Our NATURE Our FUTURE

Our NATURE Our FUTURE

Share

20/07/2022

👨‍🎓𝗥𝗵𝗼𝗱𝗲𝘀 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 at the University of Oxford💰

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ UK နိုင်ငံ Oxford မှာ ပညာဆက်လက်သင်ကြားလိုတဲ့ post-graduate ​ကျောင်းသား​များအနေနဲ့ နောက်အပတ် ဩဂုတ်လ ၁ ရက်နေ့ deadline အမှီလျှောက်နိုင်ဖို့ သတိပေးလိုက်ရပါတယ်။ Oxford ဟာ မြန်မာတွေနဲ့ မစိမ်းတဲ့ တက္ကသိုလ် ဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ -၁၀ ရှိတဲ့ ထိပ်တန်း တက္ကသိုလ်တွေထဲမှာ မြန်မာကျောင်းသား အများဆုံးခေါ်တဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့။

📍 - Oxford, UK
🎓- Post graduate, any field of study
💰 - Fully-funded (including round-trip tickets, and visa fees)
👨‍🎓 -
၁။ October 1st , 2022 မတိုင်ခင်၁၈နှစ်ပြည့်ပြီး၂၄ နှစ်မ​​ကျော်သူ (ပုံမှန်ထက် နောက်ကျပြီး Bachelor Degreeရပြီးသူ)
၂။ October 1st , 2022 မတိုင်ခင်၁၈နှစ်ပြည့်ပြီး၂၇ နှစ်မ​​ကျော်သူ ( October 1st, 2021နောက်ပိုင်း Bachelor ရပြီးသူ)
၃။ Bachelor degree တစ်ခုခုရရှိထားသူ
(First Class Honours degreeရရှိထားသူ (သို့) GPA 3.7/4.0 (or) Higher ရရှိထားသူ ဖြစ်ရပါ့မယ်)

🔠 - English proficiency(IELTS 7.0,TOFEL iBT 100, C1 advanced 185, C2 proficiency 185)

Application Link
https://www.rhodeshouse.ox.ac.uk/scholarships/applications/
Rhodes Global Scholarship Web link
https://www.rhodeshouse.ox.ac.uk/.../applications/global/....

==========================
အခုလို အခွင့်အရေးမျိုးတွေကို မသိသူကျော်သွား၊ သိသူဖော်စားနိုင်အောင်အခါအားလျော်စွာ တင်ဆက်ပေးသွားပါဦးမည်။ ပြိုင်ဘက်တွေထက် အရင်စောသိပြီး အသားစီးယူကျော်ဖြတ်သွားနိုင်အောင် ဒီ page ကို Like လုပ် subscribe လုပ်ထားပါ။





Please share this with others

17/07/2022

👨‍🎓Humanitarian Scholarship at the University of Manchester 👨‍🎓

စစ်ဘေးရှောင်များ အဓိကလျှောက် ထားနိုင်သည့် ပညာသင်ဆု တစ်ခုကို ဗြိတိန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် University of Manchester က ချီးမြှင့်မည်ဖြစ်ကြောင်း ကြားသိရပါတယ်။ လက်နက်ကိုင်တိုက်ပွဲအတွင်းပဋိပက္ခများနှင့် ဖိနှိပ်ခံရမှုများ‌ ကြောင့် ထွက်ပြေးတိမ်း‌ရှောင်လာရသူများ အဆင့်မြင့်ပညာရေးသင်ကြားခွင့်ရရှိစေရန်နှင့် ၎င်းတက္ကသိုလ်တွင် ပညာသင်ကြားရန် ငွေကြေးမတတ်နိုင်သူများအတွက် ရည်ရွယ်ကြောင်းဆိုသည်။
အဆိုပါ Humanitarian Scholarship သည် ဘွဲ့ကြို ၁၀ ယောက်နှင့်ဘွဲ့လွန် ၁၀ ယောက်ကို ပေးအပ် ချီးမြှင့်သွားမည်။

💰 - Amount: Full Tuition and living expenses including visa fees (£35,000 - £50000 per annum)
📍 - Location: The University of Manchester, UK
🎓 - Level : Undergraduate and Postgraduate
👨‍🎓 - Eligibility : International students fleeing conflict and persecution
💼 - Work Experience : Not required

💡 - Expert Opinion [Nyein Zaw Ko - University of Cambridge, UK]
မြန်မာတွေအတွက် ဆိုပြီး လိုင်းပေါ်မှာ ရေးနေကြပေမယ့် တက္ကသိုလ်ရဲ့ အမှန်ရည်ရွယ်ရင်းက ယူကရိန်းနဲ့ အာဖဂန်ကို ဦးစားပေးခေါ်မယ် ဆိုတာကို သူတို့ အာဘော်ကို ဖတ်ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ သဘောတရားအရ မြန်မာလည်းပါပေမယ့် ဦးစားပေးအဆင့်မှာ မရှိနေဘူး။
အလားတူ စစ်ဘေးရှောင်တွေကို ပေးတဲ့ Cambridge တက္ကသိုလ်က Rowan William Studentship ကိုလျှောက်ခဲ့တဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ကိုယ်တိုင်စစ်ဘေးဒဏ်ထိမှ အကျုံးဝင်မှာပါ။ မြန်မာလူမျိုးဖြစ်ရုံနဲ့ မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လျှောက်တဲ့နေရာမှာ စစ်ဘေးကြောင့် စည်းစိမ်ဥစ္စာ၊ ကိုယ်လက်အင်္ဂါ၊ မိသားစုဝင်များ ဆုံးပါးသွားခြင်းမျိုးရှိမရှိ၊ ပညာရေးမှာ ထိခိုက်မှုရှိမရှိ စတဲ့အချက်တွေကို သက်သေအထောက်အထား အပြည့်အစုံနဲ့ တင်ပြရပါတယ်။ အတုလုပ်လိုက်လို့ အကြံပေးသူတွေရှိနေပေမယ့် နားမယောင်ပါနဲ့၊ တစ်နှစ် သိန်းထောင်ချီတန်တဲ့ Scholarship ဖြစ်လို့ လျှောက်တဲ့အချိန်မှာရော၊ ရပြီးကျောင်းတက်တဲ့အချိန်မှာရော၊ ကျောင်းပြီး အလုပ်ဝင်တဲ့အထိ မှန်ကန်မှုရှိမရှိ အမြဲလိုက်စိစစ်နေမှာပါ။ ပညာသင်ဆုကို လိမ်လျှောက်တာပေါ်သွားရင် ရာဇဝတ်ပြစ်မှုမြောက်ပါတယ်။

အကျဉ်းချုံးဆန်းစစ်ရရင် အမှန်တကယ် အရည်အချင်းလည်းရှိ အမှန်တကယ်စစ်ဘေးဒဏ်သင့်ပြီး စည်စိမ်ဥစ္စာ၊ ကိုယ်လက်အင်္ဂါ၊ မိသားစုဝင် ဆုံးရှုံးသွားတဲ့လူမျိုး ဆိုရင်တော့ ရနိုင်ချေရှိပါတယ်။ မဟုတ်ဘဲ လျှောက်ရင်တော့ လုံးဝအလားအလာမရှိပါ။

10/07/2022

ကျွန်ုပ်တို့၏ founder ငြိမ်းဇော်ကို၏ နိုင်ငံခြားပညာသင်ဆု ရယူခြင်း၊ မရယူခြင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော နားလည်မှုလွဲမှားမှုများနှင့် ကောလဟလများကို ဖြေရှင်းလိုပါသည်။

၁။ မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်များကို ကာကွယ်ထိန်းသိမ်းရန် ဦးဆောင်နှိုးဆော်သူ ကျွန်ုပ်တို့ Nature Advocacy ၏ Founder ငြိမ်းဇော်ကိုအား အင်္ဂလန်နိုင်ငံ Cambridge တက္ကသိုလ်မှ Silverstrand Scholarship အားလည်းကောင်း၊ UK အစိုးရမှ Chevening Scholarship အားလည်းကောင်း တစ်ပြိုင်ထဲ ချီးမြှင့်ခံရသည်မှာ အမှန်ဖြစ်သည်။ ထိုပညာသင်ဆု ၂ ခုတွင် Chevening ပညာသင်ဆုက ငွေကြေးတန်ဖိုးအားဖြင့် လည်းကောင်း၊ ငွေကြေးနှင့် တန်ဖိုးဖြတ်၍ မရသည့် အကျိုးကျေးဇူးများတွင်လည်းကောင်း သာလွန်သည်။

၂။ ထိုဆု ၂ ခုတွင် Chevening ဆုသည် မြန်မာနိုင်ငံကဲ့သို့သော ဖွဲ့ဖြိုးဆဲနိုင်ငံများ တိုးတက်ရေးအတွက် ရည်ရွယ်၍ ပေးသည့်ဆုဖြစ်သောကြောင့် ငြိမ်းဇော်ကိုအနေဖြင့် Chevening ဆုကို ပြန်လည်ပေးအပ်လိုက်ပါက မြန်မာနိုင်ငံ (သို့) အခြား ဖွဲ့ဖြိုးဆဲနိုင်ငံတစ်ခုမှ လူရည်ချွန်တစ်ဦးမှ ထိုဆုကိုရယူသွားကာ ၎င်းနည်းတူ UK နိုင်ငံတွင်ပညာသင်ယူနိုင်မည့် အိမ်မက်တစ်ခု ပြည့်မြောက်သွားပြီး၊ နိုင်ငံနှင့် လူမျိုးအကျိုးကို ပိုမိုသယ်ပိုးနိုင်လိမ့်မည်ဟု ယူဆသည့်အတွက် ထိုပိုမို အကျိုးများသည့် ကာလပေါက်ဈေး ကျပ်ငွေ သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိသည့်ဆုအား ဇူလိုင်လ ၇ ရက်နေ့တွင် Chevening သို့ ပြည်အပ်ခဲ့သည်မှာ အမှန်ဖြစ်သည်။

၃။ ထိုဆုအား မည်သူ့ကိုထပ်မံ ချီးမြှင့်မည်ဆိုသည့် ဆုံးဖြတ်နိုင်စွမ်းသည် Chevening Award Committee ထံတွင်သာရှိပြီး ကိုငြိမ်းဇော်ကိုအနေဖြင့် တစုံတရာ ဩဇာသက်ရောက်နိုင်ခြင်းမရှိပါ။ ထိုသို့မရှိကြောင်းအားလည်း ၎င်းကိုယ်ပိုင်အကောင့်မှတင်သော ပို့စ်တွင် အတိအလင်းဖော်ပြထားသည်။

၄။ ကိုငြိမ်းဇော်ကိုမှ Chevening Scholarship တွင် ယခုနှစ် waitlist ဝင်သူများကို ဆက်သွယ်ရန် အကြောင်းကြားခဲ့သည်မှာ အမှန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ရည်မှန်းချက်များကို စီစစ်ကြည့်ပြီး တစ်နှစ်အတွင်းပြောင်းလဲသွားသည့် အခြေအနေတွင် ယနေ့အချိန်ထိ မိမိနေထိုင်ရာပတ်ဝန်းကျင်၏ကောင်းကျိုး၊ ကမ္ဘာလောကကြီးကောင်းကျိုးကို ဆက်လက် ဆောင်ရွက်လိုသေးသူဖြစ်ပါက ယခုနှစ်တွင်ဆုမရခဲ့လျှင် နောက်နှစ်ထပ်လျှောက်ဖို့ အားပေးရန်၊ နောက်နှစ်ထပ်လျှောက်ရာတွင် လျှောက်ပုံလျှောက်နည်း အားနည်းသူဖြစ်ပါက အကြံဉာဏ်ကောင်းများပေးရန်၊ အလုပ်အတွေ့အကြုံအားနည်းသူဖြစ်ပါက လက်ရှိ Nature Advocacy အဖွဲ့မှ အခါအားလျှော်စွာ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ပါဝင်၍ အတွေ့အကြုံယူနိုင်စေရန် စီစဉ်ပေးဖို့ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်လျက်ရှိသော နယ်ပယ်မှသူများကိုသာ အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ဆန့်ကျင်ဘက်လုပ်ငန်းရပ်များ (ဉပမာ-ရေနံနှင့်တွင်းထွက်ပစ္စည်းထုတ်လုပ်ရေး) တွင်ကျင်လည်နေသူများအား အထောက်အပံ့ပေးနိုင်မည်မဟုတ်ပါ။ ထိုအခြေအနေကြောင့် ကတိကျွံသွားမည်စိုးသဖြင့် ဆက်သွယ်စေလိုသည့် ရည်ရွယ်ချက်အား ၎င်း၏ ပို့စ်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါ။

၅။ ထိုရည်ရွယ်ချက်ကို ဖော်ဆောင်ရန်နှင့် အလားအလာရှိသော လူငယ်များကို ထောက်ပံ့ပေးရန် Our NATURE Our FUTURE အမည်ရှိ page တစ်ခုကိုထူထောင်ပြီး ၎င်း၏ နိုင်ငံခြားပညာသင်အတွေ့အကြုံ၊ တက္ကသိုလ်လျှောက်နည်း၊ ပညာသင်ဆုလျှောက်နည်းများကို မျှဝေပေးနေကြောင်း အရိပ်အမွက်အားဖြင့် ၎င်းပို့စ်တွင် ဖော်ပြခဲ့သည်။ နိုင်ငံခြား ပညာသင်ဆုလျှောက်သူများအနေဖြင့် ထိုအချက်ကို နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု ယူဆခဲ့သည်။

၆။ ပညာသင်ဆု၏ သဘောသည် တစ်ဦးမှ အခြားသူတစ်ဦးသို့ တိုက်ရိုက်လွှဲပြောင်းပေး၍ မရပါ။ ဆုရရှိသူမှ ၎င်းဆုကိုချီးမြှင့်သည့် အဖွဲ့အစည်းအား ပြန်လည်ပေးအပ်ပြီး ထိုအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ဖြင့်သာ အခြားသူတစ်ဦးကို ထပ်မံချီးမြှင့်လေ့ရှိသည်။ ထိုသဘောတရားကို ငြိမ်းဇော်ကို အသိုင်းအဝိုင်းနှင့် ၎င်းရည်ရွယ်ရင်းဖြစ်သော နိုင်ငံခြားထွက်ပညာသင်ရန် ပြင်ဆင်နေသူများအနေဖြင့် နားလည်ပြီးဖြစ်သည်ဟု ယူဆခဲ့သည်ဖြစ်သည်အတွက် ၎င်း၏ပို့စ်တွင် အကျယ်တဝင့်ရှင်းပြခဲ့ခြင်းမရှိပါ။ သို့သော် ထိုအကြောင်းအရာနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသူ အပြင်လူချို့မှ နားလည်မှုလွဲမှား၍ “ပညာသင်ဆုကို ဆုရရှိသူမှ နောက်တစ်ဦးသို့ တိုက်ရိုက်လွှဲပြောင်းပေးနိုင်သည်” ဟု ထင်မြင်ယူဆသွားသည်ကိုတွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုဆုကို မြန်မာနိုင်ငံမှ အခြားအရည်အချင်းရှိသူတစ်ဦးရရှိသွားပါက ထိုသူအတွက်ရော၊ နိုင်ငံအတွက်ရော ကောင်းကျိုးသာလျှင် ဖြစ်စေသည် မဟုတ်ပါလား။ ထို့ကြောင့် နားလည်မှုလွဲမှား၍ ပြောဆိုသူများ (သို့) အများပြောသည်ကို နားယောင်၍ သတင်းမှားများကို share မိသူများဖြစ်ပါက အဖြစ်မှန်ကို သိရှိပြီး ပြန်လည်ကူညီဖြေရှင်းပေးရန် မေတ္တာရပ်ခံပါသည်။

၇။ ပိုဆိုးသည်က ထိုသို့ စာရေးသူနှင့် စာဖတ်သူအချို့အကြား သဘောရိုးဖြင့်နားလည်မှုလွဲမှားနေသည့် အားနည်းချက်အား အခွင့်ကောင်းယူ၍ အကျိုးပျက်စီးစေလိုသူ၊ ဆုရရှိသည်ကို မကျေနပ်သူများမှ ငြိမ်းဇော်ကိုသည် ၎င်းရရှိသည့် ပညာသင်ဆုအား “မိမိနှစ်သက်သူကို မလျှော်ဩဇာသုံး၍ လွှဲပြောင်းပေးမည်”ဟု လူမှုကွန်ယက်များတွင် ကောလဟလများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်မှာ အထူးစိတ်ပျက်ဖွယ်၊ စေတနာပျက်ဖွယ်ဖြစ်သည်။

၈။ လက်ရှိအချိန်တွင် အများပြည်သူများ အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လူမှုကွန်ယက်များတွင် ကောလဟလဖြန့်သူများကို စုံးစမ်းဖော်ထုတ်လျက်ရှိသည်။ အကယ်၍ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိပါက မြန်မာနိုင်ငံ ဗြိတိန်ကောင်စစ်ဝန်ရုံးသို့ တိုင်ကြားသွားမည်။ ထို့ကြောင့် ကျွန်ုပ်တို့အဖွဲ့မှ ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် အစဉ်တစိုက် အားပေးထောက်ခံခဲ့သူများ၊ တရားမျှတမှုကိုလိုလားသူများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်တွင် ကျင်လည်နေသည့် ဘဝတူရောင်းရင်းများအနေဖြင့် ထိုသို့ ကောလဟလဖြန့်နေသူများကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိပါက Screen Shot ရိုက်၍ ပေးပို့ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။

၉။ Chevening Scholarship သည် UK အစိုးရမှ မြန်မာနိုင်ငံတိုးတက်ရေး၊ နိုင်ငံသားတို့ ပညာရည်မြင့်မားရေးအတွက် စေတနာဖြင့် ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။ အဖြစ်မှန်ကို သေချာစူးစမ်းခြင်းမရှိဘဲ ထင်ရာမြင်ရာရမ်းသမ်းပြောဆိုနေခြင်းဖြင့် မည်သူအတွက်မှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးသာလျှင် ဖြစ်ဖို့အလားအလာပိုများသည်။ ယခုနှစ်လျှောက်၍ မအောင်မြင်ပါက နောက်လာမည့်နှစ်များတွင် ထပ်လျှောက်ရန် အလားအလာရှိသေးသည်။ ဆုရရှိသူအချို့မှာလည်း ပထမအကြိမ်တန်းရသူများမဟုတ်ဘဲ နှစ်စဉ်ဆက်တိုက်လျှောက်ရင်း အတွေ့အကြုံမှ သင်ယူ၍ နောက်ဆုံး အောင်မြင်သွားခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ပေးနိုင်သူက ပေးနေချိန်တွင် ယူလိုသူများက ရယူနိုင်ရန် အကောင်းဆုံးပြင်ဆင်သည့်နေရာတွင်သာ အာရုံစူးစိုက်ကြိုးစားပြီး အတင်းအဖျင်းကို သတင်းလုပ်နေခြင်းဖြင့် အဆုံးသတ်တွင် ရရှိနိုင်မည့် အကျိုးရလာဒ်များ မပျက်စီးပါစေနှင့်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


No. 86, 49th Street, Pazundaung
Yangon
11171

Opening Hours

09:00 - 18:00