကောင်းစား၊ ကားအကောင်းစားတွေနဲ့ နေချင်စီးချင်တာ စသဖြင့် အမျိုးမျိုးရှိနိင်တယ်။

ငွေကြေးအရလွတ်မြောက်မှုရှိတယ်ဆိုတာက ငွေအများကြီးပိုင်ဆိုင်တာနဲ့မတူပါဘူး။ ဆိုလိုတာက ကိုယ့်မှာရှိတဲ့ငွေကို အတိုင်းအဆမရှိလျှောက်သုံးတာမျိုးနဲ့မတူပါဘူး။ မလိုအပ်တဲ့ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနောက်လိုက်ချင်တိုင်းလိုက်နေလို့ကတော့ ခင်ဗျားရဲ့ဝင်ငွေဘယ်လောက်များများ ပြောင်သွားမှာပါပဲ။

“ခင်ဗျား ငွေကြေးရဲ့စစ်မှန်တဲ့တန်ဖိုးကို သဘောက်ပေါက်တယ်ဆိုရင် အလိုလိုအသုံးအစွဲလျှော့ဖြစ်ပါတယ်။ ကျွန်တော်သိတဲ့ အချမ်းသာဆုံး၊ အအောင်မြင်ဆုံးပုဂ္ဂိုလ်များစွာဟာ ခြိုးခြံချွေတာကြတယ်။ ဒါဟာ ပေါချောင်ကောင်းနောက်လိုက်တာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ငွေကြေး၊ ကိုယ့်ရဲ့ အရင်းအမြစ်တွေကို မဖြုန်းတီးတာပဲဖြစ်တယ်။ သူတို့က သူတို့လိုအပ်တာကိုပဲ ဝယ်ကြ၊သုံးကြပါတယ်။” လို့ Financial Freedom စာအုပ်မှာ Grant Sabatier က ပြောထားတယ်။

စစ်မှန်တဲ့ငွေကြေးလွတ်မြောက်မှုကိုလိုချင်ရင် ငွေရှာတတ်ရုံနဲ့မရပါဘူး။ ကိုယ်ရဲ့ စီမံခန့်ခွဲမှုအားနည်းရင် အသုံးအစွဲမတတ်ရင် ရှိတဲ့ငွေက အချိန်ပိုင်းအတွင်း ယုတ်လျော့သွားနိုင်ပါတယ်။ ပြန်ဆင်းရဲချင်ဆင်းရဲသွားနိုင်ပါတယ်။ တကယ်လိုအပ်တာပဲသုံးပြီး မလိုအပ်တာတွေ အတိုင်းအဆမရှိမသုံးဖို့၊ အသုံးနဲ့ အဖြုန်း ကွဲဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ငွေကြေးအပေါ်မြင်တဲ့ သဘောထား၊ ကိုယ့်ရဲ့ အသုံးအစွဲနဲ့ပတ်သက်တဲ့သဘောထားကလည်း အရေးကြီးပါတယ်။

ဆရာ Hein Zaw

ီ_ဘာ_ဘာ

06/03/2024

ငွေကြေးပညာမရှိရင် သင့်ငွေတွေဟာ ရလွယ်ပျောက်လွယ်ဖြစ်လိမ့်မယ်

မိတ်ဆွေတစ်ယောက် သိန်း ၅၀၀ လောက် မိဘအမွေရလိုက်တယ်။ ရလာတဲ့ပိုက်ဆံတွေကို ဘာလုပ်ရမှန်းမသိတော့ 🪙 စျေးအတက်မှာ 🪙 တွေချည်း ဝယ်ထားလိုက်တယ်။ တခြားစီးပွားရေးလည်း မလုပ်ရဲတော့ သူတို့ဇနီးမောင်နှံ အရင်အတိုင်းပဲ လမ်းဘေးမှာ စျေးဆက်ရောင်းနေဆဲ။

ဒီလိုပဲ တချို့သိန်းထောင်ဂဏန်း ထီပေါက်တယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိကြတာများတယ်။ ထီပေါက်ပြီး ကျိကျိတက်ချမ်းသာကြွယ်၀လာတဲ့ သူဌေးတွေကို ကျွန်တော်တို့ မကြားဖူးကြဘူးမဟုတ်လား။ တချို့လည်း ရလာတဲ့ငွေတွေကို အိမ်လေး၊ ကားလေးဝယ်မယ်။ ကျန်တာ ဘဏ်ထဲထည့်ထားပြီး ဘဏ်တိုးနဲ့သုံးမယ် ဒီလောက်ပဲ စဉ်းစားဖြစ်ကြတယ်။

ပိုက်ဆံရှာတာ (Making Money) က မလွယ်သလို ရလာတဲ့ပိုက်ဆံတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကလည်း ထင်သလောက်မလွယ်ပါဘူး။ အဲဒီထက် ပိုခက်တာကတော့ ရှိထားတဲ့ပိုက်ဆံကို တိုးပွားအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။ တိုးပွားအောင်လုပ်တဲ့အခါ ကိုယ်ပိုင်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမလား၊ ကိုယ်တိုင်မလုပ်ရတဲ့ Asset တစ်ခုမှာ ရင်းနှီးမြှုပ်နှံမလားဆိုပြီး နှစ်မျိုးလုပ်လို့ရပါတယ်။

မြန်မာအများစုက ပိုက်ဆံရှိရင် ခေါင်းအုံးအောက်သိမ်းထားတဲ့အကျင့်နဲ့ အသားကျကြလာခဲ့ကြတယ်။ တချို့လည်း ဘဏ်ထဲစုမယ်၊ ရွှေဝယ်စုမယ် ဒီလောက်ပဲ စဉ်းစားဖြစ်ကြတယ်။ "Savers are Losers ငွေစုသူ အရှုံးသမား" လို့ ပြောကြတယ်။ ငွေကြေးပညာအခြေခံမှမရှိရင် အလုပ်တွေပင်ပင်ပန်းပန်းလုပ်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ငွေက တိုးပွားသင့်သလောက်တိုးမှာမဟုတ်ပါဘူး။

တချို့ကျတော့ အဲဒီထက်ဆိုးတယ်။ ရလာတဲ့ငွေကြေးကို စနစ်တကျမသုံးဘဲ ဖြုန်းပစ်နေကြတယ်။ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့အချိန်တုန်းက ငွေတွေ သောက်သောက်လဲဝင်ခဲ့တဲ့ အနုပညာရှင်တွေနဲ့ အားကစားသမားတချို့ နာမည်ကျဆင်းသွားချိန်၊ အသက်ကြီးသွားချိန်မှာ ဆင်းရဲမွဲတေသွားကြတာဟာ ပိုင်ဆိုင်တဲ့ငွေကြေးကို မထိန်းသိမ်းမစီမံနိုင်လို့၊ ငွေကြေးပညာအားနည်းလို့ပါပဲ။

Rich Dad Poor Dad စာအုပ်မှာ Robert T. Kiyosaki ပြောတဲ့စကားတစ်ခွန်းရှိတယ်။ “Money without financial intelligence is money soon gone.” ငွေကြေးဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးမရှိရင် သင့်ရဲ့ငွေကြေးတွေဟာ ရလွယ်ပျောက်လွယ်ငွေတွေသာ ဖြစ်လိမ့်မယ်တဲ့။



#ငွေကြေးဆိုင်ရာဉာဏ်ရည်ဉာဏ်သွေး

01/03/2024

Friday,1 March,2024

H4 Time Frame Analysis

https://t.me/WaiYan_Business_Advisor

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon