Gemini Chronicles
13/02/2025
Valentine is almost here!! The perfect time to manifest your Valentine Dream!! 😊
💝🫙Valentine Manifestine Spell Jar လုပ်နည်း 🫙💝
(၁) Love jar လုပ်မဲ့ ဖန်ပုလင်းကို ပထမဆုံး မိမိနှစ်သက်တဲ့ အမွှေးတိုင် (သို့) မွှေးရနံ့နဲ့အရင်သန်စင်ပေးပါ။
(၂) ပင်စိမ်းအရွက်ခြောက် အမှုန့် ထည့်ပါ။
(၃) လာဗင်ဒါပန်းခြောက်ထည့်ပါ။
(၄) Chamomile (ချာမိုမိုင်း)ပန်းခြောက်ထည့်ပါ။
(၅) သစ်ကြံပိုးခေါက်ထည့်ပါ။
(၆)ဖယုံစေ့ထည့်ပါ။
(၇) နှင်းဆီပန်းခြောက်ထည့်ပါ။
(၈) လိမ္မော်သီးအခြောက် အစိတ်လေးတွေထည့်ပါ။
(၉) rose quartz (သူယောင်ကျောက်) အပိုင်းအစလေးတွေထည့်ပါ။
(၁၀) Amethyst (ခရမ်းဆွဲကျောက်)အပိုင်းအစလေးတွေထည့်ပါ။
(၁၁)စာရွက်အသေးလေးမှာ မိမိချစ်သူအပေါ် ဖြစ်စေချင်တာ လေးရေးပြီး ပုလင်းထဲထည့်ပါ။ပြီးရင် ပုလင်းဖုံးကိုပိတ်ပါ။ ဂုန်နီကြိုးလေးတစ်ချောင်းနဲ့ ပုလင်းအဖုံးကနေ အောက်ခြေထိ ပတ်လည် ကြိုးနဲ့ခြည်နှောင်ထားပေး။
(၁၂) ပြီးရင် ပုလင်း အဖုံးအပေါ်ကနေ Wax (ဖယောင်း )ပန်းရောင်လေးလောင်းပြီး ( seal )ချိတ်ပိတ်ပေးပါ။ အဲ့ဒါဆို Valentine Jar လေးလုပ်တာ ပြီးပါပြီ။
ပုလင်းလေးကို မိမိနဲ့နီးရာမှာထားပေးပါ။ 🫙
Couple တွေကလဲ မိမိတို့ ဆန္ဒလေးတွေ ပြည့်လာသလို
Single တွေကျတော့လဲ မိမိနှစ်သက်တဲ့သူ (သို့) မိမိ လိုချင်တဲ့ပုံစံချစ်သူလေးတွေ အနားရောက်လာမှာ အမှန်ပဲပေါ့။
💝🫙💝
Love
♊️🔮♊️
11/02/2025
***ငွေဝင် ငွေမြဲစေသော အဆောင်လုပ်နည်း (Money Magnet 💵🧲)***
နာနတ်ပွင့်တပွင့်ကို မိမိရဲ့ ပိုက်ဆံအိတ်တို့ လက်ကိုင်အိတ်တို့ထဲမှာ ဆောင်ထားရင် ငွေဝင်ငွေမြဲစေပါတယ်။
ဘယ်လိုလုပ်ပြီးဆောင်ရမလဲဆိုတော့
(၁) နာနတ်ပွင့်တပွင့်ကိုယူပါ
(၂) ဘယ်ဖက်လက်နဲ့ နာနတ်ပွင့်ကိုဆုပ်ပြီးနုတ်မှ အောက်ပါအတိုင်းရွတ်ဆိုပါ…
ဒီနာနတ်ပွင့်နှင့်အတူ ငါ့ဆီ ငွေတွေအများကြီးဝင်လာနေပြီ။ကံကောင်းခြင်းတွေ အမြဲရှိနေပြီ။ ငါပြောတဲ့အတိုင်းဖြစ်နေပြီ။
ကျေးဇူးတင်ပါတယ်လို့ (၃)**ကြိမ်သေချာအာရုံပြုပြီးရွတ်ပေးပါ။
(၃) ပြီးရင် အဲ့ဒီနာနတ်ပွင့်လေးကို ခဲစက္ကူလေးနဲ့ပါတ်ပြီး မိမိကိုင်နေကျ ပိုက်ဆံအိတ်ထဲထည့်ထားပြီး အဆောင်အဖြစ်ထားလို့ရပါပြီ။
အားလုံးပဲ ငွေကိုရေအလားဝင်ကြပါစေ တိုးပွါးကြပါစေ။ 💵
#အဆောင်ယတြာအတိုအထွာ
♊️🔮♊️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Damaryone Street
Yangon