Win Digital Learning Hub

Win Digital Learning Hub

Share

13/07/2026

နည်းပညာကျွမ်းကျင်တဲ့ ကလေးတွေမှာတွေ့ရတက်တဲ့ အလေ့အကျင့် (၅)ခု 📱💻

ခေတ်ကာလက ပြောင်းလဲလာတာနဲ့အမျှ ကလေးတွေအတွက် နည်းပညာနဲ့ ထိတွေ့မှုဆိုတာ ရှောင်လွှဲလို့မရတော့တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ ဒါပေမဲ့ ကလေးကို ဖုန်း/ကွန်ပျူတာ ပေးသုံးတာဟာ "သုံးတတ်ဖို့" အတွက်ပဲလား၊ ဒါမှမဟုတ် "နည်းပညာကို အကျိုးရှိရှိ အသုံးချတတ်ဖို့" အတွက်လားဆိုတာလဲ အရေးကြီးပါတယ်။

မေမေဖေဖေတို့ရဲ့ ကလေးမှာ အောက်ကလို အလေ့အထ ၅ ခု ရှိနေပြီဆိုရင်တော့ နည်းပညာကျွမ်းကျင်တဲ့ ကလေးဖြစ်လာဖို့ လမ်းစကို စတင်နေပြီလို့ ဆိုနိုင်ပါတယ် -

1️⃣ ဂိမ်းကစားရာမှာ အဆင့်မကျော်တာမျိုး၊ ကွန်ပျူတာမှာ Error တက်တာမျိုး ဖြစ်တဲ့အခါ စိတ်ညစ်မနေဘဲ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို စဉ်းစားပြီး ပြန်ပြင်ဖို့ ကြိုးစားခြင်း

2️⃣ ဂိမ်းတွေဘာတွေဆော့တဲ့အခါကျရင်လဲ ဂိမ်းကို ဒီနားလေးမှာ ဒီလိုမျိုးလေးလုပ်ထားရင်ပိုဆော့လို့ကောင်းမှာဆိုတဲ့ Feedback ပေးခြင်း

3️⃣ အင်တာနက်ပေါ်မှာ တွေ့သမျှကို အကုန်အမှန်လို့ မယူဆဘဲ "ဒါက ဘာအတွက်လဲ"၊ "ဒါက ဘယ်လို အလုပ်လုပ်တာလဲ" ဆိုတဲ့ မေးခွန်းတွေ မေးခြင်း

4️⃣ မိမိရဲ့ ကိုယ်ရေးအချက်အလက် (Personal Information) တွေကို ဘယ်သူ့ကိုမှ မပေးရဘူးဆိုတာကို နားလည်ထားပြီး အွန်လိုင်းမှာ လုံခြုံစိတ်ချစွာ နေထိုင်တက်ခြင်း

5️⃣ နည်းပညာကို သုံးတဲ့အခါမှာလည်း အချိန်အတိုင်းအတာတစ်ခုကို သတ်မှတ်ပြီး အသုံးပြုတက်ခြင်း တို့ပဲဖြစ်ပါတယ်။

💡 ဒီအလေ့အထတွေဟာ ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ 'Digital Foundation' တွေပဲ ဖြစ်ပါတယ်။ သင့်ကလေးကို နည်းပညာရဲ့ အသုံးပြုသူ (User) တစ်ယောက်ကနေ ဖန်တီးရှင် (Creator) တစ်ယောက် ဖြစ်လာစေဖို့အတွက် Win Digital Learning Hub က အကောင်းဆုံး လမ်းပြပေးမှာပါ။

Win Digital Learning Hub ရဲ့ ICT, Coding & Robotics သင်တန်းတွေက ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို အခြေခံပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပိုမိုမြှင့်တင်ပေးပါတယ်။

🎯 အတန်းအပ်နှံမှုနှင့် အသေးစိတ် စုံစမ်းရန် -
📩 Win Digital Learning Hub ရဲ့ Chat Box မှာမေမေဖေဖေတို့ သိလိုသမျှကို အခုပဲ မက်ဆေ့ခ်ျပို့ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 977 221 703

✉️ Messenger http://m.me/104842592706983

✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


အမှတ် ၈, စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Yangon
11062